ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီ ထောင်ထဲမှာ သေဆုံးသွားပြီလို့ အာဏာပိုင်တွေ ထုတ်ပြန်

မော်စကို၊ ဖေဖော်ဝါရီ-၁၇-၂၀၂၄ မျိုးဆက်(VOM) ထောင်ချခံထားရတဲ့ ရုရှားအတိုက်အခံခေါင်ဆောင် နာဗယ်နီဟာ ထောင်ထဲမှာ သေဆုံးသွားပြီလို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ အတိုက်အခံခေါင်ဆောင် နာဗယ်နီကို အာတိတ်ဒေသရှိ အကျဉ်းထောင်တခုကို မကြာသေးမီက ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူဟာလမ်းလျှောက်ပြီးနောက် သတိလစ်သွားတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားအစိုးရကို ဆက်တိုက်ဝေဖန်ပြောဆိုခဲ့တဲ့ နာဗယ်နီကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပြီး ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုမှာ စစ်ဆန့်ကျင်ရေးအတွက် ရုရှားပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။ နာဗယ်နီသေဆုံးရတဲ့ အကြောင်းရင်းကို ဆရာဝန်တွေက စုံးစမ်းစစ်ဆေးနေပြီး ဖော်ထုတ်နိုင်မယ်လို့ ယူဆရကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။ အနောက်အုပ်စုနိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက နာဗယ်နီ ပြန်လည်လွတ်မြောက်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး အခုလိုသေဆုံးမှုကြောင့် ရုရှားအစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ Ref:NHK Photo:AP

Read More

This Day in History

Voice of Myanmar ဂမ်ဘီယာနိုင်ငံသည် ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး အာဖရိကရှိ အသေးဆုံးသော အချုပ်အခြာအာဏာပိုင်နိုင်ငံနှင့် ဗြိတိန်ထံမှ နောက်ဆုံးလွတ်လပ်ရေးရရှိခဲ့သည့် အာဖရိက နိုင်ငံ ဖြစ်လာသည်။

Read More

ကျင်စန်းကျော့မှာ ပိတ်မိနေတဲ့ သွင်းကုန်ကားတချို့ ကုန်ချမပေးလို့ ယာဉ်ပိုင်ရှင်တွေ အခက်ကြုံနေ

  ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ ကုန်သွယ်မှု နယ်စပ်ဂိတ်ပေါက်ရှိရာ ကျင်စန်းကျော့မှာ ပိတ်မိ နေတဲ့ သွင်းကုန်ကားတချို့ ကုန် ချမပေးလို့ ယာဉ်ပိုင်ရှင်တွေ အခက်ကြုံနေကြောင်း ယာဉ် ပိုင်ရှင်တွေ ဆီက သိရပါတယ်။ “ပိတ်မိနေတဲ့ ကား ဘယ်လောက်လောက်ရှိလဲတော့ ကျနော် မသိဘူး။ ကုန်သည်တွေ တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်မပေးလို့ ကားတွေ ကုန်မချရပဲနဲ့ အခုချိန်ထိ သယ် နေရတဲ့ ကားတွေ အများကြီးရှိသေးတယ်။” လို့ ယာဉ်ပိုင်ရှင် တယောက်က ပြောပါတယ်။ တရုတ်ဘက်က သွင်းလာတဲ့ ကုန်တွေကို ‌လေးလ နီးပါး တင်ထားနေရပြီး တချို့ ကုန်သည်တွေက ကုန်တွေ ပြန်ချဖို့ တာဝန်ယူမှု တာဝန်ခံမှု မရှိပဲ ကုန်တင်ထားတာကြောင့် ကားကို မှီခို…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၆ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

နိုင်ငံရေးအကျဉ်းသားဟောင်း မနိုဘယ်လ်အေး သေဆုံး

  ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ – ၂၀၂၄ GG (VOM) နိုင်ငံရေးအကျဉ်းသားဟောင်း မနိုဘယ်လ်အေးဟာ ဖမ်းဆီးခံရပြီးနောက် တရားရုံးကရမန်ယူပြီးအပြန်မှာ သေဆုံးသွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။ မနိုဘယ်လ်အေးဟာ အခုဖေဖော်ဝါရီလ ဒုတိယပတ်လောက်ထဲမှာ သေဆုံးခဲ့တာဖြစ်ပေမယ့် သေဆုံးကြောင်းကိုတော့ ခုရက်ပိုင်းမှာမှ မိသားစုကသိရှိရတာဖြစ်ပြီး ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သဂြိုလ်ခဲ့သလဲဆိုတာကိုတော့ မသိရှိရဘူးလို့ သိရပါတယ်။ ” နိုဘယ်လ်ရဲ့မောင်ဖြစ်သူက အတည်ပြုထားမှုအရသိရတာပေါ့့၊သူတို့လည်း ခုရက်ပိုင်းမှသိရတာ၊ သေဆုံးတာကတော့ခုလ ၈ ရက်နေ့လောက်က တရားရုံးကရမန်ယူပြီးအပြန်မှာ ထွက်ပြေးလို့ ပစ်ခတ်ရာကနေ သေဆုံးတယ်လို့ကနဦး သိရတယ်။ဒါကလည်း စစ်တပ်ဘက်က မိသားစုကိုအသိပေးလို့သိရတာမဟုတ်ဘဲ ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက နိုဘယ်လ်ရဲ့မိသားစုဝင်တွေဆီကို အသိပေးလို့သိခဲ့ရတဲ့အခြေအနေပါ ” လို့ မိသားစုနဲ့နီးစပ်သူ နိုင်ငံရေးသမားတယောက်ကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တဲ့ မနိုဘယ်လ်အေးကိုတော့ အရင်လ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ…

Read More

ယူကရိန်းအရှေ့ပိုင်း အက်ဗ်ဒီကာမြို့ကို ရုရှားသိမ်းပိုက်နိုင်ခြေရှိကြောင်း အမေရိကန်က သတိပေး

  ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၄ မျိုးဆက်(VOM)   ကြာသေးမီလတွေအတွင်း တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း အဓိကမြို့ဖြစ်တဲ့ အက်ဗ်ဒီကာမြို့ကို ရုရှားသိမ်းပိုက်မှုအောက် ကျရောက်နိုင်ခြေရှိကြောင်း အမေရိကန်က သတိပေးလိုက်ပါတယ်။ အက်ဗ်ဒီကာမြို့ဟာ ရုရှားထိန်းချုပ်မှုအောက် ရောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ယူကရိန်းရဲ့ လက်နက်ခဲယမ်းပြတ်လပ်မှုတွေကို ကိုးကားပြီး ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ယူကရိန်းပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်မယ်လို့ ဆိုပါတယ်။ ရုရှားတပ်တွေဟာ အက်ဗ်ဒီကာမြို့ကို ဝိုင်းရံထားပြီး စစ်ရေးအသာစီးရရှိထားပါတယ်။ လက်ရှိမှာ ရုရှားတပ်တွေဟာ အက်ဗ်ဒီကာရှိ ယူကရိန်းခံစစ်စည်း ကတုတ်ကျင်းတွေထိရောက်ရှိနေပြီး ယူကရိန်းခံစစ်ကို လွှမ်းခြုံထားတယ်လို့ ဂျွန်ခရီဘီကပြောပါတယ်။ လုံး၀ပျက်စီးလုနီးပါးဖြစ်နေတဲ့ အဲဒီမြို့ကို ၂၀၁၄ ခုနှစ်မှာ ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းဒေသဆိုင်ရာမြို့တော် ဒွန်နက်စ်အနီးရှိ တံခါးပေါက်တခုအဖြစ် ရှုမြင်ရပါတယ်။   Ref:BBC Photo:Getty Images

Read More

ထိုင်းမှာ မြန်မာလုပ်ငန်းရှင်ကို သတ်ပြီးငွေတွေယူသွားတဲ့ ကင်မရွန်းနိုင်ငံသားနှစ်ယောက် စင်ကာပူကို ထွက်ပြေး

  ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းတခုမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားနှစ်ယောက်ကို ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့ဟာ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်) နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ သံသယရှိသူနှစ်ယောက်ဟာ ကင်မရွန်းနိုင်ငံသားတွေဖြစ်ပြီး မြန်မာလုပ်ငန်းရှင်ကို သတ်ကာ ဘတ်ငွေငါးသန်းကို ယူဆောင်ပြီး စင်ကာပူကို ထွက်ပြေးသွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ကင်မရွန်းနိုင်ငံသားနှစ်ယောက်ကတော့ အသက် ၃၂ နှစ်အရွယ် ဝီလျံနဲ့ ၃၆ နှစ်အရွယ် ဂျွန်တို့ဖြစ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ သူတို့ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေအဖြစ် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ဆက်သွန်ခရိုင်မှာရှိတဲ့ တိုက်ခန်းတခန်းမှာ နေထိုင်ခဲ့ကြပြီး မြန်မာလုပ်ငန်းရှင်ရှိရာ အိမ်ကိုလည်း ဝင်ရောက်ပြီးထွက်ခွာသွားတာကို နောက်ဆုံးမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ သေဆုံးသူမြန်မာလုပ်ငန်းရှင်ဟာ ကွန်ဒိုတိုက်ခန်း ၂၃ လွှာက အခန်းထဲမှာ မျက်နှာ၊ နားနဲ့ ဦးခေါင်းတွေမှာ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ သံသယရှိသူတွေဟာ သူ့ရဲ့မွေးစားအမေဖြစ်သူကိုလည်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၆ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၅ ကျပ် ဝယ်ဈေး – ၂၅၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတွေ ကန့်သတ်ချက်တွေကြောင့် အခက်တွေ့နေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၄ SN (VOM) လက်ရှိမှာ ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ကြိုးစားနေသူတွေဟာ နစက ရဲ့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်အသစ်တွေကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။ ပြည်တွင်းက လူငယ်အများစုဟာ လက်ရှိမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းသံရုံးက ဗီဇာထုတ်ပေးခြင်းကို လူဦးရေ ကန့်သတ်လိုက်သလို တဖက်မှာလည်း အလုပ်သမားဝန်ကြီးဌာနက ထိုင်း MoU အပါအဝင် ပြည်ပအလုပ်အကိုင်တချို့ကို ယာယီ ပိတ်ပင်လာတာကို တွေ့ရပါတယ်။ အခု ရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူ များပြားလာတာဖြစ်တာကြောင့် တရက်ကို လူ ၄၀၀ သာ လက်ခံပြီး တိုကင်စနစ်နဲ့ သွားမှာဖြစ်တယ်လို့ ထိုင်းသံရုံးက မနေ့ ဖေဖော်ဝါရီ…

Read More
VOM News

FREE
VIEW