ကိယက်ဗ်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ အေ-၅၀ သူလျှိုလေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပြီး ဒါဟာ တလအတွင်း ဒုတိယမြောက် ရုရှားစစ်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ ရုရှား သူလျှိုလေယာဉ်ဟာ ယူကရိန်းရှေ့တန်းမှ ၁၂၄ မိုင်အကွာ ရုရှားနိုင်ငံ ရော့ဗ်အွန်ဒန်နဲ့ ကက်စ်နိုဒါ မြို့အကြားမှာ ပျက်ကျခဲ့တာလို့ ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကာနက်ဗ်စကွိုင်ခရိုင်မှာ လေယာဉ်အပျက်အစီးတွေ တွေ့ရှိခဲ့ပြီး မီးလောင်နေတဲ့ အပိုင်းအစတွေကို ငြိမ်းသတ်ခဲ့တယ်လို့ အရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။ ရုရှားကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ယူကရိန်းလေတပ်အကြီးအကဲ မိုင်ကိုလာအိုလက်စ်ချော့ခ်ကတော့ ရုရှားလေယာဉ်ကို ပစ်ချနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ယူကရိန်းစစ်တပ်ကို ချီးကျူးပြောဆိုထားပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့ အေ-၅၀ သူလျှိုလေယာဉ်တစင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပစ်ချနိုင်ခဲ့ပါတယ်။ ရုရှားမှာ ဒီလေယာဉ်အမျိုးအစား ခြောက်စင်းသာရှိနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးက ဆိုပါတယ်။ ရုရှားတိုက်လေယာဉ်တွေအတွက်…
Read MoreMonth: February 2024
တရုတ်နိုင်ငံ နန်ကျင်းမှာ အထပ်မြင့်တိုက်မီးလောင်မှု ၁၅ ယောက်သေပြီး ၄၄ ယောက်ဒဏ်ရာရ
ပေကျင်း၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတခု မီးလောင်မှုကြောင့် လူ ၁၅ ယောက်သေဆုံးပြီး ၄၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက်မှာပြောပါတယ်။ မီးလောင်မှုဟာ လျှပ်စစ်ဆိုင်ကယ်တွေထားရှိရာ အဆောက်အအုံရဲ့ ပထမထပ်ကနေ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်ခဲ့တဲ့ အထပ်မြင့်တိုက်ဟာ ရှန်ဟိုင်းမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၂၆၀ အကွာမှာရှိပြီး လူရှစ်သန်းနေထိုင်တဲ့ နန်ကျင်းမြို့ရဲ့ ယူဟွာတိုင်ခရိုင်မှာ တည်ရှိပါတယ်။ မီးငြှိမ်းသတ်ရန် မီးသတ်ကား ၂၅ စီးထိ အသုံးပြုခဲ့ရပြီး ဒဏ်ရာရသူ ၄၄ ယောက်ကို ဆေးရုံပို့ပေးထားပြီး တယောက်မှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများ လျော့ရဲခြင်းနှင့် လိုက်နာမှုနည်းပါးခြင်းတို့ကြောင့် တရုတ်နိုင်ငံမှာ လူအသေအပျောက်ရှိတဲ့ မီးလောင်ကျွမ်းမှုတွေ မကြခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ Ref:AFP…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၄ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၁၀ ကျပ် ဝယ်ဈေး – ၃၅၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၂ ကျပ် ဝယ်ဈေး – ၇၅၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဧပြီလမှာ ရာထူးကနေ ဆင်းပေးမယ်လို့ ဆီနီဂေါသမ္မတ ကြေညာ
ဒက်ကာ၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ဆီနီဂေါသမ္မတ မက်ကီဆေးလ်ဟာ ရာထူးသက်တမ်းကုန်ဆုံးမယ့် ဧပြီ ၂ ရက်နေ့မှာ ရာထူးကနေ ဆင်းပေးမယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ယခုလအတွင်းမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလထိ ရွှေ့ဆိုင်းလိုက်တဲ့အပေါ် နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်သွားမယ်လို့ သမ္မတ မက်ကီဆေးလ်က ပြောပါတယ်။ ဒါပေမယ့် မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ အတိုက်အခံတွေကတော့ ငြင်းဆိုထားပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ပတ်သက်ပြီး သမ္မတမက်ကီဆေးလ်က နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆီနီဂေါဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ အမိန့်ချခဲ့ပါတယ်။ Ref:BBC Photo:AFP
Read MoreThis Day in History
Voice of Myanmar အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့စစ်ပွဲတွင် ကူဝိတ်ကို သိမ်းပိုက်ထားသော အီရတ်တပ်များအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် တလအကြာ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် မြေပြင်ထိုးစစ် စတင်ခဲ့သည်။
Read Moreကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ် ၊ ထိခိုက်သေဆုံးသူ များပြား
ဖေဖော်ဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်း ၊ ဂန့်ဂေါမြို့နယ် ကြားမှာရှိတဲ့ မှန်တောကျေးရွာနားက တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်သူတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တိုက်ပွဲရှောင် တယောက်က ” ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းကစလို့ ဒီကနေ့အထိ ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မှန်တော ၊ ဆည်တော ၊ ရှားဘို ၊ တင်သား ၊ ဒိုနွယ် ၊ ရှားတော ၊ မြောက်စည်း ၊ အရှေ့စည်းက ဒေသခံ နှစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်…
Read Moreဓားတန်းဦးသန့်နှင့် ဦးခင်ဇော် (ဆရာK)
ဆူးငှက် အနုပညာရှင် “ကျွန်တော်ပြောနေတဲ့ ခံစားချက် ဆည်းပူးနေတယ်ဆိုတာပင်၊ စင်စစ် တော့ ဝေဒနာနုပဿနာ စိတ်္တာနုပဿနာ သဘောသတိပဋ္ဌန်သဘောပဲဖြစ်ပါတယ်။ မိမိတို့ ဘယ်လိုအာရုံတွေနှင့်တွေ့တဲ့အခါ ဘယ်လိုစိတ်ပေါ်တယ်၊ ဘယ်လိုစိတ်တွေ ကြောင့်ဒုက္ခ၊ သုခ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာစတဲ့ ဝေဒနာတွေပေါ် တယ်ဆိုတာ ပွားများနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပန်းချီတို့၊ ပန်းပုတို့၊ ဂီတတို့၊ သီချင်းတို့၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့ကို အရသာခံတတ်ရင် ပညာရှင်တစ်ဦးဖြစ်ပါပြီ။ ဒါပေမယ့်သုခုမပညာရှင်က အရသာခံရုံ တင်မဟုတ်ပါဘူး။ မိမိတု့ိစားရတဲ့ အရသာ ကိုပဲ ပန်းချီ၊ ပန်းပု၊ ဂီတ၊ လင်္ကာ၊ ဓာတ်ပုံ၊ သီချင်းစသည့် မိမိတို့အစွမ်းပညာနှင့် သူတစ်ပါးတို့ကို အရသာခံနိုင်အောင် တစ်ဆင့် ဖောက်သည်ချတတ်ရပါသေးတယ်” (အနုပညာရသ- ဓားတန်းဦးသန့်) လွန်ခဲ့တဲ့ ၄၈နှစ်ကာလ….၊…
Read Moreဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးကပ်သယောင် လုပ်တဲ့အပေါ် ဟိန္ဒူလူငယ်တွေ ဝေဖန်
ဖေဖော်ဝါရီ ၂၃ – ၂၀၂၄ SN (VOM) ဟိန္ဒူဘာသာမှာ “သိုက်” ဆိုတဲ့ အယူအဆ မရှိတဲ့အတွက် ဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးသယောင်၊ ကပ်သယောင် ပြုလုပ်သူတွေဟာ လူလိမ်စစ်စစ်တွေသာဖြစ်တယ်လို့ ဟိန္ဒူလူငယ်တွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတယောက်ဟာ သိုက်ချော့တယ်လို့ ဆိုပြီး ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ဆင်ကာ ပူးကပ်နေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီ့နောက် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့ကလည်း အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ “ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ တချို့ ဓာတ်၊ နတ်၊ သိုက်လောက က လူတွေက ဟိန္ဒူဘာသာရဲ့ မွန်မြတ်လှတဲ့ဘုရားရှင်တွေကို မသင့်တော်တဲ့လုပ်ရပ်တွေနဲ့ ရောယှက်နေကြတာကိုတွေ့ရလို့ပါ။ ဒီလို ရောယှက်မှုတွေက အလွန်အင်မတန် သရုပ်ပျက်သလို သာသနာ့ပုံရိပ်ကိုလည်း ညှိုးနွမ်းစေလို့ပါ။ အဓိကကတော့ မအေမီဈာန်ရဲ့…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၃ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၈၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၈၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More