ကျူးဘားအတွက် နှစ်ပေါင်း ၄၀ ကြာ သူလျှိုလုပ်ခဲ့ကြောင်း အမေရိကန်သံတမန်ဟောင်း ဝန်ခံထွက်ဆို

 

ဝါရှင်တန်၊ မတ်-၁-၂၀၂၄

မျိုးဆက်(VOM)

ဘိုလီဗီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမေရိကန် သံတမန်ဟောင်းတယောက်ဟာ ကျူးဘားနိုင်ငံအတွက် သူလျှိုအဖြစ် နှစ်ပေါင်း ၄၀ ကြာ အလုပ်လုပ်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဗစ်တာမန်နျူရယ်ရိုချာဆိုသူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေချိန် ၁၉၈၁ ခုနှစ်ကတည်းက ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားအတွက် သူလျှိုလုပ်တယ်ဆိုပြီး တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မိုင်ယာမီမှာ မနေ့ကပြုလုပ်တဲ့ ရုံးချိန်းမှာတော့ သူဟာ စွဲချက်တွေကို အရင်က ငြင်းဆိုခဲ့ပေမယ့် ဝန်ခံခဲ့တာဖြစ်ပြီး ဧပြီ ၁၂ ရက်မှာ အမိန့်ချမှာဖြစ်ပါတယ်။

ဒီလိုဝန်ခံလိုက်တာကြောင့် အမေရိကန်နဲ့ ကျူးဘားတို့အကြား ထိပ်တန်းအဆင့် သလျှိုဆိုင်ရာ ဖြစ်စဉ်တွေထဲက တခုကို အလျင်အမြန်နိဂုံးချုပ်နိုင်လိုက်တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ သူဟာ ကျူးဘားအတွက် ဆယ်စုနှစ်များစွာ သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ မစ္စတာရိုချာဟာ လျှို့ဝှက်စာရွက်စာတမ်းတွေ ကျူးဘားအတွက် ပေးအပ်ခဲ့သလို အမေရိကန်ကိုလည်း ရန်သူလို့ ခေါ်ဝေါ်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ ၁၉၆၀ ပြည့်နှစ်တွေက ကျူးဘားကို ကုန်သွယ်ရေးပိတ်ဆို့ခဲ့ပြီး အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ ကျူးဘားသမ္မတဟောင်း ကက်စထရိုတို့လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသော်လည်း ဒေါ်နယ်ထရန့်လက်ထက်တွင် ပျက်ယွင်းခဲ့သည်။

Ref:BBC

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW