ယနေ့ ရွှေဈေး (မတ် – ၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြောက်ဦးက အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဝန်ခံထွက်ဆိုမှု အခြေအမြစ်မရှိလို့ နစက တာဝန်ရှိသူ ပြော

  မတ် ၁ – ၂၀၂၄ kT+SN (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ နစကတပ် ခမရ (၃၇၈) က ဗိုလ်ကြီးအာကာမြင့်ရဲ့ ဝန်ခံထွက်ဆိုမှုဟာ အခြေအမြစ်မရှိတဲ့ ထွက်ဆိုမှု ဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီးအာကာမြင့်ရဲ့ ဝန်ခံထွက်ဆိုချက် ရုပ်/သံဖိုင်ကို AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်က လူမှုကွန်ယက်မှတဆင့် အသိပေး လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီ့ ရုပ်သံဖိုင်မှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း စတဲ့ အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့…

Read More

မြန်မာကို ဝင်ရောက်မယ့် ပြည်ပခရီးသွားတွေ ဝင်ထွက်ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုခံယူရမယ်

ရန်ကုန်၊ မတ် ၁ – ၂၀၂၄ GG (VOM) မြန်မာနိုင်ငံကိုလာရောက် မယ့် ပြည်ပ ခရီးသွားဧည့်သည်အားလုံး သက်ဆိုင်ရာ ဂိတ် ဝင်ပေါက်တွေ မှာ ကျန်းမာရေး စစ်ဆေးမှုခံယူမှုကို ဒီကနေ့မတ်လ ၁ ရက်နေ့ကစပြီး ပြန်လည်လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ် အပြင် ရေကြောင်းခရီးစဉ် နဲ့ နယ်စပ် ဝင်ထွက်ဂိတ်က တဆင့် မြန်မာနိုင်ငံကို ဝင်ရောက်မယ့် ခရီးသွားအားလုံး မြန်မာနိုင်ငံကို ဆိုက်ရောက်ချိန်မှာ သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိတွေက ဆောင်ရွက်မယ့် ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ လိုအပ်သောကျန်းမာရေး စစ်ဆေးခြင်းကို ခံယူရမှာဖြစ်တယ်လို့သိရပါတယ်။ ” အရင်ကိုဗစ်တွေ ဖြစ်ပွားတာ လျော့တော့ ခရီးသွားတွေကို ကိုဗစ်ဆိုင်ရာစစ်ဆေးမှုတွေကို ရပ်ထားတာ ကြာပြီ၊ ခုပြန်လုပ်တဲ့သဘောပေါ့ ၊ ကျန်းမာရေးနဲ့ လဝက ပေါင်းလုပ်တာပေါ့၊ ဆရာတို့ဘက်ကတော့ ခရီးသွားကဏ္ဍဆက်စပ်သူတွေကို သတင်းဖြန့်ဝေပေးတာအသိပေးတာလုပ်တာပေါ့…

Read More

မလေးရောက် တရားမဝင် မြန်မာလုပ်သားတွေ မြန်မာနိုင်ငံပြန်လိုရင် သတ်မှတ် ဒဏ်ကြေးနဲ့ ပြန်ခွင့်ပြုမယ်

  ရန်ကုန် ၊မတ် ၁ – ၂၀၂၄ GG(VOM) မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လိုပါက သတ်မှတ်ဒဏ်ကြေးနဲ့ နေရပ်ကို ပြန်ခွင့်ပြုပေးသွားမယ်လို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံးကသိရပါတယ်။ ဒါကြောင့် မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီကနေ့ မတ်လ ၁ ရက​်နေ့မှစပြီး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း ဒဏ်ကြေးအနေနဲ့ မလေးရှားငွေ ရင်းဂစ် ၅၀၀ ပေးဆောင်ပြီး နေရပ်ပြန်ဖို့ခွင့်ပြုပေးမှာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်တယ် ကြေငြာတာကျနော်တို့လည်းတွေ့ပါတယ်။ တရားမဝင်ရောက်ပြီး ဒုက္ခရောက်နေသူ စားဖိူ့တောင်အဆင်မပြေသူတွေကတော့ ပြန်ချင်ကြမှာပေါ့၊ပြောသာပြောရတာပြန်ဖို့ကလည်း အဓိက လေယာဥ်လက်မှတ်ခရှိအုံးမှလေ၊ သူတို့က အစိုးရအစီအစဥ််စရိတ်ငြိမ်းပြန်ပို့ရင်တော့ တမျိုးပေါ့။ တရားမဝင်ကိုမှ အလုပ်ရော နေထိုင်တာရောအဆင်ပြေသူတွေကတော့ ပြန်မှာမဟုတ်ဘူး ၊ခုကာလ ပိုတောင်မပြန်မယ့်သူများအုံးမယ်လို့်ကျွန်တော်ထင်တယ်။ အရင်ကတော့ သူတို့ကမိရင် ထောင်ချပြီးမှ…

Read More

ယူကရိန်းအရေး အနောက်နိုင်ငံတွေ ပိုမိုပါဝင်လာရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်တယ်လို့ ပူတင် သတိပေး

    မော်စကို၊ မတ်-၁-၂၀၂၄ မျိုးဆက်(VOM) အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းအရေးမှာ ပိုမိုနက်ရှိုင်းစွာပါဝင်ခြင်းမပြုဖို့ ရုရှားသမ္မတ ပူတင်က သတိပေးလိုက်ပြီး ဒီလိုမဟုတ်ရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်မယ့် အန္တရယ်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ “ သူတို့နိုင်ငံတွေထိ ပစ်နိုင်တဲ့ လက်နက်တွေ ရုရှားမှာရှိနေပါတယ်။ သူတို့ဟာ ကမ္ဘာက ကြောက်လာအောင် ကြိုးစားနေတာဖြစ်ပြီး ဒါဟာ နျူကလီးယားလက်နက်အသုံးပြုတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်နားလည်သင့်ကြောင်း၊ ဒီလိုဆိုရင် လူ့ယဉ်ကျေးမှု လုံး၀ပျက်သုံးသွားတာပဲ”လို့ ပူတင်က နှစ်ပတ်လည် မိန့်ခွန်းမှာ သတိပေးပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရိုက ထုတ်ဖော်ပြောဆိုပြီးနောက်မှာ ပူတင်က အခုလိုသတိပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အားလုံးစည်းလုံး ညီညွတ်ကြဖို့ အရေးကြီးကြောင်း ပူတင်က ရုရှားပြည်သူတွေကို တိုက်တွန်းထားပါတယ်။ နေတိုးအဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ခွင့်ရလာပြီးနောက် ဒီအပေါ်တုံ့ပြန်တဲ့အနေနဲ့ ရုရှားဟာ စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ လိုအပ်ကြောင်း…

Read More

ပခုက္ကူခရိုင်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေေဖြစ်ပွားပြီး လူသေဆုံးတာနဲ့ မီးလောင်​ပျက်စီးတာတွေ ဖြစ်နေ

  မတ် ၊ ၁ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြစ်ခြေမြို့နယ် ၊ ပေါက်မြို့နယ် နဲ့ ရေစကြိုမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်တာကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေအပြင် ကျေးရွာတချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပေါက်မြို့နယ် ဒေသခံတယောက်က ” မနေ့ ( ဖေဖော်ဝါရီ ၂၉ ရက်) က နေ့လယ် ၂ နာရီဝန်းကျင်မှာ ပေါက်နယ် ၊ တပ်ကုန်းရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ အဲဒီ တိုက်ပွဲမှာ လူသေဆုံးမှုတွေရှိတယ် ၊ ဒဏ်ရာရသူတွေလည်း ရှိတယ်…

Read More

ကျူးဘားအတွက် နှစ်ပေါင်း ၄၀ ကြာ သူလျှိုလုပ်ခဲ့ကြောင်း အမေရိကန်သံတမန်ဟောင်း ဝန်ခံထွက်ဆို

  ဝါရှင်တန်၊ မတ်-၁-၂၀၂၄ မျိုးဆက်(VOM) ဘိုလီဗီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမေရိကန် သံတမန်ဟောင်းတယောက်ဟာ ကျူးဘားနိုင်ငံအတွက် သူလျှိုအဖြစ် နှစ်ပေါင်း ၄၀ ကြာ အလုပ်လုပ်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ အသက် ၇၃ နှစ်အရွယ် ဗစ်တာမန်နျူရယ်ရိုချာဆိုသူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေချိန် ၁၉၈၁ ခုနှစ်ကတည်းက ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားအတွက် သူလျှိုလုပ်တယ်ဆိုပြီး တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မိုင်ယာမီမှာ မနေ့ကပြုလုပ်တဲ့ ရုံးချိန်းမှာတော့ သူဟာ စွဲချက်တွေကို အရင်က ငြင်းဆိုခဲ့ပေမယ့် ဝန်ခံခဲ့တာဖြစ်ပြီး ဧပြီ ၁၂ ရက်မှာ အမိန့်ချမှာဖြစ်ပါတယ်။ ဒီလိုဝန်ခံလိုက်တာကြောင့် အမေရိကန်နဲ့ ကျူးဘားတို့အကြား ထိပ်တန်းအဆင့် သလျှိုဆိုင်ရာ ဖြစ်စဉ်တွေထဲက တခုကို အလျင်အမြန်နိဂုံးချုပ်နိုင်လိုက်တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ သူဟာ ကျူးဘားအတွက် ဆယ်စုနှစ်များစွာ သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ မစ္စတာရိုချာဟာ လျှို့ဝှက်စာရွက်စာတမ်းတွေ…

Read More

ကံထူးမ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် တန့်ဆည်နယ်မှာ ဘာတွေဖြစ်ပျက်နေလဲ

  မတ် ၁ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကံထူးမ နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက တိုက်ခိုက်ခံရပြီးနောက် တန့်ဆည်မြို့နယ် တနယ်လုံးမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ VOM က ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းထားပါတယ်။ တန့်ဆည်မြို့နယ် ဒေသခံတယောက်က ” တန့်ဆည် – ကလေးဝ ကားလမ်းပေါ်က ကံထူးမ နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက တိုက်ခိုက်ခံရတယ် ၊ ကံထူးမစံပြရွာဆိုတာ မဟာမြိုင်တောကြီးနဲ့ ထိစပ်နေပြီး တန့်ဆည်မြို့ အနောက်ဘက် ၉ မိုင်လောက်ဝေးတယ် ၊ တိုက်နယ်ဆေးရုံ ၊ စျေး ၊ အထက်တန်းကျောင်း ၊ ရဲစခန်းရှိတယ် ၊ တန့်ဆည်မြို့နယ်ရဲ့…

Read More

ရန်ကုန်မြစ်အတွင်း သင်္ဘောတစင်း ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွား

  မတ် ၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း ဒီကနေ့ မတ်လ ၁ ရက်၊ မနက် ၂ နာရီ၊ ၂၃ မိနစ် အချိန်ဝန်းကျင်က သင်္ဘောတစင်း ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ “ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်နားမှာ ဖြစ်တာပါ။ သင်္ဘောပေါ်မှာ ဂက်စ်အိုး ပေါက်ကွဲပြီး မီးလောင်မှုဖြစ်တာ” လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ မီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး ထွက်ခွာ မီးငြှိမ်းသတ်ခဲ့တာမှာ မနက် ၃ နာရီ ၇ မိနစ်အချိန်မှာ မီးထိန်းပြီး ၃…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၇၀ ကျပ် ဝယ်ဈေး – ၂၆၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW