ယူကရိန်းအရေး အနောက်နိုင်ငံတွေ ပိုမိုပါဝင်လာရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်တယ်လို့ ပူတင် သတိပေး

 

 

မော်စကို၊ မတ်-၁-၂၀၂၄

မျိုးဆက်(VOM)

အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းအရေးမှာ ပိုမိုနက်ရှိုင်းစွာပါဝင်ခြင်းမပြုဖို့ ရုရှားသမ္မတ ပူတင်က သတိပေးလိုက်ပြီး ဒီလိုမဟုတ်ရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်မယ့် အန္တရယ်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ သူတို့နိုင်ငံတွေထိ ပစ်နိုင်တဲ့ လက်နက်တွေ ရုရှားမှာရှိနေပါတယ်။ သူတို့ဟာ ကမ္ဘာက ကြောက်လာအောင် ကြိုးစားနေတာဖြစ်ပြီး ဒါဟာ နျူကလီးယားလက်နက်အသုံးပြုတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်နားလည်သင့်ကြောင်း၊ ဒီလိုဆိုရင် လူ့ယဉ်ကျေးမှု လုံး၀ပျက်သုံးသွားတာပဲ”လို့ ပူတင်က နှစ်ပတ်လည် မိန့်ခွန်းမှာ သတိပေးပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရိုက ထုတ်ဖော်ပြောဆိုပြီးနောက်မှာ ပူတင်က အခုလိုသတိပေးလိုက်တာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အားလုံးစည်းလုံး ညီညွတ်ကြဖို့ အရေးကြီးကြောင်း ပူတင်က ရုရှားပြည်သူတွေကို တိုက်တွန်းထားပါတယ်။

နေတိုးအဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ခွင့်ရလာပြီးနောက် ဒီအပေါ်တုံ့ပြန်တဲ့အနေနဲ့ ရုရှားဟာ စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ လိုအပ်ကြောင်း သူကဆိုပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။

Ref: NHK

Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW