မတ် ၊ ၁ ၊ ၂၀၂၄
SP (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် ၊ စိုက်ပျိုးရေးလမ်းမှာရှိတဲ့ ခရိုင်ကော်မရှင်ရုံး အိမ်ယာမှာ ဒီကနေ့ မနက် အစောပိုင်း ၁ နာရီဝန်းကျင်က ရဲအယောင်ဆောင်ပြီး လူပြန်ပေးဆွဲနေတဲ့ ဂိုဏ်းတခုကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီး ရမိတယ်လို့ တာချီလိတ် ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တာချီလိတ်ခရိုင် လုံခြုံရေး အဖွဲ့ဝင်တယောက်က ” တာချီလိတ်မြို့ပေါ်မှာ ရဲအယောင်ဆောင်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်က ဖော်ထုတ်ဖမ်းဆီးမိတယ် ၊ ဖမ်းဆီးရမိတဲ့သူတွေကတော့ အေးကိုကိုဦး အသက် (၃၂) နှစ် ၊ စိုင်းမောင်ထွန်း(ခ)အိုက်ပီး၊အသက်(၂၀)နှစ် ၊ စိုင်းလှမောင် အသက် (၂၇)နှစ်၊ စိုင်းခမ်းတွီ အသက် (၁၈)နှစ် ၊ ရဲသီဟလွင် အသက် (၃၈)နှစ် နဲ့ ကျိုင်းဆံဟိုင်း အသက် (၂၀)နှစ် အဲ့ဒီ လူငယ် ခြောက်ဦးဖြစ်တယ် ၊ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ ဩစတေးလျ နိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ USA နိုင်ငံထုတ်၊ M4 A1 Carvine M-320461 (၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ ပွိုင့် ၂၂ သေနတ်အရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊5.56 ကျည်(၅၉)တောင့်၊ ၉ မမကျည်(၂၀)တောင့်၊ ပွိုင့်.၃၈ ကျည်(၉)တောင့်၊ ပွိုင့် .၂၂ ကျည်(၄)တောင့်၊ သေနတ်အိတ် (၃)ခု၊ လည်ရှည်ဖိနပ်အနက်ရောင် (၁)ရံ၊ လည်တိုရှူးဖိနပ်(၂)ရံ၊ ဓားရှည်(၁)ချောင်း၊ နံပါတ်ထုတ်(၁)ချောင်း၊ ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊ စကားပြောစက် (၁)လုံး၊ ရဲတပ်ဖွဲ့ယူနီဖောင်း အင်္ကျီ(၃)ထည်၊ ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီ (၁)ထည်၊ ပြည်သူ့စစ် ယူနီဖောင်း(၁)စုံ ၊ စစ်စိမ်းရောင်ယူနီဖောင်း(ဘက်တံဆိပ်မပါ) (၁)စုံ၊ ပြောက်ကျားယူနီဖောင်း(၂)စုံ၊ USA တံဆိပ်ပါ ပြောက်ကျား ယူနီဖောင်း(၂)ထည်၊ အနက်ရောင် ဘောင်းဘီရှည်(၁)ထည်၊ အပြာရောင် ပျောက်ကျား အနွေးထည် (၁)ထည် ၊ စစ်စိမ်းရောင် ပျောက်ကျား အင်္ကျီ(၃)စုံ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တံဆိပ်ပါ ဘယ်ရီဟက်(၃)လုံး၊ အပြာရောင် တောဆောင်း(၁)လုံး၊ ဖိုက်ဖာဦးထုပ်အပြာရောင်(၁)လုံး၊ ပိကတ်ဦးထုပ် အပြာရောင်(၁)လုံး၊ ဦးထုပ်အဝိုင်း(၂)လုံး၊ ကျည်ကာပျောက်ကျားအစိမ်းရောင်(၃)ထည်(ARMY)၊ ကျည်ကာ ပျောက်ကျား အနက်ရောင်(၅)ထည်၊ ရွှေတာချီ ဆိုင်ကယ် တက္ကစီအင်္ကျီ(၇၀၇)(၁)ထည် ၊ မျက်နှာဖုံး အဖြူရောင် (၁)ခု၊ ဆံပင်အတု(၁)ခု ၊ အီကွေ့မင်(၁)စုံ၊ လက်ထိပ်(၃)ကွင်း ၊ လည်ရှည် ဖိနပ် အနက်(၁)စုံ၊ လည်တို(ရှူးဖိနပ်)(၂)ရံ၊ ဓားရှည်(၁)ချောင်း၊ နံပါတ် ထုတ်(၁)ချောင်း၊ ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊ စကားပြောစက်(၁)လုံး နဲ့ ယာဉ်အမှတ်၊ SHN-12/1A-1543 Honda Fit စိမ်းနုရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး၊ ယာဉ်အမှတ်၊ SHN-12/5J-2677 Crown အဖြူရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး ၊ စတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်မှာ ဖမ်းဆီးရမိတဲ့သူတွေကို ဟောင်လိတ်နယ်မြေရဲစခန်းမှူး ဒုရဲမှူး အေးထွန်းသိန်း ဆိုသူက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တာချီလိတ်မြို့ပေါ်မှာ ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) တခု ဖမ်းဆီးရမိပြီး နိုင်ငံခြားသား နှစ်ရာကျော် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ ၊ တာချီလိတ် ရဲအသိုင်းအဝိုင်း
