အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်တန့်ဖို့ မြောက်ကိုရီးယား သတိပေး

 

ပြုံးယမ်း၊ မတ်-၅-၂၀၂၄

မျိုးဆက်(VOM)

မတ် ၄ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ဖို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တိုက်တွန်းချက်ကို ဖော်ပြထားပြီး စစ်ရေးလေ့ကျင့်မှုမရပ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်လေ့ကျင့်တဲ့ Freedom Shield စစ်ရေးလေ့ကျင့်မှုကို ၁၁ ရက်ကြာ ပြုလုပ်နေပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လေ့ကျင့်မှုအရေအတွက် နှစ်ဆတိုးလုပ်ဖို့ စီစဉ်ထားပါတယ်။

နှစ်နိုင်ငံ မဆင်မခြင်စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ နောက်ထပ်ရန်စတဲ့လုပ်ရပ်တွေကို ရှောင်ရှားဖို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပြီး မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုနဲ့ ကြုံရမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပြီးခဲ့တဲ့နှစ်က Freedom Shield ပြုလုပ်ချိန်မှာတော့ မြောက်ကိုရီးယားဟာ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် တာတိုပစ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ပါတယ်။

Ref:NHK

Photo:Reuters

 

Related posts

✕
VOM News

FREE
VIEW