ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ပေါက်ကွဲမှုဖြစ်ပွား ၊ စစ်ကားတစီး ထိမှန် ပျက်စီး

မတ် ၊ ၈ ၊ ၂၀၂၄ TT (VOM) ရန်ကုန် – မန္တလေး အမြန်လမ်း မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မိုင်တိုင်အမှတ် ၃၂၀ / ၇ အနီးနားမှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်တဲ့နေရာက နွားထိုးကြီးမြို့နယ်ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာ ၊ အမြန်လမ်းပေါ်က ထိမ်ဖလာချောင်းကူး တံတားအဆင်း ၊ ယာဘက်မှာ ကာရံထားတဲ့ ကွန်ကရစ် ဘလောက်တုံးရဲ့ အောက်ခြေမှာ ထောင်ထားတဲ့ ရှေ့ထွက်မိုင်း အမျိုးအစား သုံးလုံး ပေါက်ကွဲတာဖြစ်တယ် ၊ အဲဒီ ပေါက်ကွဲမှုကြောင့် အမြန်လမ်းပေါ် ဖြတ်သန်းသွားနေတဲ့ စစ်ကားတစီး ထိမှန်တယ် ၊ အဲ့ဒီကားရဲ့…

Read More

လှိုင်သာယာမှာ ဘေးတွဲနဲ့ ကုန်ကားတိုက်မိလို့ ကိုရင်တပါးနဲ့ သီလရှင်တပါး ပျံလွန်တော်မူ

ရန်ကုန် ၊ မတ် ၈ – ၂၀၂၄ GG (VOM) ရန်ကုန် ၊ လှိုင်သာယာမြို့နယ်စက်မှုဇုန်(၂)၊မက္ခရာမင်းသားကြီးမောင်ပျိုးလမ်းနဲ့ မြ ​ေတာင်ဝန်ကြီးဦးမှို လမ်းထောင့်မှာယာဉ်တိုက်မှုဖြစ်ပြီး သီလရှင်ဆရာလေးတပါး နဲ့ ကိုရင်လေးတပါးတို့ ပျံလွန်တော်မူခဲ့တဲ့အပြင် သီလရှင်ဆရာလေးတပါးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ဒီနေ့မတ်လ ၈ ရက်နေ့ ၊ နေ့လယ် ၂ နာရီခွဲ​ေ လာက်မှာ အလှူခံထွက်လာတဲ့ ဘုန်းကြီး အပါအဝင် သီလရှင်နဲ့ ကိုရင်လေး တွေ လိုက်ပါစီးနင်လာတဲ့ ဘေးတွဲ သုံးဘီးယာဉ်ကို ကုန်ကားတစီးက ဝင်တိုက်မိတာဖြစ်ပါတယ်။ ” ကားပေါ်မှာ ဘုန်းကြီးတပါးပါတယ်၊ဆရာလေးနှစ်ပါးပါတယ်။ကိုရင်လေးတပါးပါတယ်။ ဘေးတွဲသုံးဘီးပါ။ သူတို့ကဆွမ်းဆန်စိမ်းအလှူခံရင်းထွက်တဲ့ပုံစံလို့သိရတယ်။ဘေးတွဲကလည်း လမ်းအဖြတ်၊ ကုန်ကားကလည်း လမ်းအဖြတ်မှာ ဘေးတွဲကမြင်ပြီး လမ်း ဘေးဆွဲချတော့ ကိုရင်လေးတေွ ပြုတ်ကျချိန်မှာ ကုန်ကားက တက်ကြိတ် သလိုဖြစ်သွားတာပေါ့ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်းရဲ့…

Read More

ယနေ့ ရွှေဈေး (မတ် – ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဟေတီ ဝန်ကြီးချုပ်နှုတ်ထွက်ရေး ရာဇဝတ်ဂိုဏ်းတွေ တောင်းဆိုနေချိန် တလကြာ အရေးပေါ်အခြေအနေ ကြေညာ

ပို့အော့ပရင့် ၊ မတ်-၈-၂၀၂၄ မျိုးဆက်(VOM) ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်ရှိ အဓိဆိပ်ကမ်းမှာ လုယက်မှုတွေနဲ့ အကြမ်းဖက်ဖျက်စီးမှုတွေကြောင့် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဆိပ်ကမ်းကို လက်နက်ကိုင်တွေက ဖောက်ထွင်းဝင်ရောက်ပြီး ကုန်သေတ္တာတွေကို လုယက်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပြီး အန္တရာယ်ရှိတဲ့ ဖျက်လို့ဖျက်ဆီးလုပ်ရပ်တွေကြောင့်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒါဟာ ယခုသီတင်းပတ်အတွင်းက လေဆိပ်၊ အကျဉ်းထောင်နဲ့ ရဲစခန်းတွေကို ရာဇဝတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲဖြစ်ပြီး ဟေတီဝန်ကြီးချုပ် အေရီရယ် ဟင်နရီကို ရာထူးကနေ ဆင်းပေးဖို့ ရာဇဝတ်ဂိုဏ်းတွေက ဖိအားပေးနေတာဖြစ်ပါတယ်။ အခြေအနေတွေကြောင့် သုံးရက်ကြာ အရေးပေါ်အခြေအနေကို အာဏာပိုင်တွေက တလသက်တမ်းတိုးထားပါတယ်။ အရေးကြီးတဲ့ ကိရိယာတွေ၊ ဆေးဝါးနဲ့ အစားအစာတွေ တင်ဆောင်လာတဲ့ ထရပ်ကား အစီး ၂၀ ကျော်ဟာ ဆိပ်ကမ်းမှာ ပိတ်မိနေပါတယ်။ ဒီအခြေအနေမှာ နိုင်ငံရေး အသွင်းကူးပြောင်းရေးတွေကို အရေးတကြီးအရှိန်မြှင့်လုပ်ဆောင်ဖို့…

Read More

ပြည်ပလုပ်သားခေါ်ယူမှု ခုလကုန်ကစပြီး မလေးရှားအစိုးရ ရပ်ဆိုင်းမှာဖြစ်လို့ Calling Visa အချိန်မီလျှောက်ဖို့ လို

ရန်ကုန် ၊မတ် ၈ -၂၀၂၄ GG (VOM) မလေးရှားအစိုးရဟာ မြန်မာအပါအဝင ်ပြည်ပ အလုပ်သမားခေါ်ယူမှုကို ယခုမတ်လကုန်ကစပြီး ရပ်နားထားမှာဖြစ်တာကြောင့် အလုပ်သမား ခေါ်ယူခွင့် ခွင့်ပြုချက် (KSM Approval) ရရှိထားပြီး သက်တမ်းကျန်သေးတဲ့ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနတွေအနေနဲ့ Calling Visa လျှောက်ထားမှုကို မတ်လ ၃၁ ရက်နေ့ မတိုင်မီအပြီးသတ်လျှောက်ထားရမယ်လို့ မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ် ရေးဌာနက အသိပေးလိုက်တာဖြစ်တယျလို့သိရပါတယ်။ အလုပ်သမားခေါ်ယူခွင့် သက်တမ်းကျန်ရှိနေတဲ့ KSM Approval လက်ကျန်အနေနဲ့ Calling Visa လျှောက်ထားခြင်းမရှိပါက ၁-၄-၂၀၂၄ ရက်နေ့မှ စတင်ပြီး အဆိုပါ KSM Approval တွေကို ပယ်ဖျက်သွားမှာဖြစ်ပြီး မလေးရှား အလုပ်ရှင်အ နေနဲ့ အစိုးရထံ ပေးသွင်းထားတဲ့ Levy ကြေးကို သတ်မှတ်ချက်နှင့်အညီပြန်လ ည်ထုတ်ယူခွင့်ပြု မယ်လို့ဆိုထားပါတယ်။ ဒါအပြင်…

Read More

နိုင်ဂျီးရီးယားမှာ ကျောင်းသားကျောင်းသူ ၃၀၀ နီးပါးကို သေနတ်သမားတွေ ပြန်ပေးဆွဲ

အဘူဂျာ ၊ မတ်-၈-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကူရီဂါမြို့မှာ ကျောင်းသားကျောင်းသူ ၃၀၀ နီးပါး ကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ မတ် ၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ကျောင်းသား ကျောင်းသူတွေ စာသင်ကျောင်းရှိ စုဝေးရာနေရာမှာရှိနေချိန် မော်တော်ဆိုင်ကယ်စီးနှင်းလာတဲ့ သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြန်ပေးဆွဲခံရသူတွေဟာ အသက် ရှစ်နှစ်မှ ၁၅ နှစ်ကြားအရွယ် ကျောင်းသားကျောင်းသူတွေ ဖြစ်ပြီး ဆရာတယောက်ကိုလည်းဖမ်းဆီးသွားကြောင်း တာဝန်ရှိသူတွေကအတည်ပြုပြောဆိုပါတယ်။ နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲဓါးပြဂိုဏ်းတွေဟာ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ မကြာသေးမီနှစ်တွေ အတွင်းလူရာနဲ့ချီပြီး ပြန်ပေးဆွဲဖမ်းဆီးမှုများပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်းကလည်း နိုင်ငံအရှေ့မြောက်ပိုင်းတွင် အမျိုးသမီးနဲ့ ကလေးငယ်ဒါဇင်များစွာကို ဘိုကိုဟာရမ် စစ်သွေးကြွတွေက ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ပါတယ်။ Ref:BBC Photo:AFP

Read More

သင်္ဃန်းညီနောင်မှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုရှိပြီး စစ်ရှောင်တွေ နီးစပ်ရာ ခိုလှုံနေကြရ

  ရန်ကုန် ၊မတ်လ ၈ – ၂၀၂၄ GG(VOM) ကရင်ပြည်နယ်၊ မြဝတီ သင်္ဃန်းညီနောင်မြို့မှာ စစ်တပ်နဲ့ KNU ၊PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရရသူတွေလည်းရှိလာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ KNU ဦးဆောင်ပူးပေါင်းတပ်တွေက သင်္ဃန်းညီနောင်မြို့အထွက်မှာရှိတဲ့ နစကရဲ့ ခြေလျင်တပ်ရင်း -ခမရ ၃၅၅ တပ်နဲ့ စစ်ဗျူဟာကုန်းနေရာတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူတာတွေ ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲက ပြင်းထန်လာနေတာဖြစ်တယ်လို့သိရပါတယ်။ သင်္ဃန်းညီနောင်မြို့မှာ ပြင်းထန်လာတဲ့တိုက်ပွဲအခြေအနေကြောင့်လည်း နေအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ထောင်နဲ့ချီတိုးလာပြီး မြဝတီကို စစ်ရှောင်သူရှိသလို နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတဲ့အတွက် အစားအသောက်၊ဆေးဝါး စတဲ့ အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ ” စစ်ရှောင်တွေအများစုက အဝေးကြီးမသွားနိုင်ဘူး။နီးစပ်ရာလောက်ပဲသွားကြတာ၊ အစားအစာတွေလိုအပ်တာပေါ့။ ပြီးတော့အိမ်မှာကျန်ခဲ့တာတွေသူခိုး ခိုးခံရတာတွေလည်းရှိတယ်။တိုက်ပွဲတွင်းဒဏ်ရာရသူတွေကျလည်း မြို့ပေါ်ကဆေးရုံမပို့နိုင်ဘူး။မြို့ထဲမှာက BGF ၊ PDF ၊ စစ်တပ် ၊ရဲ အကုန်ရှိတော့မသွားရဲဘူး၊ဆေးရုံကတော့ဖွင့်ပါတယ်။ အခြေအနေကအခုကအရမ်းပြင်းထန်တဲ့အခြေအနေပေါ့…

Read More

ဟားခါး တိုင်းရင်းသားလူငယ် ဖွံဖြိုးရေးကျောင်းမှာ တာဝန်ကျနေတဲ့ ရဲငါးယောက်ကို CDF လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွား

မတ် ၊ ၈ ၊ ၂၀၂၄ TT (VOM) ချင်းပြည်နယ် ၊ ဟားခါးခရိုင် ၊ ဟားခါးမြို့မှာရှိတဲ့ ဟားခါး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ် ဖွံဖြိုးရေး ကျောင်းမှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် CDF – Hakha အဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဟားခါး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲအုပ် တယောက်အပါအဝင် ရဲတပ်ဖွဲ့ဝင် ငါးယောက်ကို ဘီအေ ၆၃ သေနတ် ငါးလက် ၊ ခြောက်လုံးပြူး သေနတ် တလက်တို့နဲ့အတူ မတ် ၆ ရက် ညပိုင်း ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် CDF…

Read More

ဒီရက်ပိုင်း မြို့တချို့မှာ ပေါက်ကွဲမှုတွေကြောင့် လူဆယ်ယောက်ဝန်းကျင် သေဆုံးပြီး ၊ ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရ

  မတ် ၊ ၈ ၊ ၂၀၂၄ TT (VOM) ဒီကနေ့ မတ်လ ၈ရက် မနက် အစောပိုင်း ၇ နာရီဝန်းကျင်က ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း၊ အမှတ် (ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းရဲ့နောက် ခြံဝန်းတံခါးမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်ကို သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမားတယောက်က ” ATA စားသောက်ဆိုင်ရဲ့ နောက်ဘက်မှာ ရှိတဲ့ ခြံဝင်းမှာဖြစ်တာပါ ၊ ဖြစ်ပွားပုံက အဲ့ဒီ ခြံထဲမှာနေတဲ့ မ အဘူးရာ ၊ အသက်(၁၈)နှစ်ဆိုသူက အမှိုက်ပစ်ဖို့ ခြံပြင်ကို ထွက်လာတဲ့အခါ ခြံတံခါးဝမှာ အနီရောင်အဝတ်နဲ့ ထုပ်ထားတဲ့ အထုပ်တထုပ် ချိတ်ဆွဲထားကို တွေ့ရလို့ အဲ့ဒီအထုပ်ကို…

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က တရက်တည်း ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံးသူ ခြောက်ယောက်ရှိ

မတ် ၊ ၈ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းမှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မနေ့ မတ် ၇ ရက် ၊ ညနေပိုင်း ၄ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကားလမ်းကို မိုင်းလာေထာင်တဲ့အဖွဲ့နဲ့ ကင်းပုန်းအဖွဲ့ ပစ်ခတ်ကြတာ ၊ သေဆုံးတာတွေရှိတယ် ၊ ဒီမနက်အထိတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာ မတွေ့ရသေးဘူး “လို့ ငါးယှန်ဒေသခံ တယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ချောင်းဦး ၊ ကလေး…

Read More
VOM News

FREE
VIEW