ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ပေါက်ကွဲမှုဖြစ်ပွား ၊ စစ်ကားတစီး ထိမှန် ပျက်စီး

မတ် ၊ ၈ ၊ ၂၀၂၄
TT (VOM)

ရန်ကုန် – မန္တလေး အမြန်လမ်း မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မိုင်တိုင်အမှတ် ၃၂၀ / ၇ အနီးနားမှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်တဲ့နေရာက နွားထိုးကြီးမြို့နယ်ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာ ၊ အမြန်လမ်းပေါ်က ထိမ်ဖလာချောင်းကူး တံတားအဆင်း ၊ ယာဘက်မှာ ကာရံထားတဲ့ ကွန်ကရစ် ဘလောက်တုံးရဲ့ အောက်ခြေမှာ ထောင်ထားတဲ့ ရှေ့ထွက်မိုင်း အမျိုးအစား သုံးလုံး ပေါက်ကွဲတာဖြစ်တယ် ၊ အဲဒီ ပေါက်ကွဲမှုကြောင့် အမြန်လမ်းပေါ် ဖြတ်သန်းသွားနေတဲ့ စစ်ကားတစီး ထိမှန်တယ် ၊ အဲ့ဒီကားရဲ့ လေကာမှန်ကြီး အက်ကွဲပျက်စီးတယ် ၊ အခြား လူ ၊ လမ်း ၊ တံတား ပျက်စီးတာမရှိဘူး ၊ မိုင်းစထိမှန်တဲ့ကားက မကွေး တပ်မ ၈၈ ရဲ့ကားဖြစ်တယ် ၊ ကားပေါ်မှာက ဗိုလ်ကြီး ကျော်သူရပိုင် ဦးစီပြီး တပ်ဖွဲ့ဝင် ၁၆ ယောက်လိုက်ပါလာခဲ့တယ် ၊ သူတို့က စစ်သည်တော်ကျင့်ဝတ် စာမေးပွဲ ဖြေဆိုပြီး မန္တလေးကနေ မကွေးကိုအပြန်မှာ အခုလိုဖြစ်တာလို့ ကနဦး သိရတယ် ၊ အဲ့ဒီ အပြင် ပေါက်ကွဲမှုဖြစ်တဲ့နေရာကို ရှင်းလင်းတဲ့အခါ ၊ ပေါက်ကွဲသွားတဲ့ မိုင်းသုံးနဲ့ ခြောက်ပေလောက်အကွာမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံး နောက်ထပ်တွေ့ရတယ် ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ ရန်ကုန် မန္တလေး အမြန်လမ််းမှာ မိုင်းအန္တရာယ် ကင်းရှင်းဖို့့အတွက် အရှည် ပေတရာကျော်ရှိတဲ့ တံတားနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ချထားတယ်လို့ သိရပါတယ်။

ဒါအပြင် အမြန်လမ်းမှာ ပေါက်ကွဲမှုဖြစ်စဥ်ဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိိရပါတယ်။

Photo Crd : Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW