ဟေတီ ဝန်ကြီးချုပ်နှုတ်ထွက်ရေး ရာဇဝတ်ဂိုဏ်းတွေ တောင်းဆိုနေချိန် တလကြာ အရေးပေါ်အခြေအနေ ကြေညာ

ပို့အော့ပရင့် ၊ မတ်-၈-၂၀၂၄
မျိုးဆက်(VOM)

ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်ရှိ အဓိဆိပ်ကမ်းမှာ လုယက်မှုတွေနဲ့ အကြမ်းဖက်ဖျက်စီးမှုတွေကြောင့် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဆိပ်ကမ်းကို လက်နက်ကိုင်တွေက ဖောက်ထွင်းဝင်ရောက်ပြီး ကုန်သေတ္တာတွေကို လုယက်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပြီး အန္တရာယ်ရှိတဲ့ ဖျက်လို့ဖျက်ဆီးလုပ်ရပ်တွေကြောင့်လို့ ဆိပ်ကမ်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါဟာ ယခုသီတင်းပတ်အတွင်းက လေဆိပ်၊ အကျဉ်းထောင်နဲ့ ရဲစခန်းတွေကို ရာဇဝတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲဖြစ်ပြီး ဟေတီဝန်ကြီးချုပ် အေရီရယ် ဟင်နရီကို ရာထူးကနေ ဆင်းပေးဖို့ ရာဇဝတ်ဂိုဏ်းတွေက ဖိအားပေးနေတာဖြစ်ပါတယ်။

အခြေအနေတွေကြောင့် သုံးရက်ကြာ အရေးပေါ်အခြေအနေကို အာဏာပိုင်တွေက တလသက်တမ်းတိုးထားပါတယ်။ အရေးကြီးတဲ့ ကိရိယာတွေ၊ ဆေးဝါးနဲ့ အစားအစာတွေ တင်ဆောင်လာတဲ့ ထရပ်ကား အစီး ၂၀ ကျော်ဟာ ဆိပ်ကမ်းမှာ ပိတ်မိနေပါတယ်။

ဒီအခြေအနေမှာ နိုင်ငံရေး အသွင်းကူးပြောင်းရေးတွေကို အရေးတကြီးအရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဝန်ကြီးချုပ် အေရီရယ်နဲ့ ဆွေးနွေးပြောဆိုစဉ် တိုက်တွန်းထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

✕
VOM News

FREE
VIEW