အိုမန်ပင်လယ်ကွေ့မှာ တရုတ်၊ ရုရှားနဲ့ အီရန်ရေတပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်

တီဟီရန် ၊ မတ်-၁၃-၂၀၂၄
မျိုးဆက်(VOM)
တရုတ်၊ ရုရှားနဲ့ အီရန်တို့ရဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင်မှုကို အိုမန်ပင်လယ်ကွေ့မှ စတင်နေပြီဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုကို မတ် ၁၂ ရက်မှ ၁၄ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ ခရူဇာစစ်သင်္ဘောဦးဆောင်တဲ့ ရေယာဉ်အုပ်စု ၊ တရုတ်ရဲ့ ဒုံးကျည်ဖျက်သင်္ဘောအပါအဝင် စစ်ရေယာဉ်အစီး ၂၀ ကျော်ပါဝင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ မှောင်ခိုမှုတိုက်ဖျက်ရေးနဲ့ ကယ်ဆယ်ရေးလေ့ကျင့်ခန်းတွေပါဝင်ပြီး ပါကစ္စတန်နှင့် တောင်အာဖရိကတို့ကလည်း လေ့လာသူအဖြစ်ပါဝင်တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်၊ အီရန်နဲ့ ရုရှားတို့ဟာ အမေရိကန်အပါအဝင်အနောက်အုပ်စုနို်ငငံတွေကိုဆန့်ကျင်ပြီး ညီညွတ်ကြောင်း ပြသလိုနေတယ်လို့ အကဲခတ်တွေကဆိုပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု၊ ကုန်သွယ်မှုအပါအဝင် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သလျှိုကိစ္စ၊ အီရန်ရဲ့ နျူကလီးယားအစီအစဉ်တို့ကြောင့် အနောက်အုပ်စုနိုင်ငံတွေနဲ့ တင်းမာမှုတွေရှိနေပါတယ်။
Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW