ကဘူးလ်၊ မတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)
အာဖဂန်နစ္စတန်နို်ငငံတောင်ပိုင်း ကန်ဒါဟာမြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ကန်ဒါဟာမြို့လယ်ရှိ ဘဏ်တခုမှာ အသေခံဗုံးခွဲခိုက်ခဲ့တာဖြစ်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုဟာ တာလီဘန်တွေကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။ တာလီဘန် ၁၅၀ လောက်ရှိတဲ့ လူအုပ်ထဲကို အသေခံဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် လက်ရှိချိန်ထိ လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အာဖဂန်ကို တာလီဘန်တို့က ၂၀၂၁ ခုနှစ် ပြန်လည်ထိန်းချုပ်ပြီးနောက် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် နှစ်စဉ် ဗုံးပေါက်ကွဲမှုနဲ့ အသေခံတိုက်ခိုက်မှု ဒါဇင်များစွာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
တိုက်ခိုက်မှုအများအပြားဟာ အာဖဂန်ရှိ ဟာဇာရာမျိုးနွယ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တာလီဘန်တို့ရဲ့ အဓိကပြိုင်ဘက် အိုက်အက်စ်လက်အောက်ခံ အိုင်အက်စ်ကေပီအဖွဲ့က အများစုလုပ်ဆောင်ခဲ့တာလို့ တာလီဘန်တို့က ပြောပါတယ်။
Ref:BBC
Photo:AFP