အိန္ဒိယဘ​က်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ လက်နက်ခဲယမ်းတွေ မီဇိုရမ်ပြည်နယ်မှာ ဖမ်းမိ

မတ် ၊ ၂၄ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ မြန်မာနိုင်ငံသားတယောက်ဆီကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ​မြန်မာနိုင်ငံသားတယောက်ဆီကနေ မြန်မာဘက်ကို တင်ပို့ပေးမယ့် လက်ခဲယမ်းတွေကို ပြီးခဲ့တဲ့ သောကြာနေ့က ဇိုခွာသာရ်ရွာမှာ အာသံရိုင်ဖယ်နဲ့မီဇိုရမ်ရဲတပ်ဖွဲ့ကဖမ်းမိတာဖြစ်တယ် ၊ ဖမ်းမိတဲ့လက်နက်များက ကျည်ကဒ်တခုပါ M4 ရိုင်ဖယ်တလက်၊ ကျည်ကဒ်ပါ ဂျာမန်ပစ္စတိုသေနတ် တလက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တလုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနဲ့ ဟဲလ်မက် နှစ်လုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ” အဲဒီ မြန်မာနိုင်ငံသားဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်မပြထားဘူး…

Read More

ယနေ့ ရွှေဈေး (မတ် – ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရခိုင်ပြည်နယ်သယံဇာတ ဝန်ကြီး ဦးသန်းထွန်း ရုတ်တရက်ကွယ်လွန်

ရခိုင် – မတ် – ၂၄ – ၂၀၂၄ GG( VOM) ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း (ခ) ဆရာကျားချေ သည် ဒီကနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးဦးသန်းထွန်းဟာ မနက်အစောပိုင်းမှာ လမ်းလျှောက်ပြီးပြန်လာစဥ် နေအိမ်ထဲမှာ ရုတ်တရက်အမောဖောက်ပြီးလဲကျသွားတာကြောင့် ဆေးရုံကိုပို့​ဆောင်ကာ ကုသမှုခံယူခဲ့ပေမယ့် သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ” အမောဖောက်ပြီးလဲသွားလို့ စစ်တွေဆေးရုံကိုပို့ပြီး ဆေးကုနေချိန် ကွယ်လွန်သွားတာပါ။ ဝန်ကြီးက နဂိုထဲကလည်း နှလုံးရောဂါအခံရှိတယ်လို့ပြောတယ်။ အခုကျ နှလုံးရောဂါဖောက်တဲ့သဘောပေါ့၊ ဝန်ကြီးက အသက် ၆၇ နှစ် ရှိပြီ ၊ပရဟိတတွေလည်း လုပ်ခဲ့သူတဦးပါ ၊ ၆ နာရီခွဲလောက်ဆုံးတာပါ၊ သူ့တပည့်တွေကတော့ ဝမ်းနည်းနေကြတာပေါ့ ​” လို့ စစ်တွေမြို့ခံ ပရဟိတသမားတဦးကပြောပါတယ်။ ဝန်ကြီးဦးသန်းထွန်းဟာ လက်ရှိ…

Read More

သထုံမြို့နယ်မှာ သုံးရက်အတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်း လေးလောင်းတွေ့

မတ် ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ သထုံခရိုင် ၊ သထုံမြို့နယ်မှာ မတ် ၂၁ ကေန မတ် ၂၄ ရက်အထိ သုံးရက်ဆက်တိုက် ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း လေးလောင်း​တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမား တယာက်က ” မနေ့ မတ် ၂၃ ရက် မနက်ပိုင်းက ကြေးသွန်းဘုရားဝင်းအတွင်းမှာ အမည်မသိ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရတယ် ၊ နောက်ပြီး မတ် ၂၂ ရက်က ကော့သန် ၊ အောင်ကန်သာလမ်းဘေး လယ်ကွင်းထဲမှာ အသက် ၄၀ နှစ် ဝန်းကျင်အရွယ် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းတွေ့ရတယ် ၊ နောက်ပြီး မတ် ၂၁ ရက်က…

Read More

ဆက်သွယ်ရေးကုမ္ပဏီ လေးခုရဲ့ လိုင်စင်တွေကို အပြီးရုပ်သိမ်း၊ ရှယ်ယာရှင်တွေကို အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်

မတ် ၂၄ – ၂၀၂၄ SN (VOM) လိုင်စင်ပါ စည်းကမ်းဖောက်ဖျက်မှုနဲ့ မြန်မာပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ လေးခုရဲ့ လိုင်စင်တွေကို အပြီးရုပ်သိမ်းလိုက်ကာ ရှယ်ယာရှင်အဖွဲ့ဝင်တွေကို အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နဲ့ Myanmar Cyber စတဲ့ ကုမ္ပဏီတွေကို အရေးယူလိုက်ပြီဖြစ်ကြောင်း ကြေညာထားတာပါ။ အဲဒီ ကုမ္ပဏီတွေဟာ ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေတွေ၊ ထုတ်ပေးထားတဲ့ လိုင်စင်ပါစည်းကမ်းချက်တွေနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် လုပ်ငန်းလိုင်စင်တွေကို အပြီးအပိုင် ရုပ်သိမ်း ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ အရေးယူလိုက်တာလို့…

Read More

ဖိုက်တင်မင်းသားအဖြစ် အဓိကရိုက်ကူးခဲ့ရတဲ့ နိုင်ငံကျော် ဝါရင့်သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်ကွယ်လွန်

ရန်ကုန် – မတ် – ၂၄ – ၂၀၂၄ GG (VOM ) ဖိုက်တင်မင်းသားအဖြစ် အဓိကရိုက်ကူးခဲ့ရတဲ့ နိုင်ငံကျော် ဝါရင့်သရုပ်ဆောင် မြင်စိုင်းသားအောင်အောင် ဒီကနေ့ မတ်လ ၂၄ ရက် မနက် ၉ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်သွား ပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ မြင်စိုင်းသားအောင်အောင်သည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းက သူရဲ့နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ” နာတာရှည်ရောဂါခံစားနေရတာ ကြာပြီလေ ၊ အခုတော့သူ ခံစားရတာတွေသက်သာသွားပြီပေါ့။ ရုပ်ရှင်လောကအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ဆုံးရှုံးမှုပေါ့။ မိသားစုနဲ့ထပ်တူခံစားရပါတယ်။တခုပြောချင်တာက ကွယ်လွန်မှဝမ်းနည်းမယ့်အစား သက်ရှိထင်ရှားရှိချိန်မှာ အနုပညာရှင်ကိုတကယ်ချစ်မြတ်နိုးတဲ့ဝါရင့်သရုပ်ဆောင်တွေကို ရုပ်ရှင်လောကမှာ နေရာပေးစေချင်ပါတယ် ” လို့မိသားစုနဲ့နီးစပ်သူ ရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်ဖြစ်သူ အနုပညာရှင်တဦးကပြောပါတယ်။ မြင်စိုင်းသားအောင်အောင်ဟာ ရုပ်ရှင်သရုပ်ဆောင် ဟေမာန်အောင်အောင်ရဲ့ ဖခင်လည်းဖြစ်ပြီး…

Read More

စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မတ် ၊ ၂၄ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်စဥ်တွေ အဖြစ်များလာတယ်လို့ ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၁ နာရီဝန်းကျင်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးမတယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားတယ် ၊ ဘယ်က်ိုဖမ်းသွားလည်းဆိုတာ အခုထိ မသိရသေးဘူး ၊ ​ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊…

Read More

လှည်းကူးမြို့နယ် အမြန်လမ်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းနှစ်​လောင်း တွေ့ရှိ

ရန်ကုန် – မတ် – ၂၄-၂၀၂၄ GG (VOM) ရန်ကုန်တိုင်း​​၊ လှည်းကူးမြို့နယ်အပိုင်၊ အမြန်လမ်းမကြီး မိုင်တိုင် 0/4 အနီး လမ်းဘေးမှာ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ သေဆုံးအမျိုးသမီးမှာ ၂၇ နှစ်ခန့်အရွယ်ခန့်ရှိပြီး အမျိုးသားက အသက် ၃၆ နှစ်အရွယ်ရှိကြောင်း၊ ဒဏ်ရာအနေနဲ့က အမျိုးသမီးမှာ နောက်ကျောဘက်မှာ ထိုးသွင်းဒဏ်ရာတချက်တွေ့ရပြီး အမျိုးသားမှာတော့ လက်မောင်းနှစ် ဖက်မှာ ပြတ်ရှဒဏ်ရာ နှစ်ချက်နဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတချက်တွေ့ရှိရတယ်လို့ဆိုပါတယ်။ ” ရဲကလှမ်းခေါ်လို့ သွားပြီး ရုပ်အလောင်းသယ်ရတယ်။ဆွေမျိုးသားချင်းတွေနဲ့လည်း မတွေ့ရပါဘူး။ဆိုတော့ လှည်းကူးကလား ဘယ်မြို့ကလဲဆိုတာမသိရပါဘူး။မျက်စိနဲ့မြင်ရတာတော့ အမျိုးသမီးမှာ ထိုးသွင်းဒဏ်ရာတချက်၊အမျိုးသားမှာ ပြတ်ရှဒဏ်ရာ နှစ်ခုနဲ့ ထိုးသွင်းဒဏ်ရာတချက်တွေ့ရတယ်။” လို့ ကူညီရေးလမ်းကြောင်း ဆောင်ရွက်ပေးခဲ့တဲ့ ကရုဏာရှင်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တ​ယောက်ကပြောပါတယ်။ ရုပ်အလောင်းတွေကိုတော့…

Read More

အိမ်သုံးဆေးဝါးတွေ ရှားပါးပြီး ပိုမိုစျေးတက်လာ

မတ် ၂၄ – ၂၀၂၄ SN (VOM) ပြည်တွင်း ဆေးဝါးဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ်မတိုင်ခင် ကာလကထက် ရှားပါးနေပြီး ဈေးသုံးဆလောက် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဒေါ်လာဈေးတက်ခြင်းနဲ့ တင်သွင်းဖို့အတွက် ခွင့်ပြုချက် စောင့်ရချိန် ကြာမြင့်ခြင်းတွေကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းကြီးခြင်း၊ ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။ “ဒေါ်လာဈေးတွေလည်း တက်တယ်လေ။ အခု ဒေါ်လာဈေးက ၃၇၀၀ ကျော်သွားပြီ။ အဲ့တော့ ဆေးတွေပါ ဈေးလိုက်တက်လာတာ။ တချို့ဆေးတွေဆိုရင် ပစ္စည်းပြတ်တာမျိုးတွေ ဖြစ်လာတယ်။ အသည်း၊ ကျောက်ကပ် စသဖြင့်ပေါ့၊ အဲဒီလို ဆေးဝါးမျိုးတွေ ရှားလာတယ်။ တချို့ကျတော့လည်း ပစ္စည်းကရှိပေမယ့် ထိန်းရောင်းရတာမျိုး ရှိတယ်။ ပြည်ပက ဒေါ်လာနဲ့ ဝယ်ရပြီး ပြည်တွင်းငွေဈေးက ကျသထက်ကျလာတော့ တွက်ခြေမကိုက်ဘူး၊ အဆင်မ‌ပြေတော့ဘူးလေ” လို့ လို့ ‌ဆေးဝါးကုမ္ပဏီတခုက တာဝန်ရှိသူတယောက်က ပြောပါတယ်။…

Read More

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲရလဒ် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လွှာတင်သွင်း

ဂျကာတာ ၊ မတ်-၂၄-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနှစ်ယောက်က ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ ကန့်ကွက်လွှာတင်သွင်းခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ မဲရေတွက်မှုတွေကို တလကျော်ကြာ ပြုလုပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝိုဆူဘီယံတိုက ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရရှိကြောင်း ကြေညာခဲ့ပါတယ်။ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းနှစ်ယောက်ဖြစ်တဲ့ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးစ်ဘတ်စ်ဝမ်ဒန်နဲ့ ဗဟိုဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရန်နိုဝိုတို့က ရွေးကောက်ပွဲမသမာမှုရှိတယ်ဆိုကာ ကန့်ကွက်မှုတွေ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်ရရှိခဲ့သော ကာကွယ်ရေးဝန်ကြီးနဲ့အတူ ဒုတိယသမ္မတနေရာ ယှဉ်ပြိုင်ခဲ့သော မိတ်ဖက်ဟာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်ပြီး သူ့အသက်အရွယ်အရ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် အသက်ငယ်သော်လည်း ဂိုကိုဝီဒိုဒိုရဲ့ ယောက်ဖဖြစ်သူဦးဆောင်တဲ့ တရားရုံးက ခြွင်းချက်အနေနဲ့ ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီကိစ္စအပေါ် အတိုက်အခံတွေက ဝေဖန်မှုတွေရှိနေပါတယ်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေ တင်သွင်းရတာဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီနဲ့ အနာဂါတ်ကို ကာကွယ်ဖို့ဖြစ်တယ်လို့ ကန့်ကွက်လွှာတင်သွင်းတဲ့…

Read More
VOM News

FREE
VIEW