အိန္ဒိယဘ​က်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ လက်နက်ခဲယမ်းတွေ မီဇိုရမ်ပြည်နယ်မှာ ဖမ်းမိ

မတ် ၊ ၂၄ ၊ ၂၀၂၄
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ မြန်မာနိုင်ငံသားတယောက်ဆီကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ​မြန်မာနိုင်ငံသားတယောက်ဆီကနေ မြန်မာဘက်ကို တင်ပို့ပေးမယ့် လက်ခဲယမ်းတွေကို ပြီးခဲ့တဲ့ သောကြာနေ့က ဇိုခွာသာရ်ရွာမှာ အာသံရိုင်ဖယ်နဲ့မီဇိုရမ်ရဲတပ်ဖွဲ့ကဖမ်းမိတာဖြစ်တယ် ၊ ဖမ်းမိတဲ့လက်နက်များက ကျည်ကဒ်တခုပါ M4 ရိုင်ဖယ်တလက်၊ ကျည်ကဒ်ပါ ဂျာမန်ပစ္စတိုသေနတ် တလက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တလုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနဲ့ ဟဲလ်မက် နှစ်လုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

” အဲဒီ မြန်မာနိုင်ငံသားဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်မပြထားဘူး ၊ အာသံရိုင်ဖယ်အဖွဲ့က ဒီမနက်ပိုင်းမှာ ဇိုခွာသာရ် ရဲစခန်းကို အမှုဖွင့်ဖို့ လွဲပြောင်းလိုက်ပြီး သတင်းထုတ်တာ ” လို့ အိန္ဒိယ – မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၈ ရက်အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ ချင်းပြည် နယ်၊ ဖလမ်းမြို့နယ် ခွါမွေးကျေးရွာမှာနေထိုင်တဲ့ ဦးဗျက်ရဲမ် အသက် ၂၉ နှစ် နဲ့ သူ့မိန်းမ ဒေါ် ရမ်ထဇွာလ် အသက် ၂၈ နှစ်တို့က 125 ဆိုင်ကယ်တစ်စီးနဲ့အတူ မြန်မာဘက်ကိုတင်ပို့မယ့် ဖောက်ခွဲရေး မိုင်း Gelatin ၁၁၀ ချောင်းနဲ့ ယမ်းကြိုး ဒီတိုနီတာ ၁၁၀ ချောင်းတို့ကို သယ်ယူ လာစဥ် မီဇိုရမ်ပြည်နယ် ပူးပေါင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တာဖြစ်တယ်လို့သိရပါတယ်။

မီးဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က” ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၁ ရက်က အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ရှာဟာခရိုင်ကနေ နယ်စပ်ဖြတ်ပြီး မြန်မာဘက်ကိုပို့မယ့် စစ်ဘက်ရေးရာ ဆက်သွယ်ရေး စကားပြောစက် (Walkie Talkie) အလုံး ၁၇၀ ကျော်ကို အာသံရိုင်ဖယ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရတယ် ၊ အဲ့ဒီအပြင် မတ် ၅ ရက်တုန်းကလည်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကျေးရွာတွေဖြစ်တဲ့ ပန်ခွာရွာနဲ့ စငါအိုရွာကြားမှာ မြန်မာဘက်ကို တင်ပို့ဖို့လို့ ယူဆရတဲ့ စနိုက်ပါ ကျည်ဆံ အတောင့် သုံးထောင်ကျော်နဲ့ စစ်သုံး စနိုက်ပါ မှန်ပြောင်းတွေကို ၊ မီဇိုရမ်ပြည် ၊ မြန်မာနယ်စပ်မှာရှိတဲ့ စငါအိုကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ ကိုဗန်လာလ်ပဲခ့်အာ အသက် ၃၄ နှစ် ဆိုသူဆီက ဖမ်းဆီရမိတယ် ၊ အရင်ကလည်း မြန်မာဘက်ကို တင်ပို့မယ့် စစ်လက်နက်ပစ္စည်းတွေ မီဇိုရမ်ပြည်နယ်ထဲမှာ ဖမ်းဆီးရမိတာတွေရှိတယ် ” လို့ ပြောပါတယ်။

အိန္ဒိယဘက်ကနေ မြန်မာဘက်ကို တင်ပို့မယ် လက်နက်ခဲယမ်းတွေ ဒီရက်ပိုင်းအတွင်း မကြာခဏ ဖမ်းဆီးရမိသလို မူးယစ်ဆေးဝါး နယ်စပ်ကုန်သွယ်မှုတွေလည်း ဖမ်းမိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW