လှည်းကူးမြို့နယ် အမြန်လမ်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းနှစ်​လောင်း တွေ့ရှိ

ရန်ကုန် – မတ် – ၂၄-၂၀၂၄
GG (VOM)

ရန်ကုန်တိုင်း​​၊ လှည်းကူးမြို့နယ်အပိုင်၊ အမြန်လမ်းမကြီး မိုင်တိုင် 0/4 အနီး လမ်းဘေးမှာ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

သေဆုံးအမျိုးသမီးမှာ ၂၇ နှစ်ခန့်အရွယ်ခန့်ရှိပြီး အမျိုးသားက အသက် ၃၆ နှစ်အရွယ်ရှိကြောင်း၊ ဒဏ်ရာအနေနဲ့က အမျိုးသမီးမှာ နောက်ကျောဘက်မှာ ထိုးသွင်းဒဏ်ရာတချက်တွေ့ရပြီး အမျိုးသားမှာတော့ လက်မောင်းနှစ် ဖက်မှာ ပြတ်ရှဒဏ်ရာ နှစ်ချက်နဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတချက်တွေ့ရှိရတယ်လို့ဆိုပါတယ်။

” ရဲကလှမ်းခေါ်လို့ သွားပြီး ရုပ်အလောင်းသယ်ရတယ်။ဆွေမျိုးသားချင်းတွေနဲ့လည်း မတွေ့ရပါဘူး။ဆိုတော့ လှည်းကူးကလား ဘယ်မြို့ကလဲဆိုတာမသိရပါဘူး။မျက်စိနဲ့မြင်ရတာတော့ အမျိုးသမီးမှာ ထိုးသွင်းဒဏ်ရာတချက်၊အမျိုးသားမှာ ပြတ်ရှဒဏ်ရာ နှစ်ခုနဲ့ ထိုးသွင်းဒဏ်ရာတချက်တွေ့ရတယ်။” လို့ ကူညီရေးလမ်းကြောင်း ဆောင်ရွက်ပေးခဲ့တဲ့ ကရုဏာရှင်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တ​ယောက်ကပြောပါတယ်။

ရုပ်အလောင်းတွေကိုတော့ မတ်လ ၂၃ ရက် မနက်ပိုင်းမှာပဲ သွားရောက်သယ်ဆောင်ကာ လှည်းကူးဆေးရုံကိုပို့ဆောင်ခဲ့ကြောင်း ၊လက်ရှိမှာတော့ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးပြီး မီးသဂြိုလ်လိုက်ပြီလို့သိရပါတယ်။

လှည်းကူးမြို့နယ် အပိုင် အမြန်လမ်းမကြီးမှာ အရင်ကလည်း မကြာခဏဆိုသလို လမ်းဘေးအလောင်းစွန့်ပစ်တဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW