ဂျပန်နဲ့ ထိပ်သီးဆွေးနွေးပွဲမှန်သမျှ စိတ်မဝင်စားကြောင်း မြောက်ကိုရီးယား ပြော

ပြုံးယမ်း၊ မတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားနဲ့ ဆက်သွယ်ဖို့ သို့မဟုတ် စေ့စပ်ညှိနှိုင်းဖို့ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းမှုမှန်သမျှကို ပယ်ချမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဂျပန်နိုင်ငံနဲ့ ထိပ်သီးဆွေးနွေးပွဲမှန်သမျှကို စိတ်မဝင်စားကြောင်း ကင်ယိုဂျုံရဲ့ ပြောဆိုချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စရပ်ဟာ ဖြေရှင်းပြီတဲ့ ကိစ္စဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချဖို့ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကို မြောက်ကိုရီးယားက တိုက်တွန်းထားပါတယ်။

ဒါပေမယ့်လည်း ဂျပန်နိုင်ငံကတော့ ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီါ် ဖြေရှင်းပြီးတယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ပြောဆိုမှုကို လက်မခံကြောင်း ဂျပန်အစိုးအဖွဲ့ တာဝန်ရှိသူ ဟာယာရှီယိုရှီမာဆာက ချက်ချင်း တုံ့ပြန်ပြောဆိုထားပါတယ်။

၁၉၇၀-၁၉၈၀ ခုနှစ်များအတွင်း မြောက်ကိုရီးယား အေးဂျင့်တွေဟာ ဂျပန်နိုင်ငံသား ၁၇ ယောက်ထက်မနည်းကို ပြန်ပေးဆွဲခဲ့ပြီး ၂၀၀၂ ခုနှစ် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီၤးမှာတော့ ငါးယောက်ကို ပြန်ပို့ခဲ့ပေမယ့် ကျန် ၁၂ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

Ref:NHK
Photo:Newsweek

Related posts

Leave a Comment

VOM News

FREE
VIEW