ရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးပေါက်ကွဲလို့ လူ ငါးယောက် ဒဏ်ရာရ

မတ် ၂၇ – ၂၀၂၄ SN (VOM) ဒီနေ့ မတ်လ ၂၇ ရက်၊ ညဦးပိုင်းက ရန်ကုန်မြို့လယ်ခေါင် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ Sule Square အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ အဲဒီ့ဗုံးပေါက်ကွဲမှုဟာ ည ၇ နာရီ၊ မိနစ် ၄၀ အချိန်က ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်တံတားအတက်၊ ဘားလမ်းမှတ်တိုင်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေအရ သန့်ရှင်းရေးဝန်ထမ်း နှစ်ယောက်၊ ကလေး နှစ်ယောက်၊ အမျိုးသမီးတယောက်၊ စုစုပေါင်း ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ မီးပါပွင့်တယ်။ တယောက်ကတော့ ခြေထောက်ပြတ်သွားတယ်။ ငါးယောက်မှာ နှစ်ယောက်က ဒဏ်ရာ တော်တော်ပြင်းပုံရတယ်။ ဆေးရုံကား စုစုပေါင်း…

Read More

ကျိုက်မရော ဓမ္မသရွာမီးလောင်၊ လက်ရှိအချိန်ထိ အိမ်တရာကျော်မီးထဲပါနေ ငြှိမ်းမရသေး

ရန်ကုန် – မတ် – ၂၇ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားေနပြီး လက်ရှိအချိန်ထိ အိမ်​ခြေ တရာကျော်လောက်မီးလောင်ပျက်စီးသွားပြီ လို့သိရပါတယ်။ ညနေ့ ၃ နာရီခွဲလောက်ကတည်းက စတင်လောင်တဲ့မီးက ခုချိန် ည ၉ နာရီေကျာ်အထိ မီးကဆက်လက်ကူးစက်လောင်နေကြောင်း ၊ နယ်မြေလုံခြုံရေးအခြေအနေတွေအရ မီးသတ်ကား များများ လာရောက်ငြိမ်းသတ်နိုင်ခြင်းမရှိတာကြောင့် မီးလောင်ကျွမ်းမှုက ခုချိန်ထိ မငြိမ်းသတ်နိုင်သေးဘူးလို့ ဒေသခံက ဆိုပါတယ်။ ” ခုထိမီးလောင်တုန်းပဲ ရေပုံးနဲ့လောင်းသူလောင်းပဲရှိတော့တယ်။ ပရဟိတအသင်းကားတွေလည်း မနိုင်တော့လို့ လက်လျှော့လိုက်ပြီ၊ထိုင်ကြည့်နေရတဲ့အခြေအနေဖြစ်သွားပြီ၊ ညနေထဲကလောင်တာအခုထိ လောင်တုန်းပဲ၊ ရွာရဲ့အိမ်တဝက်ကျော်လောက်ပါသွားပြီ၊လေကလည်းတအားကိုတိုက်နေတော့ မီးလောင်အားကပိုကောင်းနေတဲ့သဘောရှိတယ်၊ လက်နက်ကြီးကျလို့ လောင်တာ ” လို့ ဓမ္မသရွာမီးလောင်မှုကို ကူညီငြိမ်းသတ်ခဲ့တဲ့ ဒေသခံတဦးကပြောပြပါတယ်။…

Read More

မိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းနဲ့ အရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုး ဖြစ်လာနိုင် ၊ ဖားကန့်မှာ မိုးသီးကျလို့ ပျက်စီးမှုများ

မတ် ၂၇ – ၂၀၂၄ SN (VOM) အရွယ်အစားထုထည် ကြီးမားလွန်းတဲ့ မိုးတိမ်တောင်တွေကြောင့် လေဆင်နှာမောင်းတိုက်ခတ်တာ၊အရွယ်အစားကြီးတဲ့ မိုးသီးကြွေကျတာမျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။ မနေ့ မတ်လ ၂၆ ရက်၊ ည ၉ နာရီခွဲကနေ ည ၁၂ နာရီခွဲအချိန်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး အရှေ့ဘက်ကို ရွေ့လျားနေခဲ့တာကို ဂြိုဟ်တုမိုးလေဝသတိမ်ပုံမှာ တွေ့ရတယ်လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။ “မတ်လဆန်း နေ့အပူချိန်တွေမြင့်လာချိန် အောက်ခံမြေပြင်အပူချိန် မြင့်တက်ချိန်မှာ လေထုမတည်ငြိမ်မှုတွေ ပိုပြီး ဖြစ်ပေါ်တတ်တာ မုတ်သုံလေဝင်ရောက်ခါနီး အထိပါပဲ။ မိုး/ဇလအနေနဲ့ မိုးတိမ်တောင်အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးနှိုးဆော်ချက်တွေ ပုံမှန် ထုတ်ပြန်ပေးနေပါတယ်။ မနေ့ကလည်း မိုးထစ်ချုန်းရွာမယ့် ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်”…

Read More

မုံရွာမှာ ဆယ်ကျော်သက် မိန်းကလေး လေးယောက် တပြိုင်တည်း ပျောက်ဆုံးနေ

မတ် ၊ ၂၇ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၂၄ ရက် (တပေါင်းလပြည့်နေ့) မနက်ပိုင်း ၉ နာရီအချိန်ကစလို့ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေး လေးယောက်ဟာ တပေါင်းလပြည့်နေ့က တပြိုင်တည်း ပျောက်ဆုံးနေတာ အခုထိ ဆက်သွယ်မရသေးဘူးလို့ ကာယကံရှင် မိသားစုတွေဆီက သိရပါတယ်။ ကလေးပျောက် မိသားစုဝင်တယောက်က ” ပျောက်ဆုံးနေတဲ့ ကောင်မလေး လေးယောက်က မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်မှာနေတဲ့ ခေါင်းနီမ ၁၅ နှစ် ၊ မုံရွာမြို့ ၊ ရွှေဇလုတ်ရပ်ကွက်မှာနေတဲ့ မအေးမြတ်မွန် ၁၆ နှစ် ၊ မအိသက်နိုင် ၁၆ နှစ်နဲ့ မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်မှာနေတဲ့ မနှင်းဝေအောင် ၁၆ နှစ်ဆိုသူတွေဖြစ်တယ် ၊ သူတို့လေးယောက်က…

Read More

ယနေ့ ရွှေဈေး (မတ် – ၂၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပါကစ္စတန်မှာ တရုတ်အင်ဂျင်နီယာတွေပါတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှု ခြောက်ယောက်သေဆုံး

အစ္စလာမ္မာဘတ်၊ မတ်-၂၇-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတင်ဆောင်ထားတဲ့ မော်တော်ကားတစီးက ယာဉ်တန်းတခုကို ဝင်တိုက်ပြီးပေါက်ကွဲမှုကြောင့် တရုတ်အင်ဂျင်နီယာ ငါးယောက်နဲ့ ပါကစ္စတန်ယာဉ်မောင်းတယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုအဖြစ် သံသယဖြစ်ဖွယ် တိုက်ခိုက်မှုဟာ ခိုင်ဘာပက်ခ်ထရွန်ခါဝါပြည်နယ် တောင်ထူထပ်တဲ့ လမ်းပေါ်မှာ မတ် ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းဟာ ရေကာတာတည်ဆောက်ရေးနေရာကို ဦးတည်သွားရောက်နေတာဖြစ်ပါတယ်။ အဲဒီယာဉ်တန်းဟာ ရေကာတာစီမံကိန်းမှာ ပါဝင်တဲ့ အင်ဂျင်နီယာတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို တင်ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယာဉ်တစင်း ချောက်ထဲကျသွားပြီးနောက် လူခြောက်ယောက် သေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ တရုတ်ဆောက်လုပ်ရေး ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုလို့ ု ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။ တိုက်ခိုက်ရေးသမားလို့ ယူဆရတဲ့တယောက်လည်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ နိုင်ငံတွင်းမှာ တရုတ်မကျေနပ်မှုတွေ ကြီးထွားလာမှုနဲ့ အတူ တရုတ်နဲ့…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၇-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၂၇- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/ 165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ် – (60 ပိဿာ)- 155000/ 160000/ ဂျုံ…

Read More

ဂျပန်နဲ့ ထိပ်သီးဆွေးနွေးပွဲမှန်သမျှ စိတ်မဝင်စားကြောင်း မြောက်ကိုရီးယား ပြော

ပြုံးယမ်း၊ မတ်-၂၇-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့ ဆက်သွယ်ဖို့ သို့မဟုတ် စေ့စပ်ညှိနှိုင်းဖို့ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းမှုမှန်သမျှကို ပယ်ချမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ဂျပန်နိုင်ငံနဲ့ ထိပ်သီးဆွေးနွေးပွဲမှန်သမျှကို စိတ်မဝင်စားကြောင်း ကင်ယိုဂျုံရဲ့ ပြောဆိုချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စရပ်ဟာ ဖြေရှင်းပြီတဲ့ ကိစ္စဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချဖို့ ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကို မြောက်ကိုရီးယားက တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း ဂျပန်နိုင်ငံကတော့ ပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီါ် ဖြေရှင်းပြီးတယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ပြောဆိုမှုကို လက်မခံကြောင်း ဂျပန်အစိုးအဖွဲ့ တာဝန်ရှိသူ ဟာယာရှီယိုရှီမာဆာက ချက်ချင်း တုံ့ပြန်ပြောဆိုထားပါတယ်။ ၁၉၇၀-၁၉၈၀ ခုနှစ်များအတွင်း မြောက်ကိုရီးယား အေးဂျင့်တွေဟာ ဂျပန်နိုင်ငံသား ၁၇ ယောက်ထက်မနည်းကို ပြန်ပေးဆွဲခဲ့ပြီး ၂၀၀၂ ခုနှစ်…

Read More

၇၉ နှစ်မြောက်တပ်မတော်နေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ စွမ်းဆောင်မှုဆိုင်ရာဘွဲ့ နဲ့ တံဆိပ်ချီးမြှင့်ခံရသူများ

၇၉ နှစ်မြောက်တပ်မတော်နေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ စွမ်းဆောင်မှုဆိုင်ရာဘွဲ့ နဲ့ တံဆိပ်ချီးမြှင့်ခံရသူများ

Read More

ဂွမြို့နယ်မှာ ကလေးခိုး လူသတ် အလောင်းဖျောက် ပစ္စည်းယူသူကို ဖမ်းမိ

မတ် ၊ ၂၇ ၊ ၂၀၂၄ SP ( VOM) ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်က ၊ ကလေးတယောက်ကို ခိုးယူပြီးနောက် လူသတ် အလောင်းဖျောက် ပစ္စည်းယူမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူကို မနေ့ မတ် ၂၆ က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က ဂွမြို့နယ် ၊ ကင်းပုံရွာက ၊ ကလေးပျောက်မှုမှာ ကလေးခိုး ၊ လူသတ် ၊ အလောင်းဖျောက် ၊ ပစ္စည်းယူသူကို မနေ့က သံတွဲနဲ့ ရွှေလှေကြားမှာ ဂွမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ် ၊ ဖမ်းဆီးရမိသူက ဇေယျာဦး ဆိုသူဖြစ်တယ် အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်တယ်…

Read More
VOM News

FREE
VIEW