ပါကစ္စတန်မှာ တရုတ်အင်ဂျင်နီယာတွေပါတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှု ခြောက်ယောက်သေဆုံး

အစ္စလာမ္မာဘတ်၊ မတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတင်ဆောင်ထားတဲ့ မော်တော်ကားတစီးက ယာဉ်တန်းတခုကို ဝင်တိုက်ပြီးပေါက်ကွဲမှုကြောင့် တရုတ်အင်ဂျင်နီယာ ငါးယောက်နဲ့ ပါကစ္စတန်ယာဉ်မောင်းတယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အသေခံဗုံးခွဲတိုက်ခိုက်မှုအဖြစ် သံသယဖြစ်ဖွယ် တိုက်ခိုက်မှုဟာ ခိုင်ဘာပက်ခ်ထရွန်ခါဝါပြည်နယ် တောင်ထူထပ်တဲ့ လမ်းပေါ်မှာ မတ် ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းဟာ ရေကာတာတည်ဆောက်ရေးနေရာကို ဦးတည်သွားရောက်နေတာဖြစ်ပါတယ်။

အဲဒီယာဉ်တန်းဟာ ရေကာတာစီမံကိန်းမှာ ပါဝင်တဲ့ အင်ဂျင်နီယာတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို တင်ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယာဉ်တစင်း ချောက်ထဲကျသွားပြီးနောက် လူခြောက်ယောက် သေဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ တရုတ်ဆောက်လုပ်ရေး ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုလို့ ု ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။

တိုက်ခိုက်ရေးသမားလို့ ယူဆရတဲ့တယောက်လည်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ နိုင်ငံတွင်းမှာ တရုတ်မကျေနပ်မှုတွေ ကြီးထွားလာမှုနဲ့ အတူ တရုတ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေ ပါကစ္စတန်မှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW