ဘော်လ်တီမိုးရှိ ဖရန့်စစ်စကော့ကီးတံတား ကျိုးကျမှု လူခြောက်ယောက် သေဆုံးဖွယ်ရှိ

ဝါရှင်တန်၊ မတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဘော်လ်တီမိုးမြို့ရှိ အထင်ကရတံတားတစင်းဖြစ်တဲ့ ဖရန့်စစ်စကော့ကီးတံတားကို ကုန်တင်သင်္ဘောဝင်တိုက်မှုကြောင့် လူခြောက်ယောက် သေဆုံးဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စင်ကာပူအလံတင် သင်္ဘောတစင်းဟာ မတ် ၂၆ ရက်ဟာ အရှည် ၁ ဒသမ ၆ မိုင်အရှည်ရှိတဲ့ တံတားကို တိုက်မိခဲ့တာကြောင့် တံတားတစင်းလုံး ကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်တွေနဲ့ လူတွေမြစ်ထဲကို ကျခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးသင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေဟာ လူနှစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြေအနေစိုးရိမ်ရကာ ပျောက်ဆုံးနေသူခြောက်ယောက်ကို ရှာဖွေမှုများ ပြုလုပ်နေသည်။

ပျောက်ဆုံးနေသူခြောက်ယောက်သည် တံတားပေါ်မှ ကျတဲ့အရှိန်နဲ့ ရေအောက်အပူချိန်တို့ကြောင့် သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း အမေရိကန် ကမ်းခြေစောင့်တပ် ရေတပ်ဗိုလ်ချုပ်ကြီး ရှာနွန်ဂီးလ်ရက်သ်က ပြောပါတယ်။

တံတားကို ဝင်တိုက်ခိုက်တဲ့ စင်ကာပူအလံတင် ကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကထွက်ခွာလာပြီးနောက် ချို့ယွင်းမှုကြောင့် မတော်တဆဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး မေရီလန်းပြည်နယ် တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW