ဂါဇာဒေသကို အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

သည်ဟိတ်ဂ်၊ မတ်-၂၉-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အငတ်ဘေးကို ရှောင်ရှားနိုင်ဖို့အတွက် အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်နိုင်အောင် လုပ်ဆောင်ရန် အစ္စရေးကို အိုင်စီဂျေတရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။

အစ္စရေးအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ အခြေခံဝန်ဆောင်မှုနဲ့ လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့တာကို အချိန်မဆိုင်း ခွင့်ပြုပေးရမယ်လို့ အိုင်စီဂျေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေးချက်တွေထွက်ပေါ်လာပြီးနောက်မှာ အိုင်စီဂျေက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

ထောက်ပံ့ကူညီမှုတွေကို ပိတ်ပင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစ္စရေးကတော့ ငြင်းဆိုထားပါတယ်။ ဂါဇာဒေသကို ထောက်ပံ့ကူညီမှုတွေ စဉ်ဆက်မပြတ် စီးဆင်းဖို့အတွက် ကုလသမဂ္ဂအပါအဝင် အခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးကဌာနက ဆိုပါတယ်။

ဂါဇာဒေသရှိ လူ ၂ ဒသမ ၂ သန်းဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာရှားပါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး မေလမကုန်ခင်မှာ ဂါဇာမြောက်ပိုင်းဟာ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်က သတိပေးထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

VOM News

FREE
VIEW