ငွေကြေး ဖောင်းပွတာတွေကြောင့် ရွှေဈေးမြင့်တက်လာမှု ထိန်းချုပ်ဖို့ မလွယ်ကူ

မတ် ၂၉ – ၂၀၂၄ SN (VOM) ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်လာရခြင်းဟာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်ဖို့ မလွယ်ကူဘူးလို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ဈေးကွက်သုံးသပ်သူတွေက ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ အရှိန်အဟုန်နဲ့ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိမှာ ကျပ် လေးဆယ့်လေးသိန်းဈေးကို စံချိန်တင် ရောက်ရှိနေပါတယ်။ “အဓိက ကတော့ စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာကြောင့် အခေါက်ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ဆက်တိုက် မြင့်တက်လာတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဈေးကွက်ထိန်းကျောင်းဖို့ ဘယ်လိုပဲ ကြိုးစားသော်ငြား ရွှေဈေးကတော့ သိန်း ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်” လို့ ဈေးကွက် လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းက တကျပ်သား ကျပ် သုံးဆယ့်ခုနစ်သိန်း တသောင်းသာ ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နှစ်လကျော်ကာလအတွင်း…

Read More

အမေရိကန် အီလီနွိုက်ပြည်နယ်မှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံး

ဝါရှင်တန်၊ မတ်-၂၉-၂၀၂၄ မျိူးဆက်(VOM) အမေရိကန်နိုင်ငံအီလီနွိုက်ပြည်နယ်မှာ အမျိုးသားတယောက်ရဲ့ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံးပြီး ငါးယောက်ထက်မနည်းဒဏ်ရာရရှိ သွားကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူ အသက် ၂၂ နှစ်အရွယ် ခရစ်စတန်ဆိုတိုကို လူသတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။ သူဟာ မတ် ၂၈ ရက်မွန်းလွဲပိုင်းမှာ နေအိမ်တအိမ်ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် မိန်ကလေး ၊ ၆၃ နှစ်အရွယ်အမျိုးသမီး ၊ ၄၉ နှစ်အရွယ် အမျိုးသားနဲ့ ၂၂ နှစ်အရွယ် အမျိုးသားတယောက်တို့ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူငါးယောက်အနက် တယောက်ဟာ စိုးရိမ်ရဖွယ်အခြေအနေရှိနေပြီး တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုရှင်းလင်းစွာမသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝင်နီဘာဂိုကောင်တီရှိ ဖလောရန့်လမ်းက နေအိမ်မှာ တိုက်ခိုကမှု ဖြစ်ပွားခဲ့ပေမယ့် မိနစ် ၂၀ အတွင်း အခြားနေရာအများအပြားမှာလည်း သံသယရှိသူက…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၉-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၂၉- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 150000/ 155000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 150000/ 155000 ဂျုံ – (စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -150000/ 155000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 150000/ 155000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 120000/ ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 140000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 125000 ဂျုံ – (AUS)- (၁ ပိဿာ)-3300(YGN) ဂျုံ – (ဖွဲ) – (၁ ပိဿာ) –…

Read More

ဂါဇာဒေသကို အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

သည်ဟိတ်ဂ်၊ မတ်-၂၉-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အငတ်ဘေးကို ရှောင်ရှားနိုင်ဖို့အတွက် အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်နိုင်အောင် လုပ်ဆောင်ရန် အစ္စရေးကို အိုင်စီဂျေတရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။ အစ္စရေးအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ အခြေခံဝန်ဆောင်မှုနဲ့ လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့တာကို အချိန်မဆိုင်း ခွင့်ပြုပေးရမယ်လို့ အိုင်စီဂျေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေးချက်တွေထွက်ပေါ်လာပြီးနောက်မှာ အိုင်စီဂျေက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ထောက်ပံ့ကူညီမှုတွေကို ပိတ်ပင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစ္စရေးကတော့ ငြင်းဆိုထားပါတယ်။ ဂါဇာဒေသကို ထောက်ပံ့ကူညီမှုတွေ စဉ်ဆက်မပြတ် စီးဆင်းဖို့အတွက် ကုလသမဂ္ဂအပါအဝင် အခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးကဌာနက ဆိုပါတယ်။ ဂါဇာဒေသရှိ လူ ၂ ဒသမ ၂ သန်းဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာရှားပါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး မေလမကုန်ခင်မှာ ဂါဇာမြောက်ပိုင်းဟာ…

Read More

ရွှေဘို​မြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

မတ် ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ အုတ်ရှစ်ကန်ကျေးရွာအုပ်စု ၊ မြိုက်ကျေးရွာမှာ မနေ့ မတ် ၂၈ ရက်ည ၈ နာရီဝန်းကျင်က ကျောင်းထိုင် ဆရာတော် ဘုန်ကြီးတပါး အသတ်ရတယ်လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” ညက မြိုက်ရွာတောင်ကျောင်း ဆရာတော် အသတ်ခံရတယ် ၊ ကျောင်းတိုက်နာမည်က ဒက္ခိဏရာမကျောင်းလို့ ကနဦးသိရတယ် ၊ အခင်းဖြစ်အရပ်ကို သွားရောက်ကူညီပေးဖို့ ဒီမနက်သွားကြတယ် ၊ ဘွဲ့တော် ၊ သက်တော် နဲ့ သိက္ခာတော် တွေရဲ့ အချက်အလက် မသိရသေးဘူး ” လို့ ပြောပါတယ်။ ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၉ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၃၂ ကျပ် ဝယ်ဈေး – ၄၁၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၈၂ ကျပ် ဝယ်ဈေး – ၁၀၃.၆၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၇၃ ကျပ် ဝယ်ဈေး – ၈၆၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၄ ကျပ် ဝယ်ဈေး – ၅၁၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၂၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တောင်အာဖရိကမှာ ချောက်ထဲ ဘတ်စ်ကားတစင်းကျလို့ ၄၅ ယောက်သေဆုံးပြီး ကလေးငယ်တယောက်သာ အသက်ရှင်

ကိပ်တောင်း၊ မတ်-၂၉-၂၀၂၄ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ တံတားတစင်းပေါ်ကနေ ၁၆၅ ပေအနက်ရှိတဲ့ ချောက်ထဲကို ဘတ်စ်ကာတစီး ထိုးကျမှုကြောင့် လူ ၄၅ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ ဘတ်စ်ကားပေါ် လိုက်ပါသူတွေထဲက တဦးတည်းသောအသက်ရှင်ကျန်ရစ်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘတ်စ်ကားဟာ တံတားပေါ်ရှိ အရံအတားတခုကို ဝင်တိုက်ပြီးနောက် ချောက်ထဲကျခဲ့တာဖြစ်ပြီး ဒီမတော်တဆမှုဟာ နိုင်ငံအရှေ့မြောက်ပိုင်း လင်ပိုပိုပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ခရီးသည်တွေဟာ ဘော့ဆွာနာမြို့တော် ဂါဘိုရိုနီကနေ မိုရီယာမြို့ကို ဘုရားဖူးထွက်လာကြတာဖြစ်ပါတယ်။ ဘတ်စ်ကားဟာ ဂျိုဟန်နက်စ်ဘတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မိုကိုပါနီနဲ့ မာကန်တောင်ကြားမှာရှိတဲ့ တံတားပေါ်ကနေ ပြုကျခဲ့တာဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့နေ့ နှောင်းပိုင်းထိ ဆက်လက်ပြုလုပ်ခဲ့ရပြီး အပျက်အစီးတွေကြောင့် အလောင်းတွေကို ရှာဖွေသယ်ထုတ်ရေးမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက…

Read More

This Day in History

Voice of Myanmar အီးယူ၊ အမေရိကန်၊ ကနေဒါ၊ အစ္စရေး၊ ဂျပန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ပါလက်စတိုင်းလွှတ်တော်တွင် အမတ်နေရာ ၁၃၂ နေရာအနက် ၇၆ နေရာ အနိုင်ရရှိခဲ့ပြီး ပါလက်စတိုင်းအစိုးရကို ၂၀၀၆ ခုနှစ် မတ် ၂၉ ရက်၌ တရားဝင်လွှဲပြောင်းရယူခဲ့ကာ အစ္စမေးလ်ဟာနီရက်ချ်က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

Read More

မန္တလေးက ရွှေပန်းတိမ် လုပ်ငန်းတခုမှာ ရဲအယောင်ဆောင်ကာ ဓားပြတိုက်ခံရ

မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ ရွှေပန်းတိမ် အလုပ်ရုံတခုကို ဒီကနေ့ မတ် ၂၈ နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဓားပြလာတိုက်တဲ့ကားက မတ်တူးအဖြူရောင် ၊ ကားနံပါတ်ကို ဆေးသုတ်ပြီး ဖျက်ထားတယ် ၊ အဲ့ဒီကားပေါ်က ရဲဝတ်စုံ(နှစ်ပွင့်)နဲ့ တယောက်ပါလာတယ် ၊ နောက်ပြီး အရပ်ဝတ်နဲ့ လူလေးငါးယောက်ပါလာတယ် ၊ မြင်လိုက်ရတဲ့ ပတ်ဝန်းကျင်က ရဲတွေပဲဖြစ်မှာလို့ ထင်ကြတယ် ၊ ဓားပြတိုက်ခံရတဲ့ ရွှေပန်းတိမ်အလုပ်ရုံက ရဲစခန်းကို အကြောင်းကြားမှ…

Read More
VOM News

FREE
VIEW