အမေရိကန် အီလီနွိုက်ပြည်နယ်မှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံး

ဝါရှင်တန်၊ မတ်-၂၉-၂၀၂၄
မျိူးဆက်(VOM)
အမေရိကန်နိုင်ငံအီလီနွိုက်ပြည်နယ်မှာ အမျိုးသားတယောက်ရဲ့ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံးပြီး ငါးယောက်ထက်မနည်းဒဏ်ရာရရှိ သွားကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
သံသယရှိသူ အသက် ၂၂ နှစ်အရွယ် ခရစ်စတန်ဆိုတိုကို လူသတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။ သူဟာ မတ် ၂၈ ရက်မွန်းလွဲပိုင်းမှာ နေအိမ်တအိမ်ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် မိန်ကလေး ၊ ၆၃ နှစ်အရွယ်အမျိုးသမီး ၊ ၄၉ နှစ်အရွယ် အမျိုးသားနဲ့ ၂၂ နှစ်အရွယ် အမျိုးသားတယောက်တို့ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒဏ်ရာရသူငါးယောက်အနက် တယောက်ဟာ စိုးရိမ်ရဖွယ်အခြေအနေရှိနေပြီး တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုရှင်းလင်းစွာမသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဝင်နီဘာဂိုကောင်တီရှိ ဖလောရန့်လမ်းက နေအိမ်မှာ တိုက်ခိုကမှု ဖြစ်ပွားခဲ့ပေမယ့် မိနစ် ၂၀ အတွင်း အခြားနေရာအများအပြားမှာလည်း သံသယရှိသူက တိုက်ခိုက်ခဲ့ကြာင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW