ဟေတီ အစိုးရထူထောင်ရေး ဆွေးနွေးပွဲတွေမှာ ပါခွင့်ရရင် လက်နက်ချမယ်လို့ ဂိုဏ်းခေါင်းဆောင် ပြော

ပို့အော့ပရင့် ၊ မတ်-၃၀-၂၀၂၄ မျိုးဆက်(VOM) ဟေတီရှိ လက်နက်ကိုင်အဖွဲ့တွေကို အစိုးရသစ်ထူထောင်ရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ပြုပါက လက်နက်ချဖို့ စဉ်းစားမယ်လို့ ဟေတီရဲ့ သြဇာအာဏာအကြီးဆုံး ဂိုဏ်းခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဘာဘီကျူးလို့ လူသိများတဲ့ ဂျင်မီချီရီဇီယာဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းဟာ မြို့တော်ပို့အော့ပရင့်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားပါတယ်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဟေတီကို လွှမ်းမိုးထားတဲ့ အကြမ်းဖက်မှုတွေဟာ လာမယ့် ရက်များအတွင်း ပိုမိုပြင်းထန်လာနိုင်ကြောင်း သူက သတိပေးထားပါတယ်။ ဒါပေမယ့် အခြေအနေအတွက် အဆင်သင့် ပြင်ထားကြောင်း ဂိုဏ်းခေါင်းဆောင် ဘာဘီကျူးကပြောပါတယ်။ လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ ဟေတီမှာ မတ် ၁၂ ရက်ကတည်းက ဝန်ကြီးချုပ်မရှိခဲ့ပါဘူး။ ဝန်ကြီးချုပ် အေရီရယ်ဟာ ကင်ညာကနေ ပြန်လာဖို့ စီစဉ်ထားသော်လည်း လက်နက်ကိုင်ဂိုဏ်းတွေက လေဆိပ်ကို တိုက်ခိုက်ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြန်လာလို့မရဖြစ်ကာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ လက်နက်ကိုင်ဂိုဏ်းတွေဟာ အစိုးရအာဏာလစ်ဟာမှုကို…

Read More

ထိုင်းသင်္ကြန် သွားရောက်လည်ပတ်မယ့်သူတွေ များတာကြောင့် ဧပြီလကုန်ထိ ရန်ကုန်-ဘန်ကောက် ခရီးစဉ်တွေ ပြည့်နေ

မတ် ၃၀ – ၂၀၂၄ SN (VOM) လာမယ့် ဧပြီလ သင်္ကြန်ပိတ်ရက်အတွင်း ပြည်တွင်းထက် ပြည်ပနိုင်ငံတွေဆီ ခရီးသွားမယ့်သူ ပိုမို များပြားလာ‌ပြီး ထိုင်းသင်္ကြန် သွားရောက်လည်ပတ်မယ့်သူတွေ များတာကြောင့် ဧပြီလကုန်ထိ ရန်ကုန်-ဘန်ကောက် စီစဉ်ထားတဲ့ ခရီးစဉ်တွေ ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမမှန်ခြင်း၊ ခရီးသွားဒေသ အချို့ နယ်မြေအေးချမ်းမှု မရှိခြင်း၊ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်နေခြင်းစတဲ့ အကြောင်းအရာတွေကြောင့် ပြည်တွင်းခရီးသွား အများစုဟာ ပြည်ပခရီးစဉ်တွေကိုသာ သွားရောက်ဖို့အတွက် ပြင်ဆင်မှု များလာကြပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ “ထိုင်းကတော့ မနှစ်ကစပြီး သူရဲ့ သင်္ကြန် concert ကိုပြောင်းတယ်။ လုပ်စားတာပေါ့လေ။ ချင်းမိုင်တို့၊ ဘန်ကောက်တို့အပြင် မြို့အလိုက်ကို နိုင်ငံခြားသားတွေကို activity လုပ်နိုင်မယ့် concert တွေ အများကြီးလုပ်လာတယ်။…

Read More

ကျင်သီ ယာယီတံတား ကနေ ကားလေးတွေ စတင် ဖြတ်သန်းခွင့်ပြု

မတ် ၃၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲ နဲ့ သီပေါကြားက ကျင်သီ ယာယီတံတား ကနေ ကားလေးတွေကို ဒီနေ့ မတ်လ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်ကစ စတင် ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျင်သီတံတား သွားလို့ ရတာ ဟုတ်တယ်။ ရပြီ။ လောလောဆယ် အန်စာတုံးထိဘဲ ခွင့်ပြုထားတယ်။ တံတားဖြတ်ခ မပေးရဘူး။ အချိန်ကတော့ မနက် ၆ နာရီ ကနေ ည ၆ နာရီထိ။” လို့ ဒေသခံ အမျိုးသား တ‌ေယာက် က ပြောပါတယ်။ မိုးမကျခင်အထိ ယာယီအသုံးပြုနိုင်ပြီဖြစ်ပြီး မိုးကြီး၊ ရေကြီးရင်တော့ ရေထဲ ပါသွားနိုင်တယ်လို့ သူက ပြောပါတယ်။ “ဒီနေ့မှ စသွားလို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၃၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၇၀ ကျပ် ဝယ်ဈေး – ၃၈၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၂၀ ကျပ် ဝယ်ဈေး – ၂၇၇၀ ကျပ် -ယူရို ရောင်းဈေး – ၄၃၂၄ ကျပ် ဝယ်ဈေး – ၄၁၈၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၈.၁၁ ကျပ် ဝယ်ဈေး – ၁၀၄.၇၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၈၃ ကျပ် ဝယ်ဈေး – ၈၇၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၇ ကျပ် ဝယ်ဈေး – ၅၁၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၃၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လန်ဒန်အခြေစိုက် အီရန်ရုပ်သံဌာနက အစီအစဉ်တင်ဆက်သူတယောက် ဓါးနဲ့အချက်များစွာ အထိုးခံရ

လန်ဒန်၊ မတ်-၃၀-၂၀၂၄ မျိုးဆက်(VOM) လန်ဒန်အခြေစိုက် အီရန်ရုပ်သံချန်နယ်တခုရဲ့ အစီအစဉ်တင်ဆက်သူ လန်ဒန်ရှိနေအိမ်ပြင်ပမှာ ဓါးနဲ့အချက်များစွာ အထိုးခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်းကို အကျယ်တဝင့်ဖော်ပြခဲ့တဲ့ အီရန်အင်တာနေရှင်နယ်ရဲ့ အစီအစဉ်တင်ဆက်သူအသက် ၃၆ နှစ်အရွယ် ပိုရီယာဇီရာတီဟာ အဖွဲ့တဖွဲ့ရဲ့ တို်ကခို်ကမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဓါးထိုးမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရရှိသူဟာ ဆေးရုံမှာ အခြေအနေတည်ငြိမ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်သတင်းဌာန သတင်းအဖွဲ့ကိုဦးတည်တဲ့ ခြိမ်းခြောက်မှုတွေ အများအပြားရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာကလည်း အီရန်နိုင်ငံတကာ သတင်းဌာနမှ သတင်းထောက်နှစ်ယောက် အသက်အန္တရာယ် ခြိမ်းခြောက်မှုအတွက် ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။ အဲဒီနှစ်မှာတော့ အီရန်နိုင်ငံတကာ သတင်းဌာနကို အီရန်ထောက်လှမ်းရေးအကြီးအကဲ အစ္စမေးလ်ခါတီဘ်က အီရန်အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းတွေကို လှုံ့ဆော်တယ်ဆိုကာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။၂၀၂၃…

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတ ရော်နယ်ရေဂင်သည် အမေရိကန်၏ ၄၀ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နှစ်လအကြာ ၁၉၈၁ ခုနှစ်တွင် ဝါရှင်တန်ဒီစီ၌ လုပ်ကြံခံခဲ့ရပြီး အသက်ဘေးမှ လက်မတင်လွတ်မြောက်ခဲ့သည်။

Read More

ထိုင်းနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကရိန်းပြိုကျပြီး မြန်မာလုပ်သား ငါးဦးသေဆုံး

မတ် ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ် ၊ ဘိုတဲမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်းမှာ မနေ့ မတ် ၂၉ ရက် ညနေပိုင်းက လုပ်ငန်းခွင်သုံးကရိန်းပြိုကျပြီး မြန်မာလုပ်သား ငါးဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ကြောင်း ပြိုကျတဲ့ဆောက်လုပ်ရေးခွင်မှာရှိတဲ့ မြန်မာလုပ်သားေတွဆီက သိရပါတယ်။ ” ကရိန်းပြိုကျတဲ့နေရာမှာ မြန်မာလုပ်သား ငါးဦးသေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရထားတယ် ၊ အဲ့ဒီ သေဆုံး ရုပ်အလောင်းတွေကို နစ်နာကြေးပေးဖို့ ၊ ဖြေရှင်းပြီးမှ ထုတ်ယူခွင့်ပြုမယ်ဆိုပြီး မြန်မာလုပ်သားတွေက ဝိုင်းဝန်းတားမြစ်ထားတယ် ” လို့ ​ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ကရိန်းပြိုကျလို့ သေဆုံးရသူတွေရဲ့ မိသားစုဝင်တွေက ထိုင်းရောက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ပေးရေးအဖွဲ့ MHAC ထံ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ကိုလည်း…

Read More

PDFတွေ ဖမ်းထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း အရေအတွက် ယင်းမာပင်ခရိုင် အများဆုံးဖြစ်နေ

မတ် ၊ ၃၀ ၊ ၂၀၂၄ SP ( VOM) တနိုင်ငံလုံး အတိုင်းတာအနေနဲ့ လက်ရှိအချိန်ထိ ဒေသတွင်း PDF အဖွဲ့တွေက ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအရေအတွက် အများဆုံးဟာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က ဖြစ်နေတယ်လို့ ဝန်ထမ်းရေးရာ လေ့လာသုံးသပ်သူတွေဆီက သိရပါတယ်။ ဝန်ထမ်းရေးရာ သုတေသီတယောက်က ” ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ဒီကနေ့အထိ PDF တွေ ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းအရေအတွက် အများဆုံးက တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က အများဆုံးဖြစ်နေတယ် ၊ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းအရေအတွက် တရာကျော်ရှိတယ် ” လို့ ပြောပါတယ်။ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၇ ရက် မုံရွာ ပုလဲ…

Read More

ဆီးရီးယားကို အစ္စရေးက လေကြောင်းတိုက်ခိုက် ၊ လူ ၄၀ နီးပါး သေဆုံး

အလက်ပို၊ မတ်-၂၉ မျိုးဆက်(VOM) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အနီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ည သန်းခေါင်ယံနီးချိန်မှာ အလက်ပိုမြိူ့အနီး နေရာအများအပြားကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာတို့အသုံးပြုတဲ့ လက်နက်သိုလှောင်ရာ နေရာတွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အစ္စရေးကတော့ ဆီးရီးယားကို တိုက်ခိုက်မှုတွေအတွက် မှတ်ချက်ပြုပြောဆိုတာမျိုး လုပ်လေ့မရှိပါဘူး။ သေဆုံးသူတွေထဲမှာ ဟဇ်ဘိုလာစစ်သွေးကြွငါးယောက်ပါတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးသည် ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ်စပြီးနောက်ပိုင်း ဆီးရီးယားတွင် ရာနဲချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အများစုမှာ ဟားမတ်စ်အဖွဲ့ကို ကျောထောက်နောက်ခံပြုထားတဲ့ အီရန်နဲ့ မဟာမိတ်တွေရဲ့…

Read More
VOM News

FREE
VIEW