လန်ဒန်အခြေစိုက် အီရန်ရုပ်သံဌာနက အစီအစဉ်တင်ဆက်သူတယောက် ဓါးနဲ့အချက်များစွာ အထိုးခံရ

လန်ဒန်၊ မတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)

လန်ဒန်အခြေစိုက် အီရန်ရုပ်သံချန်နယ်တခုရဲ့ အစီအစဉ်တင်ဆက်သူ လန်ဒန်ရှိနေအိမ်ပြင်ပမှာ ဓါးနဲ့အချက်များစွာ အထိုးခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်းကို အကျယ်တဝင့်ဖော်ပြခဲ့တဲ့ အီရန်အင်တာနေရှင်နယ်ရဲ့ အစီအစဉ်တင်ဆက်သူအသက် ၃၆ နှစ်အရွယ် ပိုရီယာဇီရာတီဟာ အဖွဲ့တဖွဲ့ရဲ့ တို်ကခို်ကမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓါးထိုးမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရရှိသူဟာ ဆေးရုံမှာ အခြေအနေတည်ငြိမ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်သတင်းဌာန သတင်းအဖွဲ့ကိုဦးတည်တဲ့ ခြိမ်းခြောက်မှုတွေ အများအပြားရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာကလည်း အီရန်နိုင်ငံတကာ သတင်းဌာနမှ သတင်းထောက်နှစ်ယောက် အသက်အန္တရာယ် ခြိမ်းခြောက်မှုအတွက် ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။

အဲဒီနှစ်မှာတော့ အီရန်နိုင်ငံတကာ သတင်းဌာနကို အီရန်ထောက်လှမ်းရေးအကြီးအကဲ အစ္စမေးလ်ခါတီဘ်က အီရန်အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းတွေကို လှုံ့ဆော်တယ်ဆိုကာ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဒီသတင်းဌာနရဲ့ လန်ဒန်ရှိ လုပ်ငန်းတွေကို ယာယီပိတ်လိုက်ပြီး ထုတ်လွှင့်တဲ့ စတူဒီယိုတွေကို ဝါရှင်တန်ဒီစီကို ပြောင်းရွှေ့ခဲ့ပါတယ်။

Ref:BBC
Photo:Iran International

Related posts

VOM News

FREE
VIEW