ကျင်သီ ယာယီတံတား ကနေ ကားလေးတွေ စတင် ဖြတ်သန်းခွင့်ပြု

မတ် ၃၀၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲ နဲ့ သီပေါကြားက ကျင်သီ ယာယီတံတား ကနေ ကားလေးတွေကို ဒီနေ့ မတ်လ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်ကစ စတင် ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျင်သီတံတား သွားလို့ ရတာ ဟုတ်တယ်။ ရပြီ။ လောလောဆယ် အန်စာတုံးထိဘဲ ခွင့်ပြုထားတယ်။ တံတားဖြတ်ခ မပေးရဘူး။ အချိန်ကတော့ မနက် ၆ နာရီ ကနေ ည ၆ နာရီထိ။” လို့ ဒေသခံ အမျိုးသား တ‌ေယာက် က ပြောပါတယ်။
မိုးမကျခင်အထိ ယာယီအသုံးပြုနိုင်ပြီဖြစ်ပြီး မိုးကြီး၊ ရေကြီးရင်တော့ ရေထဲ ပါသွားနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီနေ့မှ စသွားလို့ ရတာပြောတာဘဲ။ ငွေကြေး ကောက်ခံခြင်းလည်း မလုပ်ဖူးတဲ့။ လမ်းမှာက ဂိတ်တွေလေ။ တံတားပါ ထပ်တောင်းရင်လည်း ပြည်သူ၊ ကားသမားတွေ ငတ်ဖို့ပဲရှိ‌ေတာ့တာပဲ။” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
ကားလေးတွေ တံတား ဖြတ်သန်းသွားလာလို့ ရပြီ ဖြစ်တာကြောင့် သီကေါ့မြို့မှာ ခရီးသွားကားတွေ ပြည့်နေပြီလို့ သူက ပြောပါတယ်။
ကျင်သီ ယာယီ တံတား ကနေ သွားလာလို့ ရပြီ ဖြစ်တာကြောင့် မန္တလေး ကနေ လာရှိုး ခရီးကို ခရီးသွား ကားငယ်တွေ နဂို ပြည်ထောင်စု လမ်းမကြီးအတိုင်း သွားလာလို့ ရပြီ လို့ဆိုပါတယ်။
ကျင်သီ တံတားကြီးကို မြောက်ပိုင်းမဟာမိတ် ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက် က မိုင်းခွဲ ဖျက်ဆီး ခံခဲ့ရလို့ ကျိုးကျ ပျက်စီး ခဲ့တာဖြစ်ပါတယ်။
Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW