ဆီးရီးယားကို အစ္စရေးက လေကြောင်းတိုက်ခိုက် ၊ လူ ၄၀ နီးပါး သေဆုံး

အလက်ပို၊ မတ်-၂၉
မျိုးဆက်(VOM)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အနီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ည သန်းခေါင်ယံနီးချိန်မှာ အလက်ပိုမြိူ့အနီး နေရာအများအပြားကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

အစ္စရေးဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာတို့အသုံးပြုတဲ့ လက်နက်သိုလှောင်ရာ နေရာတွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

အစ္စရေးကတော့ ဆီးရီးယားကို တိုက်ခိုက်မှုတွေအတွက် မှတ်ချက်ပြုပြောဆိုတာမျိုး လုပ်လေ့မရှိပါဘူး။ သေဆုံးသူတွေထဲမှာ ဟဇ်ဘိုလာစစ်သွေးကြွငါးယောက်ပါတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

အစ္စရေးသည် ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ်စပြီးနောက်ပိုင်း ဆီးရီးယားတွင် ရာနဲချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အများစုမှာ ဟားမတ်စ်အဖွဲ့ကို ကျောထောက်နောက်ခံပြုထားတဲ့ အီရန်နဲ့ မဟာမိတ်တွေရဲ့ ပစ်မှတ်တွေကို ဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW