ထိုင်းနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကရိန်းပြိုကျပြီး မြန်မာလုပ်သား ငါးဦးသေဆုံး

မတ် ၊ ၂၉ ၊ ၂၀၂၄
SP ( VOM)
ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ် ၊ ဘိုတဲမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်းမှာ မနေ့ မတ် ၂၉ ရက် ညနေပိုင်းက လုပ်ငန်းခွင်သုံးကရိန်းပြိုကျပြီး မြန်မာလုပ်သား ငါးဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ကြောင်း ပြိုကျတဲ့ဆောက်လုပ်ရေးခွင်မှာရှိတဲ့ မြန်မာလုပ်သားေတွဆီက သိရပါတယ်။
” ကရိန်းပြိုကျတဲ့နေရာမှာ မြန်မာလုပ်သား ငါးဦးသေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရထားတယ် ၊ အဲ့ဒီ သေဆုံး ရုပ်အလောင်းတွေကို နစ်နာကြေးပေးဖို့ ၊ ဖြေရှင်းပြီးမှ ထုတ်ယူခွင့်ပြုမယ်ဆိုပြီး မြန်မာလုပ်သားတွေက ဝိုင်းဝန်းတားမြစ်ထားတယ် ” လို့ ​ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ကရိန်းပြိုကျလို့ သေဆုံးရသူတွေရဲ့ မိသားစုဝင်တွေက ထိုင်းရောက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ပေးရေးအဖွဲ့ MHAC ထံ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ကိုလည်း အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ကရိန်းပြိုကျတဲ့ လုပ်ငန်းခွင်မှာ မြန်မာလုပ်သား သုံးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ၆၇ ရပ်ကွက် ၊ မြတ်နိုးသူ ကွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက ဝန်ချီစက် ( Crane accident.) မတော်တဆမှုဖြစ်ပြီး လူနှစ်ယောက်သေဆုံးခဲ့ဘူးပါတယ်။
ဓာတ်ပုံ ၊ ထိုင်းရောက်မြန်မာလုပ်သားတဦး

Related posts

Leave a Comment

VOM News

FREE
VIEW