ဟေတီ အစိုးရထူထောင်ရေး ဆွေးနွေးပွဲတွေမှာ ပါခွင့်ရရင် လက်နက်ချမယ်လို့ ဂိုဏ်းခေါင်းဆောင် ပြော

ပို့အော့ပရင့် ၊ မတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)

ဟေတီရှိ လက်နက်ကိုင်အဖွဲ့တွေကို အစိုးရသစ်ထူထောင်ရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ပြုပါက လက်နက်ချဖို့ စဉ်းစားမယ်လို့ ဟေတီရဲ့ သြဇာအာဏာအကြီးဆုံး ဂိုဏ်းခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

ဘာဘီကျူးလို့ လူသိများတဲ့ ဂျင်မီချီရီဇီယာဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းဟာ မြို့တော်ပို့အော့ပရင့်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားပါတယ်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဟေတီကို လွှမ်းမိုးထားတဲ့ အကြမ်းဖက်မှုတွေဟာ လာမယ့် ရက်များအတွင်း ပိုမိုပြင်းထန်လာနိုင်ကြောင်း သူက သတိပေးထားပါတယ်။

ဒါပေမယ့် အခြေအနေအတွက် အဆင်သင့် ပြင်ထားကြောင်း ဂိုဏ်းခေါင်းဆောင် ဘာဘီကျူးကပြောပါတယ်။ လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ ဟေတီမှာ မတ် ၁၂ ရက်ကတည်းက ဝန်ကြီးချုပ်မရှိခဲ့ပါဘူး။

ဝန်ကြီးချုပ် အေရီရယ်ဟာ ကင်ညာကနေ ပြန်လာဖို့ စီစဉ်ထားသော်လည်း လက်နက်ကိုင်ဂိုဏ်းတွေက လေဆိပ်ကို တိုက်ခိုက်ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြန်လာလို့မရဖြစ်ကာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

လက်နက်ကိုင်ဂိုဏ်းတွေဟာ အစိုးရအာဏာလစ်ဟာမှုကို အခွင့်ကောင်းယူပြီး နိုင်ငံရဲ့ နေရာအနှံအပြားကို ချဲ့ထွင်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီလိုအခြေအနေမှာ အီးယူ၊ ဂျာမနီနဲ့ အမေရိကန်တို့က သူတို့ရဲ့ သံတမန်တွေကို ဟေတီကနေ ပြန်ခေါ်မှုတွေရှိပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW