Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၁၀ ကျပ် ဝယ်ဈေး – ၃၆၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၂၆ ကျပ် ဝယ်ဈေး – ၄၀၄၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၅ ကျပ် ဝယ်ဈေး – ၄၉၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read MoreMonth: March 2024
ယနေ့ ရွှေဈေး (မတ် – ၂၂ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမြဝတီ တောထဲလမ်းတွေ ပိတ်တော့မယ်လို့ သတင်းတွေထွက်လာပေါ်ပြီးနောက် ခရီးသည်တယောက် ကားခ နှစ်သိန်းခွဲဖြစ်နေ
မတ် ၊ ၂၂ ၊ ၂၀၂၄ TT (VOM) ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့ကို သွားလာနေတဲ့ တောထဲကားလမ်းတွေဟာ လာမယ့် မတ် ၂၅ ရက်စလို့ သင်္ကြန်ပြီးသည်အထိ ပိတ်ထားမှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်း မြဝတီကို ခရီးသွားတွေ များပြားလာပြီး ကားခစျေးနူန်းတွေလည်း သိန်းချီတက်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ပဲခူး ( ဘုရားကြီး) နဲ့ မြဝတီပြေးဆွဲနေတဲ့ ကားသမားတယောက်က ” မြဝတီကို ဘားအံတောလမ်းနဲ့ မော်လမြိုင် တောလမ်းကနေ တက် (သွား) တယ် ၊ အဲဒီ တောလမ်းတွေက ၊ ကားလေးပဲသွားလို့ရတယ် ၊ တိုက်ပွဲအခြေအနေကြည့်ပြီးသွားရတာ ဖြစ်တယ် ၊ ရန်ကုန်ကနေ မြဝတီကိုတက်မယ့် ခရီးသည်အများစု ပဲခူး ဘုရားကြီးကနေ စောင့်တာများတယ် ၊ လာမယ့် မတ် ၂၅ ရက်စလို့ သင်္ကြန်ပြီးသည်အထိ…
Read Moreအာဖဂန်တောင်ပိုင်းမှာ အိုင်အက်စ်တို့ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု ၂၁ ယောက်သေပြီး ၅၀ ကျော်ဒဏ်ရာရ
ကဘူးလ်၊ မတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နို်ငငံတောင်ပိုင်း ကန်ဒါဟာမြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ကန်ဒါဟာမြို့လယ်ရှိ ဘဏ်တခုမှာ အသေခံဗုံးခွဲခိုက်ခဲ့တာဖြစ်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ တိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုဟာ တာလီဘန်တွေကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။ တာလီဘန် ၁၅၀ လောက်ရှိတဲ့ လူအုပ်ထဲကို အသေခံဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လက်ရှိချိန်ထိ လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အာဖဂန်ကို တာလီဘန်တို့က ၂၀၂၁ ခုနှစ် ပြန်လည်ထိန်းချုပ်ပြီးနောက် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် နှစ်စဉ် ဗုံးပေါက်ကွဲမှုနဲ့ အသေခံတိုက်ခိုက်မှု ဒါဇင်များစွာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တိုက်ခိုက်မှုအများအပြားဟာ အာဖဂန်ရှိ ဟာဇာရာမျိုးနွယ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တာလီဘန်တို့ရဲ့…
Read Moreမဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ရှောင်စခန်းက ကျောင်းသား လေးယောက် ရေနစ်သေဆုံး
မတ် ၊ ၂၂ ၊ ၂၀၂၄ SP ( VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချာချန်ပူရ် ( Churchandpur) ခရိုင် ၊ ချာချန်ပူရ်မြို့ ၊ ကာနန် (Canaan) ရပ်ကွက်မှာရှိတဲ့ ECA မြန်မာစစ်ရှောင် စခန်းမှာနေထိုင်တဲ့ ကလေးငယ် လေးယောက်ဟာ သုံးရက်ကြာ ပျောက်ဆုံးနေပြီးနောက် မနေ့က ရေနစ်သေဆုံးနေတာကို ပြန်လည်တွေ့ရတယ်လို့ မဏိပူရ်ပြည်နယ်သတင်းဌာနတွေက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိုးရေးမြို့မှာနေတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက ” ချာချန်ပူရ်မြို့က ECA မြန်မာ စစ်ရှောင်စခန်းမှာနေတဲ့ ကလေး လေးယောက်ဟာ ပြီးခဲ့တဲ့ မတ် ၁၉ ရက် ညနေပိုင်း ကစလို့ ပျောက်သွားတယ် ၊ အဲ့ဒီ ကလေး လေးယောက်စလုံးက ကျောင်းတက်နေတဲ့…
Read MoreThis Day in History
Voice of Myanmar အရှေ့အလယ်ပိုင်းရှိ အာရပ်နိုင်ငံများ၏ ဒေသဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည့် အာရပ်အဖွဲ့ချုပ်ကို အီဂျစ်၊ ဆီးရီးယား ၊ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနှင့် ယီမင်တို့က ၁၉၄၅ ခုနှစ် မတ် ၂၂ ရက်တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။
Read Moreကောလင်းနယ်မှာ တိုက်ပွဲရှောင်ရတာ ရက်ကြာလာလို့ စားဝတ်နေရေး ခက်ခဲလာ
မတ် ၊ ၂၂ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်စပြီး ဒီကနေ့အထိ တိုက်ပွဲရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲရှောင်ရတဲ့ရက် ရှည်ကြာလာတာနဲ့အမျှ စားဝတ်နေရေးတွေခက်ခဲလာတဲ့အပြင် ကျန်းမာရေးအတွက်ပါ ထိခိုက်လာနေတာကြောင့် ကူညီပေးမှုတွေပေးဖို့ လိုအပ်လာနေတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ေဒသခံ ပရဟိတ သမားတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစလို့ ကောလင်းဒေသခံတွေ တိုက်ပွဲရှောင်ဖို့ ထွက်ပြေးနေရတယ် ၊ ဖေဖော်ဝါရီ ၇ ရက်ကနေ ၂၀ ရက်ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၀ နောက်ပိုင်း ကောလင်းမှာ အခြေပြုတဲ့ စစ်ကြောင်းတွေက ယာယီတိုက်ပွဲရှောင်တွေ နေရပ်ပြန်လာကြဖို့ အသံချဲ့စက်တွေနဲ့ အသိပေးတယ် ၊ အဲ့ဒီလို ပြန်လာမယ့်…
Read Moreကောလင်းနယ်မှာ တိုက်ပွဲရှောင်ရတာ ရက်ကြာလာလို့ စားဝတ်နေရေး ခက်ခဲလာ
မတ် ၊ ၂၂ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်စပြီး ဒီကနေ့အထိ တိုက်ပွဲရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲရှောင်ရတဲ့ရက် ရှည်ကြာလာတာနဲ့အမျှ စားဝတ်နေရေးတွေခက်ခဲလာတဲ့အပြင် ကျန်းမာရေးအတွက်ပါ ထိခိုက်လာနေတာကြောင့် ကူညီပေးမှုတွေပေးဖို့ လိုအပ်လာနေတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ေဒသခံ ပရဟိတ သမားတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစလို့ ကောလင်းဒေသခံတွေ တိုက်ပွဲရှောင်ဖို့ ထွက်ပြေးနေရတယ် ၊ ဖေဖော်ဝါရီ ၇ ရက်ကနေ ၂၀ ရက်ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၀ နောက်ပိုင်း ကောလင်းမှာ အခြေပြုတဲ့ စစ်ကြောင်းတွေက ယာယီတိုက်ပွဲရှောင်တွေ နေရပ်ပြန်လာကြဖို့ အသံချဲ့စက်တွေနဲ့ အသိပေးတယ် ၊ အဲ့ဒီလို ပြန်လာမယ့်…
Read Moreနှစ် ၉၀ ပြည့် အင်းဝတံတား
ဆူးငှက် မြန်မာနိုင်ငံ၏ တောင်မြောက် အလျားလိုက်ကို ဧရာဝတီမြစ်သည် အရှည်လျားဆုံး ဖြတ်သန်းထား၏။ ယင်းသို့ဖြတ်သန်းရာတွင် အလယ်ရိုးမ၊ မင်းဝံတောင်ကြောတွင် ဘူမိဗေဒသဘောအရ အရှေ့အနောက် တစ်ဆစ်ချိုး စီးဆင်းခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တောင်နှင့်မြောက်ကို ဒိုးလျှိုးပေါက် ဆက်သွယ်ရေးတွင် စစ်ကိုင်းမြို့အနီးရှိ တောင်မြောက်မှ အရှေ့နောက်သို့ စီးဆင်းနေသော ဧရာဝတီမြစ်၏ တစ်ဆစ်ချိုးနေရာသည် အဓိက အချက်အချာ ကျသော သဘာ၀ တံခါးမကြီးနေရာဖြစ်ပါ၏။ တရုတ်ပြည်နယ်စပ် မူဆယ်၊ လားရှိုးမှ သီပေါ၊ ကျောက်မဲကို ဖြတ်ကာ မန္တလေးမှ တဆင့် အနောက်ဘက် အိန္ဒိယပြည်မိုးရေးနယ်စပ်သို့ လည်းကောင်း၊ ရန်ကုန် တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား (သို့မဟုတ်) ရန်ကုန်၊ ပြည်၊ မကွေး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမှ…
Read More“လူမှုဘဝ အခက်အခဲတွေကြား ရုန်းကန်နေရတဲ့ ပြည်သူတွေ”
သွေး (စစ်ကိုင်း) ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတွက် လျှပ်စစ်မီး မှန်မှန်ရရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ လျှပ်စစ်မီး မမှန်တာ, လာချိန်ပျက်ချိန် မမှန်တာတွေက နွေရာသီမှာ ပိုများလာသလို နေ့စဉ် လူနေမှုဘဝတွေကိုပါ သက်ရောက်လာနေတာပါ။ တစ်ဖက်ကလည်း တရိပ်ရပ်မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူအများစုဟာ ထမင်းနပ်မှန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်မှာ နေထိုင်တဲ့ “မမိုးမိုး”ဟာ Layout ဒီဇိုင်နာအလုပ်နဲ့ အသက်မွေးရသူပါ။ သူမဆီ အပ်ထားတဲ့ အလုပ်တွေ အချိန်မီ ပြီးစီးဖို့က လျှပ်စစ်မီးလာတာ, မလာတာအပေါ် မူတည်နေပါတယ်။ “မီးက လာချင်သလို လာပြီး ပျက်ချင်သလို ပျက်နေတာက တော်တော်ဆိုးတယ်၊ မနက် ၉ နာရီကနေ နေ့ခင်း…
Read More