ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ပြန်စ

ကိုင်ရို၊ ဧပြီ -၁-၂၀၂၄
မျိုးဆက်(VOM)

ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအပါအဝင် ဂါဇာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးပွဲတွေပြန်စဖို့အတွက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို ရောက်ရှိနေတယ်လို့ အစ္စရေး သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့ အီဂျစ်ညှိနှိုင်းရေးမှူးတွေရဲ့ စေ့စပ်ဆွေးနွေးမှုရလဒ် ဘာတွေထွက်ပေါ်လာမလည်းဆိုတာကို စောင့်ကြည့်သွားမယ်လို့ ဟားမတ်စ်တာဝန်ရှိသူတယောက်က ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အီဂျစ်နဲ့ ကာတာနိုင်တို့က ကြားဝင်ညှိနှိုင်းပေးနေတာဖြစ်ပါတယ်။

ကိုင်ရို ဆွေးနွေးပွဲမှာတော့ ဟားမတ်စ်အဖွဲ့က ပါဝင်တက်ရောက်မှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ဟာ အပစ်ရပ်ဖို့နဲ့ အစ္စရေးတပ်တွေ ဂါဇာကနေ ရုပ်သိမ်းရေး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးဘက်ကတော့ ပယ်ချထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တို့ရဲ့ အုပ်ချုပ်မှုနဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို အဆုံးတိုင် ဖျက်ဆီးပစ်မယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: NHK
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW