တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်ရေး တရုတ်နဲ့အငြင်းပွားမှု ဖိလစ်ပိုင်နဲ့ အမေရိကန် ဆွေးနွေး

မနီလာ၊ ဧပြီ-၂-၂၀၂၄
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အတင်းအကျပ်၊ ရန်လိုပြီး လှည့်ဖြားတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။

ဒီလို အငြင်းပွားမှုတွေနဲ့ သံတန်ရေးရာ တင်းမာနေချိန်မှာ ဖိလစ်ပိုင်ကို အမေရိကန်က ဆက်လက်ထောက်ခံ အာမခံချက် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုတဲ့အတွက် ကျေးဇူတင်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး အယ်ဒူရာဒိုအာနိုက ပြောပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း အငြင်းပွားဖွယ်ရေပြင်မှာ တရုကမ်းခြေစောင့်တပ်ဖွဲ့က ရေအမြှောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ဖိလစ်ပိုင် စစ်တပ်ထောက်ပို့သင်္ဘောက အမှုထမ်းတွေ ဒဏ်ရာရခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကတော့ တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေကို တန်ပြန်အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ဖိလစ်ပိုင်ကို သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး အငြင်းပွားဖွယ် ကမ်းရိုးတန်းတခုမှာ ရည်ရွယ်ချက်ရှိရှိ ထားတဲ့ ရေတပ်သင်္ဘောဟောင်းကို ဖယ်ရှားမယ့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဖိလစ်ပိုင်ကတော့ ဒီလိုကတိပေးတာမရှိဘူးလို့ ပယ်ချထားပါတယ်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီအိုဒိုရိုကတော့ တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်ထောင်ချောက်ထဲကို ဝင်မသွားဖို့ ဖိလစ်ပိုင်ပြည်သူတွေကို တိုက်တွန်းပြောဆိုထားပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW