မြောက်ကိုရီးယား ပစ်ခတ်လိုက်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် ဂျပန်စီးပွားရေးဇုန်အနီး ကျရောက်

ဆိုးလ်၊ ဧပြီ-၂-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် တစင်းကို ဧပြီ ၂ ရက်မှာ စမ်းသပ် ပစ်ခတ်ခဲ့ပြီး ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်အနီး ရေပြင်ကိုကျရောက်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။

ဇန်နဝါရီလနှင့်မတ်လတို့အတွင်း ဒုံးကျည်ဆိုင်ရာ စမ်းသပ်မှုနှစ်ကြိမ် မြောက်ကိုရီးယားက ပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း တတိယမြောက် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းအနီးဝန်းကျင်ကနေ အရှေ့ဘက်ပင်လယ် သို့မဟုတ် ဂျပန်ပယ်လယ်ထဲကို တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒုံးကျည်ဟာ ကီလိုမီတာ ၆၀၀ ထိ ပျံသန်းခဲ့ပြီး ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမေရိကန် ၊ ဂျပန်တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းဖလှယ်နေကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ ပြောင်ပြောင်တင်းတင်း ရန်စမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း တောင်ကိုရီးယာစစ်တပ်က ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးမီနှစ်များအတွင်း နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး များမကြာသေးမီကလည်း စစ်ထောက်လှမ်းရေးဂြိုဟ်တုတလုံးကို လွှတ်တင်ခဲ့ပါတယ်။

Ref:AFP
Photo: AFP

Related posts

Leave a Comment

VOM News

FREE
VIEW