ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင် ဆွေးနွေးမှု ထိုင်ဝမ်အရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောထားကွဲလွဲ

ဝါရှင်တန်၊ ဧပြီ-၃-၂-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံကြား တင်းမာမှုတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ကြိုးပမ်းမှုအဖြစ် ဧပြီ ၂ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။

ရာသီဥတုပြောင်းလဲမှု ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပါအဝင် မကြာသေးမီက နှစ်နိုင်သဘောတူခဲ့တဲ့ ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်အရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာတော့ သဘောထားကွဲလွဲနေဆဲဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်က ထိုင်ဝမ်ကိုထောက်ခံကြောင်း ပြောဆိုခဲ့ပေမယ့် ရှီကျင်းပင်ကတော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို အနီရောင်မျဉ်းအဖြစ် ခေါ်ဝေါ် သုံးနှုန်းခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ တရုတ်စီးပွားရေး ၊ကုန်သွယ်မှု၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေကို ဖိနှိပ်ဖို့ အဆုံးမရှိလုပ်ဆောင်မှုဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင်းပင်က ပြောပါတယ်။

သူတို့ရဲ့ ဆွေးနွေးမှုဟာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်တယ်လို့ အိမ်ဖြူတော်နဲ့ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW