ထိုင်ဝမ်မှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး မြေငလျင်လှုပ်ခတ် ၊ လေးယောက်သေပြီး ၅၀ ကျော်ဒဏ်ရာရ

တိုင်ပေ၊ ဧပြီ-၃-၂၀၂၄
မျိုးဆက်(VOM)
ထိုင်ဝမ်အရှေ့ပိုင်းကမ်းရိုးတန်းမှာ ဒီနေ့ ဧပြီ ၃ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိမှာ လူလေးယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်း မြေငလျင်ရဲ့ ဗဟိုချက်နဲ့နီးတဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဟူလီယန်မြို့မှာတော့ အဆောက်အအုံအများအပြား ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၈ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ထိုင်ဝမ်ကျွန်းမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်သော ငလျင်ဖြစ်ပြီး မြို့တော်တိုင်ပေအပြင် တောင်တန်းဒေသတွေထိပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။
ငလျင်ကြောင့် လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟူလီင်္ယန်မြို့ဝန်းကျင်ရှိ အဆောက်အအုံနဲ့ ဥမင်တွေလည်း ပြိုကျခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ အင်းအားပြင်း ငလျင်ကြောင့် ထိုင်ဝမ်ကျွန်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဆူနာမီ သတိပေးချက်တွေ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အက်ပဲကုမ္ပဏီအတွက် မိုက်ခရိုချစ်ပ်တွေ ထုတ်လုပ်ပေးနေတဲ TSMC ကုမ္ပဏီကတော့ ဆင်ချူနဲ့ ထိုင်ဝမ်တောင်ပိုင်းရှိ စက်ရုံတွေက ဝန်ထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ Netblocks ရဲ့အဆိုအရ ထိုင်ဝမ်ကျွန်းတခွင်မှာ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်ပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။
Ref:BBC
Photo:Reuters/TVBS

Related posts

Leave a Comment

VOM News

FREE
VIEW