ထိုင်းအတိုက်အခံ ရှေ့သို့ပါတီကို ဖျက်သိမ်းဖို့ တိုင်ကြားချက် ထိုင်းတရားရုံး လက်ခံလိုက်ပြီ

ဘန်ကောက်၊ မတ်-၃-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ထောက်ခံမှုအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ အဓိကအတိုက်အခံပါတီ ရှေ့သို့ပါတီကို ဖျက်သိမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဒီနေ့ ဧပြီ ၃ ရက်မှာ လက်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူပေါင်း ၂၆၀ ထက်မနည်း တရားစွဲခံခဲ့ရတဲ့ ထိုင်းဘုရင်စနစ်ကိုစော်ကားမှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အတွက် ရွေးကောက်ပွဲမှာ မဲဆွယ်တယ်ဆိုကာ ရှေ့သို့ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက်ကို တရားရုံးက သဘောတူလိုက်တာဖြစ်ပါတယ်။

ရှေ့သို့ပါတီက ဒီဥပဒေကို ပြင်ဆင်မယ့် အစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ဖွဲ့စည်းပုံအခြေခံနဲ့ မညီဘူးလို့ တရားရုံးက ဇန်နဝါရီလမှာ စီရင်ချက်ချမှတ်ခဲ့ပါသေးတယ်။ဒါဟာ ဘုရင်စနစ်ကို ဖြုတ်ချဖို့ ကြံစည်တာလို့ တရားရုံးကဆိုပါတယ်။

ဒါပေမယ့် ရှေ့သို့ပါတီကတော့ ဒီလိုရည်ရွယ်ချက်မရှိဘူးလို့ ပယ်ချထားပါတယ်။ တရားရုံးက ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီဖျက်သိမ်းဖို့ တင်သွင်းမှုကို လက်ခံလိုက်တဲ့အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ပြင်ဆင်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ရှေ့သို့ပါတီဟာ ယမန်နှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမှုအများအပြားနဲ့ အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်၊ ဘုရင်စနစ်ကို ထောက်ခံတဲ့လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်ပိတ်ပင်မှုကြောင့် အစိုးရဖွဲ့ခွင့် ဆုံးရှုံးခဲ့ပါတယ်။

Ref: Reuters
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW