ဖနွမ်းပင်၊ ဧပြီ-၄-၂၀၂၄
မျိုးဆက်(VOM)
ကမ္ဘောဒီးယားနိုင်ငံရဲ့ သက်တမ်းရှည်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ နိုင်ငံရဲ့အဓိကကျတဲ့ ရာထူးဖြစ်တဲ့ လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ဖို့အတွက် ၂၀၂၄ ခုနှစ်အတွင်း လွှတ်တော်ရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ဧပြီ ၃ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘောဒီးယားနိုင်ငံရေးရဲ့ အရေးပါတဲ့နေရာတခုကို တာဝန်ယူမှုလည်းဖြစ်ပါတယ်။
ဟွန်ဆန်ကတော့ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ ကတိပြုပြောဆိုပါတယ်။ ဟွန်ဆန်သည် ၁၉၈၅ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
အဲဒီနောက် သူဟာ သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။ အတိုက်အခံတွေကို ပိတ်ပင်တားမြစ်ထားတဲ့ ရွေးကာက်ပွဲဟာ လွတ်လပ်ပွင့်လင်း တရားမျှတမှုမရှိဘူးလို့ အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလအတွင်းကလည်း ဟွန်မာနက်ရဲ့ ညီဖြစ်သူကို ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး အဓိက အစိုးရ ရာထူးတွေမှာလည်း ဟွန်ဆန်ရဲ့ မိသားစုဝင်တွေက ချုပ်ကိုင်လွှမ်းမိုးထားပါတယ်။
Ref:NHK
Photo:Xinhua