ရခိုင်ပြည်နယ်အရေး အပြုသဘောဆောင်တဲ့ကဏ္ဍမှ ဆက်လက်ပါဝယ်မယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်ကတိပြု

ပေကျင်း ၊ ဧပြီ-၅-၂၀၂၄
မျိုးဆက်(VOM)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေ အမြန်ဆုံး တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တရုတ်နိုင်ငံက ကတိပြုပြောဆိုလိုက်ပါတယ်။

ဧပြီ ၄ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ရခိုင်ပြည်နယ်အရေးမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေပြီး ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် နည်းလမ်းများစွာနဲ့ ကြိုးပမ်းနေတယ်လို့ ” Geng Shuang ကပြောပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ပဋိပက္ခသည် ပဋိပက္ခကို ပြေလည်အောင် ညှိနှိုှုင်းရန်နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒါဟာ ပဋိပက္ခတွေ ဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ တက်ကြွတဲ့ချဉ်းကပ်မှုကို ပြသတာလို့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Geng Shuang ကဆိုပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံဟာ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေး ကတိကဝတ်တို့ကို သူက ထပ်လောင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ Geng Shuang ပြောဆိုထားပါတယ်။

Ref:CGTN
Photo:CFP

Related posts

✕
VOM News

FREE
VIEW