မဟာအောင်မြေမြို့နယ် လဝက ရုံး ပေါက်ကွဲမှုဖြစ်ပွား

မန္တလေး၊ ဧပြီ ၅-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးမြို့၊ ကျွဲဆည်ကန်(၁)လမ်းအတွင်းရှိ မဟာအောင်မြေမြို့နယ် လဝက ရုံးမှာ ဒီကနေ့ နေ့လယ် (၁၂) နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ(၉)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
” ရုံးမှာ လာပြီး လုပ်ငန်းဆောင်ရွက်တဲ့ ပြည်သူတွေပါ ဗုံးစထိမှန် ဒဏ်ရာရတယ်၊ ရုံးဝန်ထမ်းရော ပါတယ်၊ စုစုပေါင်း(၉)ယောက် ဗုံးစမှန်ပါတယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။
ဖြစ်စဉ်မှာ လဝကရုံးအနီးကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား(၂)ဦးက လက်လုပ်ဗုံးနဲ့ ပစ်ခတ်သွားတာလို့ သိရပြီး ဝန်ထမ်း(၂)ဦးနဲ့ ပြည်သူ(၇)ဦး ဗုံးစမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားအပြီးမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လာရောက်စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဒဏ်ရာရာသူတွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ အနီးအနားရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Photo Crd – HW & DON

Related posts

Leave a Comment

VOM News

FREE
VIEW