ကိယက်ဗ်၊ ဧပြီ-၁၈-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်ရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ နိုင်ငံခြားအကူအညီပေးမှု ဥပဒေကြမ်းကို အတည်ပြုဖို့ အမေရိကန် ကွန်ဂရက်ကို ယူကရိန်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ ထောက်ပံ့မှုပါဝင်တဲ့ ဒီဥပဒေကြမ်းကို ကွန်ဂရက်မှာ အတည်ပြုနိုင်ဖို့ မျှော်လင့်တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒန်နီစ်ရှမိုင်ဟယ်က ဆိုပါတယ်။ အောက်လွှတ်တော်ဟာ ဥပဒေကြမ်းကို လာမယ့် စနေနေ့မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။
ဥပဒကြေမ်းထဲမှာတော့ ယူကရိန်းအတွက် အထောက်အပံ့တွေအပြင် အစ္စရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် ရန်ပုံငွေတွေလည်း ပါဝင်လို့ နေပါတယ်။ ဒီအထောက်အပံ့တွေဟာ လိုအပ်နေပြီလို့ ယူကရိန်းဝန်ကြီးချုပ်က ပြောပါတယ်။
“ ငါတို့ မကာကွယ်ဘူးဆိုရင် ယူကရိန်းပြိုလဲသွားမှာပါ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစနစ်ကို ပျက်စီးသွားမှာဖြစ်ပြီး ကမ္ဘာကြီးအနေနဲ့ လုံခြုံရေးစနစ်သစ်ကို ရှာဖွေဖို့လိုအပ်နေပါတယ်။ ဒါမှမဟုတ်ရင် ပဋိပက္ခတွေ များစွာနဲ့ ဒီလိုစစ်ပွဲတွေဖြစ်နေမှာဖြစ်ပြီး နောက်ဆုံးတနေ့မှာ တတိယကမ္ဘာစစ်ကို ဦးတည်သွားလိမ့်မယ်” လို့ ဝန်ကြီးချုပ် ဒန်နီစ်ရှမိုင်ဟယ်က ပြောပါတယ်။
ယူကရိန်းဟာ စစ်ပွဲမှာ ရှုံးနိမ့်မှု နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ဖွယ် သတိပေးမှုတွေဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ရုရှားဟာ ယူကရိန်းကို အနိုင်ရရင် ပိုလန်နိုင်ငံကို ကျူးကျော်နိုင်ပြီး တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြီးခဲ့တဲ့လမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:;BBC
Photo: AP
ရုရှားကို စစ်ရှုံးရင် တတိယကမ္ဘာစစ် ဖြစ်လာနိုင်ကြောင်း ယူကရိန်းဝန်ကြီးချုပ် သတိပေး
