ဧပြီ ၂၁ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်မှစပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် တခုလုံးရဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ပြည်မဘက်ကနေ တင်သွင်းရတဲ့ ကုန်စည်စီးဆင်းမှုတွေ မရှိတော့တဲ့အတွက် အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။“အခြေခံစားသောက်ကုန် စျေးနှုန်းတွေက တရိပ်ရိပ် မြင့်တက်လာနေတာ။ အရင်က တသိန်းအောက်ပဲရှိခဲ့တဲ့ ဆန်ကြမ်းတအိတ်တောင် နှစ်သိန်းကျော်အထိ ရှိနေပြီ။ ငွေကြေးမတတ်နိုင်သူတွေ၊ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေအတွက်ကတော့ ပိုပြီး ခက်ခဲနေတာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။အခြေခံစားကုန်တွေထဲမှာ ကြက်ဥ တလုံး ၁၀၀၀…
Read MoreMonth: April 2024
မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက တပတ်ဝင်ခွင့်ကဒ်ကိုင်ဆောင်သူတွေကို ဝင်ခွင့်ပိတ်
မြဝတီ ၊ ဧပြီ ၂၁ – ၂၀၂၄ KT ၊ GG (VOM) မြဝတီမြို့မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲအခြေအနေက ညကနေ မနက်ပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ၉ နာရီကျော်လောက်ကစပြီး အပစ်ခတ်မရှိ တိုက်ပွဲငြိမ်သက်သွားတယ်လို့သိရပါတယ်။ လတ်တလောမှာ တိုက်ပွဲငြိမ်သက်သွားပေမယ့် ထိုင်းအစိုးရကတော့ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှ မဲဆောက်ကို ၇ ရက်သက်တမ်းနဲ့ဝင်ရောက်မှုကို ပိတ်လိုက်ပြီး ပတ်စ်ပို့စာအုပ်ကိုင်ထားသူတွေကိုသာ လတ်တလောပေးဝင်ကြောင်း၊ ထိုင်းကနေ မြဝတီပြန်မယ့်သူတွေကိုတော့ ပြန်ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။ ” ၇ ရက်နေ့ထိုင်ခွင့်တွေကို မြဝတီကနေ မဲေဆာက်ဘက်ဝင်ခွင့်ပိတ်လိုက်တာ၊ စာရွက်ကုန်လို့လည်းပြောကြတယ်၊ ထိုင်းဘက်မှာမြန်မာတွေဝင်ရောက်မှုအရမ်းများနေလို့ဆိုပြီး ထိုင်းလဝကဘက်ကပိတ်တယ်လို့လည်းပြောနေကြတယ်။ ဘာကြောင့်ဆိုတာတော့သေချာမသိရသေးပေမယ့် ခုထိတော့မဲဆောက်ဘက်ကိုအမှတ် ၁ တံတားကနေထွက်လို့မရသေးပါဘူး။ စစ်ရှောင်တွေကလည်းတအားကိုများလာနေတယ် ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။ လက်ရှိမြဝတီ အမှတ်၂ ချစ်ကြည်ရေးတံတားဘက်နဲ့ ခလရ ၂၇၅ တပ်ရှိရာမြို့ပြင်မှာပါ ပစ်ခတ်မှုတွေ ငြိမ်သွားပေမယ့်…
Read Moreဂျပန်စစ်တပ် ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျ
တိုကျို၊ ဧပြီ-၂၁-၂၀၂၄မျိုးဆက်(VOM)ပစိတ်သမုဒ္ဒရာအတွင်းရှိ အိုင်ဇူကျွန်းစုအနီးမှာ ညအချိန်လေ့ကျင့်ပျံသန်းမှုအတွင်း ဂျပန်စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း ပျက်ကျသွားကြောင်း တာဝန်ရှိသူများက အတည်ပြုပြောဆိုပါတယ်။ရဟတ်ယာဉ်တွေပေါ်မှာ လိုက်ပါသွားသူရှစ်ယောက်အနက် တယောက်ကိုကယ်တင်နိုင်ခဲ့ပြီး ကျန်ခုနှစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြပါတယ်။ ရဟတ်ယာဉ်တစင်းစီမှာ လူလေးယောက် လိုက်ပါသွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ရဟတ်ယာဉ်တစင်းအနက် တစင်းနဲ့ ဧပြီ ၂၀ ရက်ည ၁၀ နာရီ ၃၈ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားပြီး တမိနစ်အကြာမှာ ရဟတ်ယာဉ်ကနေ အရေးပေါ်အချက်ပြမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။နောက်ထပ် ၂၅ မိနစ်အကြာမှာတော့ ည ၁၁ နာရီ ၁၄ မိနစ်အချိန်မှာ ကျန်ရဟတ်ယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး ကယ်တင်ခဲ့တဲ့လူတယောက်ရဲ့ အခြေအနေကို ရှင်းလင်းစွာ မသိရသေးပါဘူး ။SH-60K အမျိုးအစား အဲဒီရဟတ်ယာဉ်တွေက ဂျပန်စစ်တပ် ဖျက်သင်္ဘောပေါ်မှာ အဓိကစခန်းချလည်ပတ်နေပြီး ရေငုပ်သင်္ဘောရှာဖွေရေး ညအချိန်လေ့ကျင့်မှုမှာ ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ အခြားသော လေယာဉ်နဲ့ သင်္ဘောတွေမရှိကြောင်း ဂျပန်စစ်တပ်က…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၁ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၄.၉၃ ကျပ်ဝယ်ဈေး – ၂၄.၄၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၃၃ ကျပ်ဝယ်ဈေး – ၄၅.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၀ ကျပ်ဝယ်ဈေး – ၂.၇၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၂၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၉၀ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၈၀၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၆၀၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံဖိုး စစ်ရေးအကူအညီတွေပေးဖို့ အမေရိကန်အောက်လွှတ်တော် အတည်ပြု
ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီသစ်တွေပေးဖို့ အောက်လွှတ်တော်က နောက်ဆုံးမှာ အတည်ပြုလိုက်ပါတယ်။ကာလရှည်ရှာ နှောင့်နှေးနေခဲ့တဲ့ ဒီအကူအညီနဲ့ပတ်သက်ပြီး ရီပတ်ပလီကန်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေကြုံခဲ့ရပြီးနောက် ထောက်ခံမဲ ၃၁၁ မဲ ကန့်ကွက်မဲ ၁၁၂ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ဒီအဆိုနဲ့ပတ်သက်ပြီး အထက်လွှတ်တော်ကလည်း များမကြာခင်အတည်ပြုသွားဖွယ်ရှိပြီး သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုးပြီးတာနဲ့ အကူအညီတွေကို ပင်တဂွန်စစ်ဌာနချုပ်က အမြန်ဆုံးပေးအပ်သွားမှာဖြစ်ပြီး ဒါဟာ ပြည်ပနိုင်ငံတွေအတွက် အမေရိကန်ရဲ့ဦးဆောင်မှုကို ရှင်းလင်းတဲ့ သတင်းစကားလည်းဖြစ်ပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အောက်လွှတ်တော်က အခုလိုအတည်ပြုလိုက်တာအတွက် ကျေးဇူးတင်ကြောင်းနဲ့ ထောက်ပံ့ကူညီမှုဟာ စစ်ပွဲမကြီးထွားဖို့နဲ့ ထောင်ပေါင်းများစွာသော အသက်တွေကို ကယ်တင်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒီလိုစစ်ရေးအကူအညီတွေပေးတာဟာ အမေရိကန်သာ အကျိုးအမြတ်ရမှာဖြစ်ပြီး ယူကရိန်းနဲ့ ယူကရိန်းနိုင်ငံသားတွေ သေဆုံးမှုပိုမိုများလာမယ်လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ဝေဖန်ပြောဆိုပါတယ်။Ref:BBCPhoto:Getty Images
Read MoreThis Day in History
Voice of Myanmarစက်ဘီးတီထွင်သူနှင့် စက်ဘီးစက်မှုလုပ်ငန်း၏ ဖခင်အဖြစ် တင်စားခံခဲ့ရသည့် ဗြိတိန်နိုင်ငံသား ဂျိမ်းစတာလေသည် ၁၈၃၀ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။
Read Moreတောင်တွင်းမြို့နယ်မှာ ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရ
ဧပြီ ၊ ၂၁ ၊ ၂၀၂၄SP ( VOM)မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ဆတ်သွားကျေးရွာမှာ ရာအိမ်မှူး တာဝန်ထမ်းဆောင်နေတဲ့ လူသုံးယောက် မနေ့ ဧပြီ ၂၀ ရက် ၊ ညနေပိုင်းက ပစ်သတ်ခံရလို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” မနေ့ကညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ရာအိမ်မှူး သုံးယောက်က အောင်မင်္ဂလာကန်ထဲမှာ ငါးပက်နေတုန်း အမည်မသိ (စုံစမ်းဆဲ) လူတယောက်က ဆိုင်ကယ်တစီးနဲ့ရောက်လာပြီး ရာအိမ်မှူး သုံးယောက်စလုံးကို ပစ်သတ်သွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။တောင်တွင်းကြီး မြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က” ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက်ပစ်သတ်ခံရတယ် ၊ ဦးခင်မောင်အေး၊ အသက်…
Read Moreနယ်စပ်ဒေသက ပဋိပက္ခတွေအပေါ် အာဆီယံ ဝန်ကြီးတွေ စိုးရိမ်ပူပန်ကြပြန် ၊ နိုင်ငံတကာ လူသားချင်းစာနာမှု အခြေခံမူတွေကို လိုက်နာဖို့ တိုက်တွန်း
ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၄မျိုးဆက်(VOM)မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခတွေချက်ချင်းရပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့နဲ့ ရခိုင်ပြည်နယ်တို့မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်တက်လာတဲ့အပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံပြီးတော့ ပြောဆိုကြပြန်ပါတယ်။ဘယ်လိုပုံစံမျိုးနဲ့မဆို ပဋိပက္ခပြင်းထန်လာခြင်းက ဖြစ်ပေါ်လာတဲ့ လူသားချင်စာနာမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့အတွက် တင်းမာမှုတွေ လျှော့ချရေး၊ အရပ်သားတွေကို အကာကွယ်အကွယ်ပေး လုံခြုံမှုရှိစေရေး၊ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာဖို့၊ အကြမ်းဖက်ပဋိပက္ခကို ချက်ချင်းရပ်ဖို့နဲ့ အဆုံးစွန်ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အချိန်နဲ့တပြေးညီ ပေးပို့နိုင်မယ့် ဘေးကင်းတဲ့ဝန်းကျင်တခု ဖန်တီးရေးအပါအဝင် အရပ်သားတွေအပေါ် ပဋိပက္ခတွေကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် အရေးပေါ်လုပ်ဆောင်မှုတွေပြုလုပ်ဖို့ကိုလည်း ဝန်ကြီးတွေက တောင်းဆိုထားပါတယ်။အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိုနှိုင်းမှုဌာနနဲ့…
Read Moreမြဝတီတံတား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ၊ အရပ်သားလေးယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေကာ အိမ်တွေပါ မီးလောင်မှုရှိ
မြဝတီ ၊ ဧပြီ ၂၀ – ၂၀၂၄ GG (VOM) မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုတွေ ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ၊မြေပြင် ပစ်ခတ်မှုတွေ ခုညနေပိုင်းအထိ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်းမှာ မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်နေထိုင်သူတွေထဲက စစ်ရှောင်ထွက်လာတဲ့ အရပ်သားဒေသခံကားနှစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသားတယောက်သေဆုံးခဲ့သလို အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် အမှတ်၂ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်လူနေရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသမီးကြီးတယောက်လည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေပါရှိနေတယ်လို့သိရပါတယ်။ ” လက်နက်ကြီး ကတော့ လေယာဉ်နဲ့ တောက်လျှောက်ဝဲပြီးပစ်တယ်။တံတား၂ဘက်ပေါ့။အဲ့ဒီဘက်ပစ်တာပေါ့။ခုထိလည်းပစ်နေတုန်းပဲ လာပစ်လိုက်ပြန်သွားလိုက်လုပ်နေတာ။ အရပ်သားကားပစ်ခံရတာက သူတို့ကမှားပစ်တာပေါ့။ အရပ်သားကားနှစ်စီးက စစ်ရှောင်ထွက်လာတာ သူတို့ကအတွေ့ကြုံလည်းမရှိဘူး၊အလံဖြူလည်းမထောင်ထားဘူး၊ကားမှန်လည်းချမထားဘူး၊အရှိန်ကလည်းများတယ်၊လာတာကလည်းတံတား၂ဘက်ကနေထွက်လာတာဆိုတော့ ခလရ၂၇၅ ကစစ်သားတွေထွက်လာတယ်ဆိုပြီး ရေပူလမ်းဆုံရောက်နေတဲ့အဖွဲ့စုံကဝိုင်းပစ်တော့ ဘေးကိုထိုးကျသွားတာ၊ပြီးတော့မှ မှားသွားတယ်ဆိုပြီး ဆေးဘာညာထည့်ပေးပေမယ့် သုံးယောက်က ဆေးရုံရောက်သေဆုံးသွားတယ်။နောက်ဒဏ်ရာရအမျိုးသားတယောက်ကမဲဆောက်ဆေးရုံပို့ထားတယ်။လက်နက်ကြီးကျလို့သေဆုံးတာအမျိုးသမီးတယောက်ရှိတယ်ဆိုတော့အားလုံးလေးယောက်သေပါတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်ကျနော့ဆီတော့ စာရင်းကမရောက်သေးတော့သေချာမသိဘူး ” လို့…
Read More