မြဝတီတံတား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ၊ အရပ်သားလေးယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေကာ အိမ်တွေပါ မီးလောင်မှုရှိ

မြဝတီ ၊ ဧပြီ ၂၀ – ၂၀၂၄
GG (VOM)
မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းပစ်ခတ်မှုတွေ ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ၊မြေပြင် ပစ်ခတ်မှုတွေ ခုညနေပိုင်းအထိ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။
မြဝတီတံတား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ၊ အရပ်သားလေးယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေကာ အိမ်တွေပါ မီးလောင်မှုရှိ
တိုက်ပွဲအတွင်းမှာ မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်နေထိုင်သူတွေထဲက စစ်ရှောင်ထွက်လာတဲ့ အရပ်သားဒေသခံကားနှစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီး နှစ်ယောက်နဲ့ အမျိုးသားတယောက်သေဆုံးခဲ့သလို အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
မြဝတီတံတား တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ၊ အရပ်သားလေးယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေကာ အိမ်တွေပါ မီးလောင်မှုရှိ
ဒါ့အပြင် အမှတ်၂ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်လူနေရပ်ကွက်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသမီးကြီးတယောက်လည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေပါရှိနေတယ်လို့သိရပါတယ်။
” လက်နက်ကြီး ကတော့ လေယာဉ်နဲ့ တောက်လျှောက်ဝဲပြီးပစ်တယ်။တံတား၂ဘက်ပေါ့။အဲ့ဒီဘက်ပစ်တာပေါ့။ခုထိလည်းပစ်နေတုန်းပဲ လာပစ်လိုက်ပြန်သွားလိုက်လုပ်နေတာ။ အရပ်သားကားပစ်ခံရတာက သူတို့ကမှားပစ်တာပေါ့။ အရပ်သားကားနှစ်စီးက စစ်ရှောင်ထွက်လာတာ သူတို့ကအတွေ့ကြုံလည်းမရှိဘူး၊အလံဖြူလည်းမထောင်ထားဘူး၊ကားမှန်လည်းချမထားဘူး၊အရှိန်ကလည်းများတယ်၊လာတာကလည်းတံတား၂ဘက်ကနေထွက်လာတာဆိုတော့ ခလရ၂၇၅ ကစစ်သားတွေထွက်လာတယ်ဆိုပြီး ရေပူလမ်းဆုံရောက်နေတဲ့အဖွဲ့စုံကဝိုင်းပစ်တော့ ဘေးကိုထိုးကျသွားတာ၊ပြီးတော့မှ မှားသွားတယ်ဆိုပြီး ဆေးဘာညာထည့်ပေးပေမယ့် သုံးယောက်က ဆေးရုံရောက်သေဆုံးသွားတယ်။နောက်ဒဏ်ရာရအမျိုးသားတယောက်ကမဲဆောက်ဆေးရုံပို့ထားတယ်။လက်နက်ကြီးကျလို့သေဆုံးတာအမျိုးသမီးတယောက်ရှိတယ်ဆိုတော့အားလုံးလေးယောက်သေပါတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်ကျနော့ဆီတော့ စာရင်းကမရောက်သေးတော့သေချာမသိဘူး ” လို့ မြဝတီမြို့ ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတယောက်က ဒီနေ့ရဲ့ လက်ရှိအခြေအနေကို ပြောပြပါတယ်။
တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်က ဒေသခံတွေကတော့ ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းကိ​ု သောင်ရင်းမြစ်ကိုဖြတ်ပြီး စစ်ရှောင်သူ ၂၀၀ ကျော်လောက်ရှိသလို ထပ်မံပြီး သောင်းရင်းမြစ်ကိုဖြတ်ကာ စစ်ရှောင်မယ့်သူတွေအမ​ျားအပြားလည်းရှိနေပေမယ့် လတ်တလောမှာထိုင်းဘက်ကပေးမဝင်တာကြောင့် မြဝတီဘက်သောင်ရင်းမြစ်ကမ်းက အမှတ်၁၂ ဂိတ်၊အမှတ် ၁၃ ဂိတ်၊၉၉၉ ဂိတ်တွေမှာ စစ်ရှောင်တွေ ခိုလှုံနေကြရတယ်လို့သိရပါတယ်။
“ဂိတ်တွေထဲမှာစစ်ရှောင်တွေရောက်နေကြတယ်။အမှတ်၁၃ ဂိတ်ထဲမှာရော၊အဲ့မှာကဂိုဒေါင်တွေလည်းရှိတယ်ဆိုတော့ ထိုင်းဘက်ကပေးမဝင်သေးချိန်မှာ ယာယီခိုလှုံကြတယ်။တံတား၂ဘက်ကပြည်သူတွေအကုန်လုံးစစ်ရှောင်ကြသလို မြို့ပေါ်က လူတွေလည်းစစ်ရှောင်သူရှိလာတယ်။အခုကအရေးပေါ်အခြေအနေဆိုတော့ တံတား၁ကနေ ဖြတ်သွားဖို့မလွယ်ဘူး။ဒီတော့သောင်ရင်းမြစ်ကိုကူးပြီး ထိုင်းကိုစစ်ရှောင်ဖို့ကြိုးစားကြတာပေါ့ ” လို့ သူကထပ်မံပြောပြပါတယ်။
လက်ရှိမှာတိုက်ပွဲက ပြင်းထန်နေတာကြောင့် မြဝတီ အမှတ်၂ ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးတွေကျရောက်လို့ နေအိမ်အချို့လည်းမီးလောင်မှုတွေဖြစ်ပွားနေပါတယ်။
မြဝတီမြို့အပြင် နေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက နေရာယူထားပြီး လုံခြုံရေးတင်းကြပ်ထားတဲ့အခြေအနေရှိပြီး မြို့ထဲမှာတော့ အသွားအလာရှင်းနေတယ်လို့သိရပါတယ်။
မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်စည်းမျဥ်းတလျှောက်မှာ လက်နက်အသင့်ပြင်ထားပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့သိရပါတယ်။
လက်ရှိမှာ အမှတ်၁ ချစ်ကြည်ရေးတံတားက ဖွင့်လှစ်ထားဆဲဖြစ်လို့ မြဝတီကနေ မဲဆောက်ကို စစ်ရှောင်ဖို့အတွက် သွားသူထောင်ချီရှိနေသလို သောင်ရင်းမြစ်ကိုကူးပြီး မဲဆောက်ဘက်ကိုစစ်ရှောင်ဖို့အတွက် စောင့်နေတဲ့ဒေသခံလည်းအများအပြားရှိနေပါတယ်။
မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားအောက်မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ တပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား မနေ့ကဧပြီ ၁၉ ရက်နေ့ညကစပြီး တိုက်ပွဲဖြစ်ပွားကာ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲဆက်ဖြစ်ပြီးပြင်းထန်နေတာပဲဖြစ်ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW