တဲလ်အဗစ်၊ ဧပြီ-၈-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာတောင်ပိုင်း ခန်းယွန်နစ်ရှိ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ ရာဖာမှာပြုလုပ်မယ့် စစ်ဆင်ရေးတွေအပါအဝင် နောက်ထပ်စစ်ဆင်ရေးတွေ ပြင်ဆင်ဖို့အတွက် ဆုတ်ခွာခဲ့တာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လ်လန့်က ပြောပါတယ်။ ပါလက်စတိုင်း ဒုက္ခသည် အများအပြားကတော့ တောင်ဘက်စွန်း ခရိုင်တခုမှာ ခိုလှုံနေကြပါတယ်။ ခန်းယွန်နစ်ဟာ လအတန်ကြာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြုံတွေခဲ့ရတဲ့မြို့ဖြစ်ပြီး မြို့နဲ့အနီးတဝိုက်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအတွက် အစ္စရေးနဲ့ ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့တွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို စေလွှတ်ထားကြောင်း အစ္စရေးနဲ့ ဟားမတ်စ်တို့က ထုတ်ပြန်ထားပါတယ်။ နှစ်ဘက်အကြား နက်ရှိုင်းတဲ့ မတူကွဲပြားမှုတွေရှိနေပြီး ဒါတွေကို ပြေလည်ဖို့ မရေရာ မသေချာအခြေအနေဖြစ်ပါတယ်။ ဟားမတ်စ်တို့ကို အပြီးသတ်ချေမှုန်းမယ်လို့ အစ္စရေးက ရည်ရွယ်ထားပေမယ့် ဟားမတ်စ်တို့ကတော့ ထာ၀ရအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ…
Read MoreMonth: April 2024
ဒုတိယမြောက် ပြည်တွင်းဖြစ်ထောက်လှမ်းရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်
ဝါရှင်တန်၊ ဧပြီ-၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားဟာ သူ့ရဲ့ဒုတိယမြောက် ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းကနေ SpaceX ရဲ့ Falcon-9 ဒုံးပျံနဲ့ လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပထမဆုံး သူလျှိုဂြိုဟ်တုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကယ်လီဖိုးနီးယားရှိ ဗန်ဒါဘာ့ဂ် အာကာသတပ်ဖွဲ့အခြေစိုက်စခန်းကနေ ကမ္ဘာပတ်လမ်းကြောင်းကို တောင်ကိုရီးယားက လွှတ်တင်ခဲ့ပါတယ်။ Falcon-9 ဒုံးပျံနဲ့ သယ်ဆောင်သွားတဲ့ တောင်ကိုရီးယား သူလျှိုဂြိုဟ်တုဟာ ဧပြီ ၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ၁၇ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်အကြာမှာ ဂြိုဟ်တုကို ဒုံးပျံကနေခွဲထုတ်ပြီး ကမ္ဘာပတ်လမ်းထဲကို နေရာချနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။ လွှတ်တင်ပြီး ၂ နာရီ ၄၀ မိနစ်အချိန်မှာတော့ ဂြိုဟ်တုဟာ မြေပြင်အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။…
Read Moreမတည်ငြိမ်တဲ့ နယ်စပ်မြို့တွေက အစိုးရဝန်ထမ်းတွေ အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင်မှုတွေရှိနေ
ဧပြီ ၈၊ ၂၀၂၄ Shy V (VOM) မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ နယ်စပ်မြို့တွေက အစိုးရ ဝန်ထမ်းတွေ အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင်မှုတွေရှိနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ် နယ်စပ်ဒေသက ဝန်ထမ်းတွေဝောာ့ အခြေအနေ ရှုပ်ရင် တရုတ်နယ်စပ် ကျယ်ဂေါင်ဘက် သွားနေတယ်။ ကျယ်ဂေါင် ကနေပဲ မူဆယ်ဘက် ရုံးတက်ရတယ်။ အခြေအနေပေါ်မူတည်ပြီး မူဆယ်ဘက်လည်း နေတယ်” လို့ မူဆယ်နယ်စပ်က ဝန်ထမ်း တယောက်က ပြောပါတယ်။ ၁၀၂၇ ကာလကစ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းက မူဆယ် အပါအဝင် မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ၁၀၅ မိုင်၊ နမ့်ခမ်း တွေထဲက ဌာနဆိုင်ရာ ဝန်ထမ်း တွေ ဘေးကင်းရာ ရှောင်တိမ်းရှောင်တိမ်းနေကြရတာ လို့ဆိုပါတယ်။ ချင်းရွှေဟော် နယ်စပ်က ဌာနဆိုင်ရာ ဝန်ထမ်း တချို့လည်း…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၄၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၆၆ ကျပ် ဝယ်ဈေး – ၄၀၈၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၁၇ ကျပ် ဝယ်ဈေး – ၁၀၂.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၀ ကျပ် ဝယ်ဈေး – ၈၅၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၈ ကျပ် ဝယ်ဈေး – ၅၀၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမိုဇမ်ဘစ်မှာ ကူးတို့သင်္ဘောနစ်မြုပ်မှု လူ ၉၀ ကျော်သေဆုံး
မာပူတို၊ ဧပြီ-၈-၂၀၂၄ မျိုးဆက်(VOM) မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၉၀ ကျော်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါသင်္ဘောပေါ်မှာ ခရီးသည် ၁၃၀ ကျော်လိုက်ပါသွားတယ်လို့ ယူဆရပြီး လက်ရှိမှာတော့ လူငါးဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ကာလဝမ်းရောဂါဖြစ်ပွားမှုကနေ ရှောင်တိမ်းလာကြတဲ့ နမ်ပူလာပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ ကူးတို့သင်္ဘောက သတ်မှတ်ထားတာထက် ခရီးသည်တွေ ပိုမိုတင်ဆောင်ခဲ့တာကြောင့် နစ်မြုပ်သွားပြီး တာဝန်ရှိသူတွေက အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ နမ်ပူလာပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကတည်းက ကာလဝမ်းရောဂါဖြစ်ပွားနေပြီး ကလေးငယ်တွေအပါဝင် လူများစွာ သေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ယူနီဆက်ဖ်ရဲ့အဆိုအရ လက်ရှိကာလဝမ်းရောဂါဖြစ်ပွားမှုဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်ပြီး၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ရောဂါဖြစ်ပွားသူ ၁၃၇၀၀ ရှိပြီး ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါအပြင် နမ်ပူလာပြည်နယ်နဲ့ အိမ်နီးချင်း ကာဘိုဒယ်ဂါဒိုပြည်နယ်မှာလည်း ပြီးခဲ့တဲ့ခြောက်နှစ်ကစလို့ အစ္စလာမ္မစ် သောင်းကျန်းသူတွေရဲ့…
Read MoreThis Day in History
Voice of Myanamr ဗြိတိန်နိုင်ငံရေးသမားနှင့် ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူ မာဂရက်သက်ချာသည် ၂၀၁၃ ခုနှစ် ဧပြီ ၈ ရက်တွင် ကွယ်လွန်ခဲ့သည်။
Read Moreတောင်ကြီး – အေးသာယာ အဆင်းလမ်းမှာ တွဲကား လမ်းချော်ပြီး ၊ ယာဥ်နှစ်ဆင့်တိုက်မိလို့ သုံးယောက်သေ ၊ ငါးယောက်ထက်မနည်း ဒဏ်ရာရ
ဧပြီ ၊ ၈ ၊ ၂၀၂၄ SP (VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့ ၊ တောင်ကြီး – အေးသာယာ အဆင်းလမ်း ၊ ပစောက်ကွေ့အနီး ၊ စစ်ဆေးရေးဂိတ်အလွန် နေရာမှာ မနေ့ ဧပြီ ၇ ရက် ၊ ညနေ ၆ နာရီဝန်းကျင်က ကုန်တင်တွဲကား တစ်စီး လမ်းချော်ပြီး ကားနှစ်စီးအပေါ် ဆင့်တိုက်မိတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကုန်တင်တွဲကားက လမ်းချော်ပြီး အိမ်စီးကားလေးဖြစ်တဲ့ Pro box နဲ့ Honda fit ကားနှစ်စီးကို ဆင့်တိုက်မိတယ် ၊ အဲ့ဒီလို ကားနှစ်စီး ဆင့်တိုက်မိတာကြောင့် အိမ်စီးကားပေါ်မှာ လိုက်ပါလာတဲ့ သူတချို့ ထိခိုက်သေဆုံးတယ် ၊ သေဆုံးသူ သုံးယောက်ရှိသွားပြီဖြစ်တယ်…
Read Moreမန္တလေးတိုင်းမှာ လေပြင်းတိုက်ခတ်လို့ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့
မန္တလေး၊ ဧပြီ ၈-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးတိုင်းမှာ ဧပြီ(၇)ရက် ည(၇)နာရီခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ခဲ့လို့ လူသေဆုံး၊ ထိခိုက်ဒဏ်ရာရတာနဲ့ ကား၊ဆိုင်ကယ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မင်းဂံကျေးရွာမှာ လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး လက်ပံပင် ပြိုကျမှုကြောင့် အသက်(၆၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး အပင်ပိ သေဆုံးကာ အသက်(၄၅)နဲ့ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး(၂)ဦးလည်း ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းနဲ့ ၇၃လမ်းထောင့်မှာ ပြုလုပ်ထားတဲ့ “မြန်မာ့နှစ်ကူးအတာရေသဘင်ပွဲတော်”စာတန်းပါ ဆိုင်းဘုတ်ကြီး ပြိုကျခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။ ” မီးသတ်ကတော့ သတင်းရရခြင်း 191(ကယ်ဆယ်ရေး)ကားထွက်ပါတယ်၊ သန္ဓေ အရန် ပူပေါင်းအဖွဲ့နဲ့ ကယ်ဆယ်ရှင်းလင်းရေတွေလုပ်တယ်လို့ သိရတယ်၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရတယ်၊ ကား(၂)စီးနဲ့ ဆိုင်ကယ်(၁)စီး ပျက်စီးမှုဖြစ်ခဲ့တယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူ(၁)ဦးကပြောပါတယ်။ ဖြစ်စဉ်မှာ…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၇ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More