ဧပြီ ၂၉ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်းရှိ တွံတေးခရိုင်တခုလုံးကို ညမထွက်ရအမိန့် တိုးမြှင့်လိုက်တာကြောင့် အခက်တွေ့ နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။တွံတေးခရိုင်အတွင်းက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တို မြို့တွေအားလုံးကို ညမထွက်ရအချိန် ပြောင်းလဲ တိုးမြှင့်လိုက်တာဖြစ်ပြီး အရင် ထုတ်ပြန်ထားတဲ့ မနက် ၁ နာရီကနေ မနက် ၃ နာရီအတွင်း ညမထွက်ရအချိန်အစား ဧပြီလ ၂၅ ရက်နေ့ကစလို့ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရလို့ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ဒါကြောင့် အဲဒီခရိုင် ငါးမြို့နယ်ထဲက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊ အခြေခံ လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။အခုလို ညမထွက်ရအမိန့် ထွက်ပေါ်လာပြီးနောက် ဒလမြို့ကနေ ရန်ကုန်ဘက်ခြမ်းကို သွားလာနေတဲ့ စက်သမ္ဗာန်တွေကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့…
Read MoreMonth: April 2024
မြန်မာ့အရေး ထရိုင်ကာဆွေးနွေးပွဲတွေလုပ်ဖို့ ထိုင်းအဆိုပြုချက် အာဆီယံဥက္ကဌ လာအိုကြိုဆို
ဘန်ကောက်၊ ဧပြီ-၂၉-၂၀၂၄မျိုးဆက်(VOM)နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြေလည်ရေးအတွက် အာဆီယံရဲ့ ထရိုင်ကာနဲ့ ထရိုင်ကာပလပ်စ် ဆွေးနွေးပွဲတွေလုပ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုချက်ကို အာဆီယံအလှည့်ကျ ဥက္ကဌ လာအိုနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မကြာသေးမီက တင်းမာမှုတွေမြင့်တက်ပြီးနောက် ပဋိပက္ခတွေ လျော့ပါးရေးအတွက် ထရိုင်ကာဆွေးနွေးပွဲတွေလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထိုင်းနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံက အဆိုပြုခဲ့တဲ့ ဒီအစီအစဉ်ကို လာအိုနိုင်ငံအနေဖြင့် ကြိုဆိုပြီး ဒီဆွေးနွေးတွေအတွက် ထည့်သွင်းစဉ်းစားနေကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။အာဆီယံရဲ့ ထရိုင်ကာ အစီအစဉ်မှာ အာဆီယံအလှည့်ကျဥက္ကဌဟောင်း အင်ဒိုနီးရှား၊ လက်ရှိဥက္ကဌ လာအိုနဲ့ နောက်နှစ်ဥက္ကဌ မလေးရှားတို့ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေဖြစ်ကာ ထရိုင်ကာပလပ်စ်ကတော့ ဒီသုံးနိုင်ငံအပြင် အခြားအာဆီယံနိုင်ငံတွေ ပါဝင်မှုကို ရည်ညွှန်းပါတယ်။ဒီဆွေးနွေးပွဲတွေအတွက် ကျင်းပမယ့် အချိန်ကာလကို အတိအကျမသိရသေးကြောင်းနဲ့ အလှည့်ကျဥက္ကဌ လာအိုအနေနဲ့ အခြားအာဆီယံနိုင်ငံတွေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၉ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၇၀ ကျပ်ဝယ်ဈေး – ၃၉၁၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၂ ကျပ်ဝယ်ဈေး – ၅၃၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၀၇ ကျပ်ဝယ်ဈေး – ၂၄.၅၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၇၉ ကျပ်ဝယ်ဈေး – ၄၆.၇၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၈ ကျပ်ဝယ်ဈေး – ၂.၈၂ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၂၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၃၅ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၈၁၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၇၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၆၁၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၇၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအရှေ့တောင်အာရှနဲ့ တောင်အာရှတဝန်းမှာ ဆိုးရွားတဲ့အပူလှိုင်းဖြတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေ
ဘန်ကောက်၊ ဧပြီ-၂၉-၂၀၂၄ မျိုးဆက်(VOM) တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတဝန်းရှိ နိုင်ငံအများအပြားမှာ ဆိုးရွားတဲ့ အပူလှိုင်းဖြတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အပူချိန်တွေဟာ ဆက်လက်မြင့်တက်နေပါတယ်။ ဒေသတွင်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာတော့ စံချိန်တင်ပူပြင်းမှုအပြီးနောက်တနေ့မှာတော့ အစိုးရကျောင်းတွေအားလုံးကို နှစ်ရက်ကြာ ပိတ်လိုက်ကြောင်း ဧပြီ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွင်း အပူလှိုင်းကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ဧပြီ ၂၇ ရက်မှာ အပူချိန် ၄၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွားပြီး အာဏာပိုင်တွေက အပူချိန်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒါအပြင် ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိနိ္ဒယနဲ့ ဘင်္ဂလားဒေ့ရှေ့နိုင်ငံတို့မှာလည်း အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကို…
Read MoreThis Day in History
Voice of Myanmarဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၉၁ ခုနှစ် ဧပြီ ၂၉ ရက်က တိုက်ခတ်ခဲ့သော အင်အားပြင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးခဲ့ပြီး လူ ၁၀ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
Read Moreကလေးမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် တလအတွင်း သေဆုံးသူ လူ ၂၀ ကျော်ရှိ
ဧပြီ ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ် ၂၇ ကနေစပြီး ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထိခိုက်သေဆုံးသူ ၂၀ ကျော်ရှိလာပြီး ၊ ကျေးရွာပေါင်း ခုနှစ်ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” တ်ိုက်ပွဲတွေဖြစ်နေတာက ၊ ကလေးမြို့နယ် မြောက်ပိုင်း ၊ ဆည်တော်ဦး ၊ ကျောင်းတိုက် ၊ နန်းချောင်း ၊ ပြည်တော်သာ ၊ ပျဥ်းတောဦး ၊ ပျဥ်းခုံကြီး ၊ ပျဥ်းခုံလေး ၊ မိုင်နွဲ့ စတဲ့ ရွာဘက်တွေမှာ ဖြစ်တယ် ၊ အဲ့ဒီရွာတွေက ရွာခံ…
Read Moreမမြရင် ပါးပေါ်က အမာရွတ်လေး
ဆူးငှက် လေဘာတီမမြရင်အကြောင်း လွမ်းဆွတ်ဖွယ်ရာ ပြန်လှန်ပြောကြတော့ သူ့ပါးလေးပေါ်က အနာရွတ်လေး အကြောင်းက ပါစမြဲဖြစ်သည်။ ထိုစဉ်ကာလ မမြရင်တို့ စန်းထလိုက်ပုံက အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အရွယ်ပေါင်းစုံ၏အသည်းကျော် ဖြစ်နေသည်။ အငြိမ့်အပြီး မမြရင်နှင့် မိခင်ကြီး ဒေါ်ဉာဏ်ရုံတို့ အိမ်ပြန်မယ်ဆိုလျှင် လိုက်ပို့ချင်သူတွေက မရှား၊တန်းကို စီလို့တဲ့။ တစ်ခါတရံ ပုန်းရှောင်ပြီးမှ ဆိုက်ကားလေးနှင့်ပဲ လူသူမသိ ပြန်ကြရသည်။ သို့သော် ပရိသတ် အထင်အမြင်လွဲမှာ စိုးသောကြောင့် လိုက်ပို့ချင်သူ၏ ဆန္ဒကိုလိုက်လျောကာ သူတို့ကားပေါ် သားအမိနှစ်ယောက်သား ထိုင်လိုက်ရသည်လည်း ရှိသည်။ တစ်ညသား မြို့လယ်ခေါင် ဈေးခိုအနီးတွင် အငြိမ့်ရှိသောအခါ ထိုညပွဲအပြီးတော့ လိုက်ပို့ပါရစေဟု တစာစာပူဆာနေသူ တစ်ဦးကို လိုက်လျောခဲ့သည်။ သူကလည်း မမြရင် ပွဲကရာ အမြဲလိုက်ပါပြီး အငြိမ့်ပြီးသည်အထိ ကြည့်ရှုပြီးလိုက်ပို့ပါရစီ…
Read Moreမူဆယ်က ဂိမ်းဆိုင် တဆိုင်မှာ ဗုံးပစ်ထည့်ခံရလို့ လူသုံးယောက် ထိခိုက်ဒဏ်ရာရ
ဧပြီ ၂၈၊ ၂၀၂၄Shy V (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မန့်ဝိန်း ၁ လမ်းနားက ဂိမ်းဆိုင် တဆိုင်မှာ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ည ၁၀ နာရီ ကျော်ခန့်က ဗုံးပစ်ထည့်ခံရပြီး ဆိုင်ထဲက လူ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“ဗုံးပေါက်ကွဲတာ ဟုတ်တယ်။ မန့်ဝိန်း ၁ လမ်းမှာ။ အပြင်ကနေ ပစ်ထည့်တာ။ အခွန်မဆောင်လို့ ပေါ့။ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ထိသွားတယ်။ နည်းနည်းပေါ့။ အရမ်းကြီး မစိုးရိမ်ရပါဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ဗုံးသံ နှစ်ချက် လောက်ကြားရပြီး လက်နက်သေးသံတွေလည်း ခြောက်ချက်လောက် ကြားရတယ်။ ကားတွေလည်း မြန်မြန် မောင်းနေသံ ကြားရတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။“မူဆယ်မှာက မူးယစ်ဆေးဝါး၊…
Read More“စောင့်ပက်”နဲ့”စကားလေးတစ်ခွန်းပဲဖြေပါချစ်လား”သီချင်း သီဆိုသူနဲ့ သရုပ်ဆောင်တွေ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ
ရန်ကုန် ၊ ဧပြီ ၄ – ၂၀၂၄GG(VOM)” စောင့်ပက် ” သီချင်းနဲ့ ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား “သီချင်း သီဆိုသူတွေနဲ့ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။စောင့်ပက် ” သီချင်းကို ညောင်တုန်းဌေးဝင်း ဆိုသူက ရေးသားပြီး ဆံပင်သင်တန်းကျောင်းဖွင့်လှစ်ထားတဲ့ ချန်းလုံ က သီဆိုထားပြီးကိုယ်တိုင်သရုပ်ဆောင်ထားတာဖြစ်သလို“စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” ဆိုတာကိုတော့ အဆိုတော် ဘရောင်း က ဖန်တီးကာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့သိရပါတယ်။” ပထမတခါက ဘီယာဗိုက်အရေးယူတယ်၊အခု နောက်ထပ်နှစ်ခုထပ်အရေးယူတာပေါ့။ ချန်လုံးဆိုထားတဲ့ “စောင့်ပက် “သီချင်းကတော့ စာသားတွေတော်တော်ကိုဆိုးနဲ့အခြေအနေရှိတယ်၊သီချင်းစထွက်လာကတည်းကလူတိုင်းကလည်း ပြောကြတယ်၊ အမှန်ဆိုသီချင်းစထွက်ကတည်းကအရေးယူသင့်တာ၊အခုကနောက်တောင်ကျတယ်ပြောရမယ်။ ဘီယာဗိုက်သီချင်းနဲ့ပတ်သက်လို့အရေးယူထားတယ်ဆိုတာပဲသိတယ်၊နောက်ဆက်တွဲကရဲစခန်းဘက်မေးမှရမယ် ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တဦးကမှတ်ချက်ပြုပါတယ်။အဆိုပါတေး သီချင်းနှစ်ပုဒ်ဟာ မြန်မာ့ ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်တဲ့ သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသားနဲ့ ဖန်တီး ခြင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့တဲ့…
Read More