မန္တလေး၊ ဧပြီ- ၂- ၂၀၂၄ SA(VOM) မန္တလေးမြို့မှာကျင်းပမယ့် သင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့တော်ဝန် မဏ္ဍပ်အပြင် မြို့အနှံ့မှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးနဲ့ စတုဒိတာမဏ္ဍပ် အများအပြားဆောက်လုပ်နေကြပြီး တချို့မဏ္ဍပ်တွေလည်း ဆောက်လုပ် ပြီးစီးနေပြီဖြစ်ပါတယ်။ မန္တလေးကျုံးမြို့ရိုးပတ်လည်မှာ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၁၂ ခု၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၄ ခု ရှိတယ်လို့ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီကနေ သိရပါတယ်။ ကျုံမြို့ရိုးအရှေ့ဘက်ခြမ်း ၆၆ လမ်းပေါ်၊ ၁၂ လမ်းကနေ ၂၆ လမ်းအထိ ဖျော်ဖြေရေးပါဝင်တဲ့ ရေကစားမဏ္ဍပ်အကြီး ၄ ခု၊ ၁၂ လမ်းနဲ့ ၁၉ လမ်းကြား ၆၆ လမ်းပေါ်မှာ ရေကစားမဏ္ဍပ်အကြီး ၂ ခု၊ ၁၉ လမ်းနဲ့ ၂၆ လမ်းကြား ၆၆ လမ်းပေါ်မှာ ရေကစားမဏ္ဍပ်အကြီး ၂ ခု…
Read MoreMonth: April 2024
အယ်လ်နီညို အရှိန်ကြောင့် အပူချိန်မြင့်တက်မှုနဲ့အတူ သက်ရောက်မှုတွေ ဆက်လက်ရှိနိုင်
ဧပြီ ၂ – ၂၀၂၄ SN (VOM) အယ်လ်နီညိုရာသီဖြစ်စဉ်ဟာ လက်ရှိမှာ အားလျော့ကျတဲ့ဘက်ကို ဦးတည်နေပေမယ့် သက်ရောက်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။ “ပုံမှန်အားဖြင့် အပူချိန်မြင့်တက်တဲ့ မြန်မာ့နွေရာသီမှာ အီကွေတာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေပြင် ပိုပူနွေးမှုကြောင့် ဖြစ်ရတဲ့ အယ်လ်နီညိုရာသီဖြစ်စဉ်က လက်ရှိမှာတော့ အားလျော့ကျတဲ့ဘက်ကို ဦးတည်နေပေမယ့် သက်ရောက်မှုတွေက ဆက်ရှိနေမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း နေ့အပူချိန် စံချိန်သစ်တွေတင်တဲ့ ဒေသတွေ နေ့စဉ် ထုတ်ပြန်ပေးနေတာ တွေ့ရမှာဖြစ်ပါတယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။ မိုး/ဇလရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့၊ နေ့အပူအချိန် စံချိန်သစ်တင်တဲ့ ဒေသတွေကတော့ ချောက်၊ ဇောင်းတူ၊ ရေးမြို့နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။…
Read Moreဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးတိုက်ခိုက် ဖျက်စီး၊ ထိပ်တန်းဗိုလ်ချုပ်အပါအဝင် ခုနှစ်ယောက်သေဆုံး
ဒမတ်စကတ်၊ ဧပြီ-၂-၂၀၂၄ မျိုးဆက်(VOM) ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း ဆီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကြောင့် အီရန်တပ်ဖွဲ့ဝင် ခုနှစ်ယောက်သေဆုံးသွားပြီး အဆောက်အအုံ ပျက်စီးသွားကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းဗိုလ်ချုပ်ဖြစ်သူ မိုဟာမက်ဇာဟီဒီနဲ့ လက်ထောက်ဖြစ်သူတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်တွေကို တိုက်ခို်ကမှုရာနဲ့ချီပြုလုပ်ခဲ့ပေမယ့် တို်ကခို်ကမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ အစ္စရေးသည် လက်ဘနွန်ရှိ ဟဇ်ဘိုလာနဲ့ ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွတွေရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာစစ်ပွဲစတင်ကတည်းက တိုက်ခို်ကမှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။ Ref:BBC Photo:CNN
Read MoreThis Day in History
Voice of Myanamr မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို အရှိန်မြှင့်စေနိုင်ခဲ့သည့် ယောင်ဗြွန်းနျူကလီးယား ဓာတ်ပေါင်းဖိုကို ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ပြန်လည်စတင် လည်ပတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Read Moreထောင်ချခံထားရတဲ့ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးနှစ်ယောက် ပြန်လွတ်လာ
မြစ်ကြီးနား- ဧပြီ ၁ – ၂၀၂၄ GG (VOM) ကချင်ပြည်နယ် အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့နှစ်ယောက်ဟာ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ မြစ်ကြီးနား အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ်။ ” ပြန်လွတ်လာတာဟုတ်တယ်လို့ အတည်ပြုချက်ရပါပြီ၊ ဝန်ကြီး နှစ်ယောက် လုံးပြန်လွှတ်တာပါ၊ အခုသိရတာတော့ လျှော့ရက်တွေနံ လွတ်ရက်စေ့လို့လွတ်တဲ့သဘောပါ ၊ ဝန်ကြီးနဲ့တော့ခုထိမတွေ့ရသေးဘူး၊ အိမ်ကိုတော့ပြန်ရောက်ပြီးပြောတယ် ” လို့ ကချင်ပြည်နယ် NLD ပါတီဝင် တယောက်ကပြောပါတယ်။ ဝန်ကြီး ဦးနော်လီနဲ့ ဦးဝင်းညွန့်တို့ဟာ နစက တာဝန်စယူတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ မှာပဲ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ ဝန်ကြီးနှစ်ယောက်လုံးကို ကချင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် ၃ နှစ်နဲ့ အလုပ်ကြမ်း…
Read Moreစစ်မှုထမ်းဥပဒေကြောင့် စက်ရုံ အလုပ်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးလာ
ရန်ကုန် ၊ ဧပြီ ၁ -၂၀၂၄ GG (VOM) စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြုပြနောက်ပိုင်း ပြည်တွင်းက စက်မှုဇုန်တွေ၊ အလုပ်ရုံတွေ၊ဆောက်လုပ်ရေးလုပ်ငန်းခွင် ၊စားသောက်ဆိုင်အပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှုပြဿနာ ကြုံတွေ့နေရတယ်လို့သိရပါတယ်။ ” စစ်မှုထမ်းရမယ်ဆိုတော့ ကလေးတွေက ဒီမှာမလုပ်ရဲကြဘူး။သူတို့ရပ်ရွာလည်းမပြန်ရဲကြဘူး။ဒီတော့ အလုပ်ထွက်သူကထွက်သွားကြတယ်၊ အလုပ်မထွက်သေးဘဲ အချိန်စောင့်ကြည့်နေတဲ့ လူငယ်တွေလည်းရှိနေတယ်။ခုဆိုညဘက် အချိန်ပိုဆင်းတာလည်း လူမရှိတော့ဘူး။ ကြောက်ကုန်ကြတာပေါ့။တချို့ခုသင်္ကြန်ပိတ်ရက်တောင်အိမ်မပြန်ရဲလို့မပြန်ကြသူတွေရှိမယ်။ မိန်းကလေးလောက်ပဲ ပြန်တာများမယ် ” လို့ အထည်ချုပ်စက်ရုံပိုင်ရှင် တယောက်ကပြောပြပါတယ်။ ရန်ကုန်အပါအဝင် နေရာအများစုမှာ လုပ်ကိုင်နေကြတဲ့ လူငယ် အလုပ်သမားအချို့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းက လုပ်လက်စ အလုပ်အကိုင်ကို စွန့်ခွာပြီး ပြည်ပကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်မှုပိုများလာနေတာကြောင့် လူငယ်အလုပ်သမားရှားလာနေသလို ၊ တဖက်မှာလည်း စစ်မှုထမ်းဖို့ စာရင်းပါတဲ့အတွက် စစ်မှုထမ်းသင်တန်းတက်ရောက်ရသူတွေရှိလာလို့ အလုပ်သမားရှားပါးလာနေတာဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင် စစ်မှုထမ်းဖို့ အတွက် ကနဦး…
Read Moreယနေ့ ရွှေဈေး (ဧပြီ – ၁ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreရွေးကောက်ပွဲမတိုင်ခင် အိန္ဒိအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဒေလီမှာ အကြီးအကျယ်ဖြစ်ပွား
ဒေလီ၊ ဧပြီ-၁-၂၀၂၄ မျိုးဆက်(VOM) အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ဒေလီဝန်ကြီးချုပ် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယအတိုက်အခံမဟာမိတ်အဖွဲ့ဟာ မြို့တော်ဒေလီမှာ ဆန္ဒပြပွဲအကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ အတိုက်အခံတွေ မဟာမိတ်ဖွဲ့ပြီးနောက် အကြီးမားဆုံးသော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဖြစ်ပြီး လူဦးရေ တသောင်းကျော် ပါဝင်ခဲ့ကြောင်း အတိုက်အခံတွေက ပြောပါတယ်။ ဒေလီဝန်ကြီးချုပ်ဖြစ်သူ အာဗင်ကက်ဂျ်ရီဝယ်လ်ဟာ မြို့တော်ဒေလီရဲ့ အရက်ရောင်းချမှု မူဝါဒနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ သူဟာ ဝန်ကြီးချုပ်မိုဒီကို ဝေဖန်လေ့ရှိသူအဖြစ် လူသိများပါတယ်။ တတိယသက်တမ်းအတွက် ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ်မိုဒီအစိုးရနဲ့ အတိုက်အခံတွေဟာ ဧပြီလထဲမှာ စတင်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။ အစိုးရအနေနဲ့ အတိုက်အခံအုပ်စုတွေကို ဖိနှိပ်နေပြီး ဒီမိုကရေစီကို ကာကွယ်ရမယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဒေလီဝန်ကြီးချုပ် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးကို လိုလားကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:NHK…
Read Moreလွယ်ဂျယ်မှာ ဌာဆိုင်ရာ ဝန်ထမ်းတွေပိတ်မိ နေဆဲ ဖြစ်ပြီး ဂျန်မိုင်မှာ ကုန်ကားတွေ ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ဧပြီ ၁၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ လွယ်ဂျယ်မှာ ဌာဆိုင်ရာ ဝန်ထမ်းတွေပိတ်မိနေဆဲ ဖြစ်ပြီး မံစီ မြို့နယ်၊ ဂျန်မိုင်ရွာ မှာ ဒီနေ့ ဧပြီလ ၁ ရက် နေ့ မနက် ၁ နာရီခွဲခန့်က ကုန်ကားတွေ ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဌာနဆိုင်ရာ ဝန်ထမ်းတွေက တရုတ်ဘက်ကနေ ထွက်သွားဖို့ ညှိနှိုင်းကြတာ တရုတ်ဘက်က ပြန်ခွင့်မပြုတော့လို့ နဂို နေရာပဲ ပြန်နေပြီး သောင်တင်နေကြတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လွယ်ဂျယ်မြို့ထဲ နဲ့ မြို့ပတ်ပတ်လည်မှာတော့ KIA နဲ့ ပူးပေါင်း…
Read MoreVOM ရဲ့ပြည်သူ့အသံကဏ္ဍကို ပေးပို့လာတဲ့ နေပြည်တော် ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းတွေ ဘဝ
ဝန်ထမ်းတွေမျက်နှာကိုကြည့်ပြီး သက်သာရာသက်သာကြောင်းအတွက် စဥ်းစားပေးကြပါရန် နေပြည်တော်ကို ရန်ကုန်မှ ပြောင်းရွှေလာကြတာ ၂၀၀၇ ခုနှစ်ကဆိုတော့ဆိုတော့ ခုဆိုရင်ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ စတင်ပြောင်းရွှေ့စဥ်က ရန်ကုန်ကမခွာချင်လို့အလုပ်ထွက်သူထွက်ကြ၊ အချို့လည်းဆန္ဒတွေပြုပြီးနေပြည်တော် အစိုးရရုံးစိုက်ရာနေရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ပြောင်းခါစမှာ မိသားစုတွေတကွဲတပြားမို့ နေပြည်တော်-ရန်ကုန်ယာဥ်လိုင်းတွေ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ယာဥ်စီးက ၄၅၀၀ ကျပ်သာပေးစီးရတာဖြစ်လို့ သောကြာလိုနေ့မျိုးတွေမှာ မြို့မစျေးကားဂိတ်ကနေ ရန်ကုန်ပြန်သူတွေ စည်ကားလို့ပေါ့။ နောက်တော့ နေပြည်တော်မှာဝန်ထမ်းတွေအတွက်အဆင့်မြင့်အိမ်ရာတွေ ဆောက်ပေးထားလို့ အခမဲ့နေထိုင်ခွင့်ရကြပါတယ်။ ရုံးသွား၊ရုံးပြန်ဖယ်ရီတွေစီစဥ်ပေးထားလို့ ကားခမကုန် အိမ်ငှားခမပေးရဘဲနေထိုင်ခွင့်ရခဲ့ကြပါတယ်။ နေအိမ်မှာနေကြရတဲ့ဝန်ထမ်းတွေအတွက် အခမဲ့ တစ်နှစ်နီးပါးလျှပ်စစ်မီးအခမဲ့၊ တီဗီပလပ်ထိုးကြည့်လို့ရအောင် အဲဒီခေတ်အစိုးရ(နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးကောင်စီ)က စီစဥ်ပေးထားခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာအနီးဝန်းကျင်မှာ လစာနဲ့ အဆင်မပြေသူတွေ ကွမ်းယာ၊စားဖွယ်စုံတွေရောင်းချကြပါတယ်။ ဝန်ထမ်းရပ်ကွက်တစ်ခုမှာ စျေးတစ်စျေးစီရှိနေတာကြောင့်နေထိုင်ရတာအဆင်ပြေကြပါတယ်။ မြို့မစျေးလိုစျေးလိုနေရာမျိုးကို အလှည့်ကျရုံးဆင်းချိန်မှာပို့ပေးသလို၊အချို့ဝန်ကြီးဌာနတွေက ရုံးပိတ်ရက်တွေမှာ စျေးကားထွက်ပေူလို့ အဆင်ပြေခဲ့ပါတယ်။ ခုဆိုရင် အမှုထမ်းအိမ်ရာတွေဘက်မှာဝန်ထမ်းတွေဟာ မိမိတို့အိမ်ရာအနီးမှာ ယာယီဆိုင်လေးတွေဖွင့်ပြီး လ္ဘက်ရည် ၊ကွမ်းယာ ၊ရခိုင်မုန့်တီ၊ အသုတ်စုံဆိုင်လေးတွေဖွင့်ပြီးဝမ်းရေးအဆင်ပြေအောင်ဖန်တီးနေကြရပါတယ်။ အခုရက်ပိုင်းအမှုထမ်းအိမ်ရာတွေကို ဌာနအသီးသီးကဝန်ကြီးတွေ ၊ဒုဝန်ကြီးတွေနဲ့…
Read More