ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးတိုက်ခိုက် ဖျက်စီး၊ ထိပ်တန်းဗိုလ်ချုပ်အပါအဝင် ခုနှစ်ယောက်သေဆုံး

ဒမတ်စကတ်၊ ဧပြီ-၂-၂၀၂၄
မျိုးဆက်(VOM)

ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း ဆီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကြောင့် အီရန်တပ်ဖွဲ့ဝင် ခုနှစ်ယောက်သေဆုံးသွားပြီး အဆောက်အအုံ ပျက်စီးသွားကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းဗိုလ်ချုပ်ဖြစ်သူ မိုဟာမက်ဇာဟီဒီနဲ့ လက်ထောက်ဖြစ်သူတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆီးရီးယားရှိ အီရန်နဲ့ ဆက်နွယ်နေတဲ့ ပစ်မှတ်တွေကို တိုက်ခို်ကမှုရာနဲ့ချီပြုလုပ်ခဲ့ပေမယ့် တို်ကခို်ကမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။

အစ္စရေးသည် လက်ဘနွန်ရှိ ဟဇ်ဘိုလာနဲ့ ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွတွေရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာစစ်ပွဲစတင်ကတည်းက တိုက်ခို်ကမှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။

Ref:BBC
Photo:CNN

Related posts

Leave a Comment

VOM News

FREE
VIEW