ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်



ဆိုးလ်၊ မေ-၈-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်၊ တရုတ်နဲ့တောင်ကိုရီးယားတို့ရဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို ယခုလနှောင်းပိုင်းမှာ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဒါဟာ လေးနှစ်ခွဲနီးပါးကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို တတ်နိင်သမျှအမြန်ဆုံး ကျင်းပရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယားမှာ နိုဝင်ဘာလအတွင်းကပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုအတွင်း သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့တာဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ၊ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုလ်တို့ဟာ ဆိုးလ်မှာ တွေ့ဆုံကြမယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ အာရှမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံချင်း အပြန်အလှန်ကူးလက်ဆက်ဆံရေးဆိုင်ရာ သဘောတူညီချက်တရပ် ရရှိရန် ကြိုးပမ်းနေပြီး ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် တရုတ်ဝန်ကြီးချုပ်၊ တောင်ကိုရီးယားသမ္မတတို့နဲ့ သီးခြားစီတွေ့ဆုံရန်လည်း စီစဉ်ထားသည်။

အစည်းအဝေးမှာ ဒေသတွင်းကိစ္စတွေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ၊ ဒုံးကျည်အစီအစဉ်တွေအပြင် မြောက်ကိုရီးယားက ပြန်ပေးဆွဲသွားတဲ့ ဂျပန်နိုင်ငံသားတွေကိစ္စလည်းပါဝင်ဖွယ်ရှိပါတယ်။ ယခင်သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကိုတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ ကျင်းပခဲ့ပြီး ယခင်ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပါတယ်။

Ref:NHK
Photo:Mainichi

Related posts

Leave a Comment

VOM News

FREE
VIEW