သီပေါက ရွှေဆိုင်တစ်ဆိုင် ရွှေသုံးပိဿာ နဲ့ ငွေ သိန်း ၁၀၀ ဓားပြတိုက်ခိုက်ခံရ



မေ ၁၃၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ်မြို့၊ ပန်းတိမ် မြောက်ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင်မှာ မေလ ၁၂ ရက်နေ့လယ်ပိုင်းက ရွှေ သုံးပိဿာ နဲ့ ငွေ ၁၀၀ ဓားပြတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သီပေါ ရွှေချိန်ခွင် ရွှေဆိုင် သေနတ်နဲ့ ဓါးပြတိုက်ခံရတယ်။ မနေ့ နေ့လယ် ၁၁ နာရီလောက်က။” လို့ သီပေါ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မိန်းကလေး တယောက် အပါအဝင် လူလေးယောက်က ကား အဖြူရောင်နဲ့ လာပြီး သေနတ်နဲ့ ခြိမ်းခြောက် ဓားပြ တိုက်သွားတာလို့ သူက ပြောပါတယ်။

“လိုင်းပေါ်တင်ရင် သတ်မယ်လို့ ပြောသွားသေးတယ်တဲ့။ ရွှေ သုံး ပိဿာနဲ့ ငွေသား သိန်း ၁၀၀ ပါသွားတယ်။” လို့ သူက ‌ထပ်ပြောပြပါတယ်။

အရင် တနေ့ကလည်း သီပေါမှာ ကြက်သားနဲ့ ငါး ရောင်းတဲ့ဆိုင်မှာ ငါးလာဝယ်တဲ့ ဈေးဝယ် တယောက် ငါးမယူသွားပဲ ဈေးခုံအောက် ခြင်းထဲက ပိုက်ဆံ ၁၀ သိန်းကျော် ခိုးခံရတာရှိပြီး သီပေါမြို့ထဲမှာ ဆိုင်ကယ်တွေလည်း မကြာခဏ ခိုးခံ နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့မှာလည်း ရန်ကုန်းတိုင်း ၊ တာမွေမြို့ ၊ မေတ္တာညွှန့်ရပ်ကွက် ၊ ပုညဝတီလမ်းက TK ရွှေဆိုင်မှာ ရွှေထည် အချို့နဲ့ ငွေသား သိန်း ၆၀၀ ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း သီပေါမြို့မဈေး တောင်ဘက်ရှိ ရီရှင်း ရွှေဆိုင်မှာ ရွှေ ၆ ပိဿာခန့် တစ်ကြိမ်၊ ၂၀၂၁ ဖေဖော်ရီလ ၂၁ ရက်နေ့က ရွှေ ၁ ပိဿာခန့် တစ်ကြိမ် ေသနတ်နဲ့ ခြိမ်းခြောက်ဓားပြ တိုက်ခံရဖူးပါတယ်။

Photo Crd# Wiki

Related posts

Leave a Comment

VOM News

FREE
VIEW