တရုတ်နယ်စပ်က အထောက်အထား သိမ်းခံရတဲ့ မြန်မာလုပ်သားအများစု ဘယ်ရဲစခန်းက သိမ်းသွားတာ မသိလို့ အခက်ကြုံနေ



မေ ၁၅၊ ၂၀၂၄
Shy V(VOM)

မြန်မာ – တရုတ် နယ်စပ်က အထောက်အထား သိမ်းဆည်းခံရတဲ့ မြန်မာလုပ်သားအများစု ဘယ်ရဲစခန်းက သိမ်းသွားတာ မသိလို့ အခက်ကြုံနေကြကြောင်း နယ်စပ် ဒေသခံတွေ ဆီက သိရပါတယ်။

“အခုက အထောက်အထား သိမ်းသွားတယ် ဘယ်ရဲ စခန်းကသိမ်းသွား မှန်းလည်းမသိဘူး။ ဘာမှန်းလည်း မသိဘူး။ အူကြောင်ကြားနဲ့ ဖြစ်လာမှပဲ ။ ပြန်ပြောတော့ သွားမေးတော့ ဘယ်ရဲ သိမ်းတာလဲ သွားမေးတဲ့ အခါ အော်လွှတ်၊ ဆဲလွှတ်။ ဖမ်းပို့။ မူဆယ် ရောက်တဲ့ အခါ မှတ်ပုံတင်က မပါ။ တအား ဒုက္ခရောက်ကြတယ်။” လို့ မြန်မာနိုင်ငံသားတွေကို ကူညီပေးနေသူ တယောက်က ပြောပါတယ်။

အထောက်အထား သိမ်းခံတဲ့ သူတွေ အနေနဲ့ ကိုယ့်ရဲ့ အထောက်အထား သိမ်းသွားတဲ့ ရဲနာမည်၊ ရဲစခန်း တွေကို ကြောက်စရာ မလိုပဲ မေးယူဖို့ အေရးကြီးတယ်လို့ သူက ပြောပါတယ်။

“အယောက် ၁၀၀ လောက် မှာ ၄၀ လောက်က ဖြစ်နေတာ။ သိမ်းသွားတဲ့ ရဲစခန်းလည်း မသိ၊ နာမည်လည်း မမေးထားမိကြဘူး။ ရုတ်တရက် လာသိမ်းရင် မှတ်ပုံတင်ပါ ပေးလိုက်ရော။ တချို့ကလည်း စကားမတတ်လို့လေ။ တချို့ကျဝောာ့မပြောတတ်လည်း ပြောတတ်တဲ့ လူတွေဆီ အကူအညီ တောင်းဖို့ သတိရတယ်။ ကျွန်မ ဆိုရင် တရုတ် စကားတတ်လည်း ဘာမှ မေးယူဖို့ သတိရမှာ မဟုတ်ဘူး။ မေးရင် အော်ခံရမှာ ကြောက်တယ်လေ” လို့ မြန်မာ လုပ်သား တယောက်က ပြောပါတယ်။

တရုတ်ဘက် အထောက်အထား သိမ်းတာ ရှိသလို လူပါ ဖမ်းသွားပြီး မြန်မာဘက် ပြန်ပို့ကြောင်း၊ ပြန်ပို့တဲ့ အခါ မျက်လုံး Scan ဖတ်လိုက်ရင် ဘယ်ကနေ ဝင်လာတယ် ဆိုတာ သိနိုင်ပြီး ခိုးပေါက်က ဝင်လာတဲ့ လူတွေကို ခိုးပေါက်ဘက်ပဲ ပြန်ပို့တာရှိကြောင်း၊ တနေရာနဲ့ တနေရာတော့ အခြေအနေမတူကြောင်း သူက ရှင်းပြပါတယ်။

“ကိုယ်ဖမ်းခံရတဲ့ နေရာ‌၊ အထောက်အထားသိမ်းခံရတဲ့ နေရာကို သိရမယ်။ အဲဒါ သိရင် မြန်မာနိုင်ငံသားတွေကို အကူအညီပေးတဲ့ အဖွဲ့ဆီ အကူအညီတောင်းလို့ရတယ်။ အကူအညီ ပေးတဲ့ အဖွဲ့က လိပ်စာ သိရင် ဘယ်ရဲစခန်း အပိုင်လဲ ဆိုတာသိတယ်” လို့ ရွှေလီက မြန်မာနိုင်ငံသားတွေကို ကူညီပေးနေသူ တယောက်ကလည်း ရှင်းပြပါတယ်။

တရက် တရက်ကို ဖမ်းဆီး၊ အထောက်အထား သိမ်းခံရတဲ့ မြန်မာ နိုင်ငံသားတွေ ရာချီ ရှိနေပြီး နေရာတိုင်း ရပ်ကွက်တိုင်းမှာ စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတယိလို သူက ပြောပါတယ်။

ဖမ်းဆီး ပြန်ပို့ခံရနေပေမယ့် တချို့တွေက ယာယီ နယ်စပ် ဖြတ်သန်းခွင့် ကတ်နဲ့ ထပ်ဝင်လာနေတာတွေရှိကာ ငွေကုန် လူပန်း ဖြစ်နေတာတွေလည်း တွေ့နေရတယ်လို့ မယ်စပ်ဒေသခံတွေက ပြောပါတယ်။

အခု မေလကစ တရုတ်ဘက် ဝင်ရောက်အလုပ်လုပ်နေပြီး ‌အ‌ထောက်အထား မစုံသူတွေ၊ နေထိုင်ခွင့် သက်တမ်းလွန်နေတဲ့ မြန်မာ လုပ်သားတွေကို တရုတ်ဘက်က နေ့တိုင်း ရာချီ ပြန်ပို့နေတာ ဖြစ်ပါတယ်။

Photo Crd#တရုတ် TikTok

Related posts

Leave a Comment

VOM News

FREE
VIEW