ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူအမျိုးသမီး အစာအငတ်ခံဆန္ဒပြရင်း သေဆုံး



ဘန်ကောက်၊ မေ-၁၅-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းဘုရင်စနစ်ကို စော်ကားတယ်လို့ စွပ်စွဲခံထားရတဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးဟာ လအတန်ကြာ အစာအငတ်ခံဆန္ဒပြပြီးနောက် သေဆုံးသွားပါတယ်။

နီတာပွန်ဘန်ဆာနီဆန်ခွန်ဟာ ရုတ်တရက် နှလုံးရပ်တန့်ပြီးနောက် သေဆုံးသွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုတဲ့ လူငယ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် သူမဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

သူ့ဟာ ဘုရင်စနစ်ကိုစော်ကားမှုနှစ်ခုအပါအဝင် သီးခြားစွဲချက်ခုနှစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အစာအငတ်ခံဆန္ဒပြခဲ့ပြီး ဖေဖော်ဝါရီနှောင်းပိုင်းမှာ တကြိမ်သာ ရေသောက်ခဲ့ပြီး ဧပြီလမှ အစားအချို့ကို လက်ခံခဲ့ပါတယ်။

ဆာနီဆန်ခွန်ဟာ ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ပြောဆိုမှုတွေကို အရေးယူတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တော်ဝင်မိသားစု စော်ကားမှုဥပဒေအပါအဝင် ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ တော်ဝင်မိသားစုနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဥပဒေတွေရှိနေပါတယ်။ လူ့အခွင့်အရေး ရှေ့နေတွေရဲ့အဆိုအရ ၂၀၂၀ ခုနှစ်ကစပြီး တော်ဝင်ဥပဒေနဲ့ စွဲချက်တင်ခံရသူပေါင်း ၂၆၀ ကျော်ရှိနေပြီး ယခုနှစ်အစောပိုင်းကလည်း အမျိုးသားတယောက်ကို ဒီဥပဒေနဲ့ ထောင်နှစ် ၅၀ ထိချမှတ်ခဲ့ပါသေးတယ်။

Ref:BBC
Photo:Family Handout

Related posts

✕
VOM News

FREE
VIEW