မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI ပူးပေါင်း

မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI Nippon Life Insurance Company (GGINL) တို့ ပြည်သူ့အနာ ဂတ်ဘဝ ကာကွယ်စောင့်ရှောက်နိုင်ရန် ပြီးပြည့်စုံသော အသက်အာမခံဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်မည်

မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI Nippon Life Insurance Company (GGINL) တို့ မြန်မာနိုင်ငံတွင်းရှိ မိဘပြည်သူများ၏ အနာဂတ်ဘဝအားကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြီးပြည့်စုံသော အသက်အာမခံ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာမခံဝန်ဆောင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် Bancassurance မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

 

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော GGINL ၏အာမခံဝန်ဆောင်မှုများကို မေလ (၁) ရက်မှ စတင်၍ MTB ဘဏ်ခွဲ (၁၇) ခုလုံးတွင် ရရှိနိုင်မည် ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင် စိတ်အေးချမ်းသာ စွာစီမံ ဆောင်ရွက်နိုင်ခြင်း၊ ၎င်းတို့၏ချစ်ရသူများအား ကာကွယ်စောင့်ရှောက်နိုင်ခြင်းတို့အပြင် ၎င်းတို့ကလေး များ ၏အနာဂတ်ပညာရေးအတွက်လည်း စိတ်ပူပန်စရာမလိုဘဲ ကြိုတင်စီစဉ်ထားနိုင်မည်ဖြစ်ကြောင်း သိရ သည်။ MTB Bank မှ Bancasurrance Partnership အဖြစ် ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ၊ လုပ်သားပြည်သူ အသက်အာမခံ စသည်ဖြင့် “အသက်အာမခံ” အမျိုးအစားများစွာကို ဝန်ဆောင်မှုပေးလျက်ရှိသောမြန်မာနိုင်ငံ၏ ထိပ်တန်းအာမခံလုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည့် “GGI Nippon Life” ဖြင့် လက်တွဲ၊ ပူးပေါင်းဆောင် ရွက်ကာ မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ကမ္ဘာ့အဆင့်မီအာမခံဝန်ဆောင်မှုများပေးအပ်သွားရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခုရဲ့အားသာချက်များကို ပေါင်းစည်းပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မိသားစု တွေကို မှန်ကန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များချနိုင်စေဖို့၊ မိဘပြည်သူတို့ရဲ့ ချစ်ရသူတွေကို ကာကွယ် နိုင်စေဖို့၊ အနာဂတ်ဘဝတွေ လုံခြုံစိတ်ချရစေဖို့နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မိသားစုများကို ခွန်အားပေး နိုင်စေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ခွင့်ရတာဟာ ကျွန်တော်တို့ရဲ့ Customer တွေအတွက် အာမခံဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေဖို့ ပံ့ပိုးကူညီမှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း အာမခံဝန်ဆောင်မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ပူးပေါင်းဆောင် ရွက်တာလည်းဖြစ်ပါတယ်” ဟု မြန်မာ့ခရီးသွားဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင် က ပြောသည်။

MTB နှင့် GGINL တို့ လုပ်ငန်းမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေး ဝန်ဆောင်မှုများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အဖွဲ့အစည်းနှစ်ခုလုံးမှ ပူးပေါင်း မြှင့်တင်ရန် ရည်ရွယ်ပြီး နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများဖြင့် MTB နှင့် GGINL တို့သည် သုံးစွဲသူ Customer များအတွက် လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များစီမံဆောင်ရွက်ခြင်းဖြင့် အာမခံဝန်ဆောင်မှုများကို အသုံးပြုမည့် မိဘပြည်သူများအတွက် ပိုမိုအဆင်ပြေ၊ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ မိဘပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ကမ္ဘာ့အဆင့်မီ အာမခံဝန် ဆောင်မှုများကို ပေးအပ်နိုင်စေဖို့နဲ့ အာမခံလုပ်ငန်းတွေ အခုထက်ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့လည်း ရည်မှန်း ထားပါတယ်။

GGINL ရဲ့ အမျိုးအစားစုံလင်ပြီး အဆင့်မြင့်တဲ့ အသက်အာမခံဆိုင်ရာ ဝန်ဆောင်မှုတွေကို MTB ဘဏ်ရဲ့ခိုင်မာ၊ ကျယ်ပြန့်တဲ့ဘဏ်လုပ်ငန်းကဏ္ဍနဲ့ ပေါင်းစည်းခြင်းဟာ မိဘပြည်သူများအတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် အာမခံဝန်ဆောင်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်း တိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု GGI Nippon Life Insurance ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးချမ်းမြက ပြောသည်။

မြန်မာ့ခရီးသွားဘဏ် (MTB) သည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက် ဆန်းသစ်သော ဘဏ်လုပ်ငန်း ဆိုင်ရာဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုများပေးဆောင်ရန် ရည်ရွယ်ထားသည့် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး ဘဏ်များအနက်မှ တစ်ခုဖြစ်သည်။

MTB Bank အနေဖြင့် ၂၀၁၉ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာ၊ မူဆယ်၊ တောင်ကြီး၊ မြဝတီ စသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဘဏ်ခွဲပေါင်း (၁၇) ခုအထိ တိုးချဲ့ ဖွင့်လှစ်ထားပြီး ခေတ်မီအဆင့်မြင့်သော Digital နည်းပညာများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စအဝဝ များတွင် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးနိုင်စေရန် အစဉ်အမြဲ ကြိုးစားလျက်ရှိကြောင်း၊ MTB ဘဏ်၏ ကျယ်ပြန့်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ စီးပွားရေးလုပ် ငန်းများနှင့် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

GGI Nippon Life Insurance (GGINL) သည် မြန်မာနိုင်ငံရှိ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ငွေ ကြေး ဆိုင်ရာ ကိစ္စရပ်များတွင် လုံခြုံစိတ်ချရစေရန် အာမခံထားသည့် ဂုဏ်သိက္ခာကြီးမား၍ ကျော်ကြားသော “အသက်အာမခံကုမ္ပဏီ” တစ်ခုဖြစ်ကာ မြန်မာနိုင်ငံသား တစ်ဦးချင်းစီနှင့် မိသားစုများ၏ မတူညီသော လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အာမခံဝန်ဆောင်မှုအမျိုးမျိုးကို ပေးဆောင်လျက်ရှိကြောင်း သိရ သည်။

Related posts

Leave a Comment

VOM News

FREE
VIEW